Wednesday, November 24, 2010

Wednesday, October 6, 2010

ခြင်ချော်လဲ မောင်ကောမန့်

ခါးကြီးလို့ ရင်ချီ၊ ဖင်ရှူးလို့ ခြေတုတ်

လူမတူ ကိုစတုရန်းရယ်၊

နေရာတကာ မတော်မန့်လ့ိုအန်ချင်လှတယ်။

အမေပေးမျက်နှာကို ချောင်ထိုးလို့

ပထွေးကို အဖေလုပ်

ရှက်တတ်ရင် အသက်ပင်ကုန်ချင်လှ

သာချိုရယ်

နင့်ဓါတ်ပုံ ဖေ့စဘုတ်တင်နိုင်မှ

ပေးဦး ကော့မန့်။

ပွလေး (၆၊၉၊၂၀၁၀)

Facebook မှာ မြင်နေရတဲ့ Comments တွေကိုတွေ့လို့ စပ်မိတဲ့ ကဗျာလေ ၁ပုဒ်ပါ။

Tuesday, October 5, 2010

ကြိုးမဲ့အားသွင်းစက်

iPhone Charging Kit from Energizer (Photo: Energizer)
ဂျပန်နိုင်ငံရဲ့ အကြီးဆုံး တယ်လီဖုန်းကုမ္ပဏီဖြစ်တဲ့ NTT DoCoMo က ကြိုးမပါပဲ အားသွင်းနိုင်မယ့် ဖုန်းကို ပြသခဲ့ပါတယ်။ “Qi” (ချိ လို့အသံထွက်ပါတယ်) လို့ခေါ်တဲ့ Wireless Power Standard အသစ်ပေါ်မှာ အခြေခံထားတာပါ။ ဒီနည်းပညာသစ်ကို အခြေခံထားတဲ့ ကြိုးမဲ့ ဖုန်းအားသွင်းစက်တွေနဲ့ ဖုန်းအား သွင်းတဲ့ Cable နဲ့ Adaptors တွေကို အစားထိုးသွားနိုင်မယ်လို့ ပြောပါတယ်။


ဒီ Qi စနစ်နဲ့ စွမ်းအင်ကို ရွေ့ပြောင်းရာမှာ ညိှ့ယူခြင်း (Induction ) သဘောတရားကိုအခြေခံပါတယ်။ Charging Pad မှာ Power ထုတ်လွှတ်မယ့် Energized Coil ကို မြှပ်ထားပါတယ်။ နောက် အသုံးပြုမယ့် ပစ္စည်း (ဖုန်း) ထဲမှာလည်း Coil တခုမြှပ်ထားမှာပါ။ အဲဒီနောက် ဒီ Coil နှစ်ခုကြားမှာ Induction နဲ့ Charging လုပ်တာပါပဲ။ ဒီ Coil နှစ်ခုကိုတော့ နှစ်ဘက်တည့်အောင် တင်ထားဖို့တော့လိုပါတယ်။ ဒီလို နှစ်ဘက်တည့်ဖို့အတွက်တော့ Charging Pad မှာတပ်ဆင်ထားတဲ့ Coil ဟာ သူအပေါ်မှာ တင်ထားတဲ့ ပစ္စည်းရဲ့ Coli နဲ့ တည့် အောင် အလိုအလျှောက်ချိန်ညိှသွားမယ်လို့ဆိုပါတယ်။ တကယ်လို့ ပစ္စည်းနှစ်ခုတင်ထားခဲ့ရင်တော့ Coil ဟာ ပထမ ပစ္စည်းရဲ့ Coil နဲ့ အရင် တည့်အောင်ချိန်ပြီး အားသွင်းမှာပါ။ ပြီးမှ ဒုတိယ ပစ္စည်းနဲ့တည့်အောင်ချိန်ပြီး ဒုတိယ ပစ္စည်းကို အားဆက်သွင်းမှာပါ။

NTT DoCoMo က ကြိုးမဲ့အားသွင်းနိုင်တဲ့ ဖုန်းအပြင် နောက်ထပ် ပစ္စည်းနှစ်မျိုးကိုလည်း ပြသခဲ့ပါတယ်။ ၁ခုကတော့ ကြိုးမဲ့အားသွင်းနိုင်မယ့် ဖုန်း ဘက်ထရီပါ။ ဒီ ဘက်ထရီထဲမှာ Coil မြှပ်ထားပြီး Charging Pad ပေါ်မှာတင်ပြီး အားသွင်းနိုင်ပါတယ်။ ဒီဘက်ထရီကိုတော့ လက်ရှိအသုံးပြုနေတဲ့ ဖုန်းတွေအတွက်ရည်ရွယ်ပါတယ်တဲ့။ နောက်တခုကတော့ Coil မြှပ်ထားတဲ့ Portable Back-up Battery Pack ပါ။ အားသွင်းတဲ့အချိန်ကတော့ သာမာန် ဘက်ထရီအားသွင်းစက်တွေနဲ့ အတူတူပဲလို့ဆိုပါတယ်။ ဒီစက်တွေက Prototypes တြွေဖစ်တဲ့အလျောက် စျေးကွက်မှာ ဖြန့်ချီဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ဆိုပါတယ်။ NTT DoCoMo ရဲ့ Representative ကတော့ စျေးကွက်ကိုဖြန့်ချီဖို့ မကြာတော့ဘူးလို့ဆိုပါတယ်။

ဒီနည်းပညာကို Convenient Power၊ Fulton Innovation၊ Nokia၊ Philips၊ Sanyo စတဲ့ ကုမ္ပဏီတွေစုပေါင်းထားတဲ့ Wireless Power Consortium အဖွဲ့ကနေ တီထွင်ခဲ့တာပါ။ ဒီ Prototype တွေကိုတော့ WPC Member ဖြစ်တဲ့ Sanyo ကုမ္ပဏီက ထုတ်လုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီ WPC ကို ၂၀၀၈ ခုနှစ်နှောင်းပိုင်းမှာဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။

Energizer ကတော့ iPhone နဲ့ Blackberry လို Smart Phones တွေအတွက် Charging Pad နဲ့ Qi Adaptor Jackets တွေကို ထုတ်လုပ်ထားပြီး မကြာခင်မှာ စျေးကွက်မှာဖြန့်ချိတော့မယ်လို့ဆိုပါတယ်။ ဖုန်းကို Qi Adaptor Jackets လေးစွပ်ပြီး Charging Pad ပေါ်မှာတင်ထားလိုက်ယုံပါပဲ။ Instat ကပြုလုပ်ခဲ့တဲ့ စျေးကွက် သုတေသန တစ်ခုအရ အသုံးပြုသူတွေရဲ့ ၄၄%ဟာ လက်ရှိအားသွင်းစက်တွေပေါ်မှာ စိတ်ကုန်နေပြီး ၄၀%ကတော့ ဒီလို ကြိုးမဲ့ အားသွင်းစက်တွေအတွက် ဒေါ်လာ ၅၀ လောက် အကုန်ခံဖို့ လက်မနှေးဘူးလို့ဆိုပါတယ်။

အခုလက်ရှိ Prototype တွေက ၅ဝပ်လောက်ပဲ အသုံးပြုနိုင်ပါသေးတယ်။ WPC ရဲ့ ဥက္ကဌ ဖြစ်တဲ့ Camille Tang ကတော့ ၅၀ဝပ်ကနေ ၁၂၀ဝပ်ထိ အသုံးပြုနိုင်မယ့် စက်တွေကို ထုတ်လုပ်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ကြိုးမဲ့ဖုန်းကို ကြာရှည်အသုံးပြုရင် ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ သုတေသီတွေကတော့ ဒီစက်နဲ့ ကင်ဆာ ဘယ်လိုဆက်စပ်တယ်ဆိုတာကို ရှာဖွေလောက်ပါပြီ။ ကျွန်တော်ကတော့ ဒီကြိုးမဲ့ အားသွင်းစက်တွေ အနားထိုင်နေရင် ကြိုးမဲ့ဓါတ်လိုက်မလားလို့ စိုးရိမ်မိပါတယ်။


Nyan Lin

Ref:
1. WPC
2.Energizer
3. DoCoMo Shows Wireless Cell Phone Power Recharging

Integration of Facebook & Skype

Facebook on Skype

 Facebook နဲ့ Skype တို့ဟာ မကြာခင်မှာ ပူပေါင်းတော့မယ့် အကြောင်းကို All Thing Digital က ထုတ်ဖော်လိုက်ပါတယ်။


သာမန် အသေးစားလုပ်ငန်းလေးတွေ ပူးပေါင်းသွားတာမျိုးကို မကြာခဏ မြင်တွေ့ရပေမယ့် ဒီလို Social Network ဘုရင် Facebook နဲ့ အောင်မြင်နေတဲ့ Skype တို့ပူပေါင်းတာကတော့ ထူးခြားတဲ့ ပုူပေါင်းမူတခုလို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် Social Networking ဘုရင် ဟာ သူရဲ့ အသုံးပြုသူတွေကို ဖုန်းခေါ်လို့ရအောင် SMS တွေပို့လို့ရအောင်၊ Facebook Chatting ထက်ပိုကောင်းတဲ့ Chatting Environment တစ်ခုကိုပေးဖို့ရည်ရွယ်တယ် ဆိုလည်းမမှားပါဘူး။

ပေါက်ကြားလာတဲ့ Screenshot အရ Facebook အသုံးပြုသူတွေဟာ အချင်းချင်း Video Chat ပါအသုံးပြုနိုင်လိမ့်မယ်လို့ဆိုပါတယ်။ ဒီလိုပေါက်ကြားမူက Facebook ဟာ Facebook Phone ထုတ်လုပ်ဖို့အတွက် ပြင်ဆင်နေတယ်ဆိုတဲ့ ကောလဟာလ ထွက်ပေါ်လာတာနဲ့ ၁ ပတ်ပဲခြားပါတယ်။ ကောလဟာလ လို့သာပြောတယ် တချို့ကောလဟာလ တွေကပစ္စည်းတွေကို အသေးစိတ်ဖော်ပြပြီး မှန်ကန်ခဲ့ကြပါတယ်။

Skype ဟာ User တွေကို Voice နဲ့ Video Call တွေခေါ်ပြီး Chatting လုပ်ရတဲ့ Application တစ်ခုပါ။ Skype to Skype Call တွေကို ကွန်ပြုတာပေါ်မှာပဲဖြစ်ဖြစ်၊ iPad နဲ့ iPod ပေါ်မှာ ပဲဖြစ်ဖြစ် အခမဲ့ခေါ်လို့ရပါတယ်။ Skype to Phone Call တွေကိုတော့ ချိုသာတယ်လို့ပြောလို့ရပါတယ် ဝန်ဆောင်ခယူပါတယ်။ Skype မှာ မှတ်ပုံတင်ထားတဲ့ အသုံးပြုသူပေါင်း သန်းပေါင်း ၅၆၀ ရှိပါတယ်။ ၁၂၄ သန်းသော အသုံးပြုသူတွေဟာ Skype ကို တစ်လမှာ အနည်းဆုံး တစ်ကြိမ် အသုံးပြုတယ်လို့ ဆိုပါတယ်။ ဒီဂဏန်းတွေနဲ့ Facebook ရဲ့ အသုံးပြုသူပေါင်း သန်း ၅၀၀ နဲ့ပေါင်းလိုက်ရင်…ဝိုးးး …တကယ်ကြီးမားတဲ့စျေးကွက်တစ်ခုပါပဲ။

ဒီပူးပေါင်းမူကနေ Facebook ရော Skype ကပါ အကျိုးအမြတ်တွေရဖို့မျှော်လင့်ထားကြမှာပါ။ Facebook အနေနဲ့ Voice Call နဲ့ Video Call တွေခေါ်ဆိုခွင့်ပေးနိုင်တာအပြင် Facebook ကို နိုင်ငံတကာ ဘာသာစကားတွေနဲ့ အသုံးပြုလို့ရစေမှာပါ။ Skype အနေနဲ့ Facebook အသုံးပြုသူတွေ သူ့ရဲ့ VOIP Service ကို အသုံးပြုလာဖို့ မျှော်လင့်နိုင်ပါတယ်။

အသုံးပြုသူပေါင်း သန်း ၅၀၀ ရှိလို့ Facebook နိုင်ငံတော်လို့ သမ္မတ အိုဘားမားက တင်စားခဲ့ရတဲ့ Facebook အနေနဲ့ ကွန်ပြူတာဖန်သားပြင်ပေါ်ကနေ ဖုန်းမျက်နှာပြင်ပေါ်ထိ ခရီးဆန့်ခဲ့ပြီးနောက် Skype နဲ့ပူးပေါင်းပြီး Feature အသစ်တွေထပ်ထည့်လိုက်တာဟာ Facebook နိုင်ငံသားတွေတိုးပွားလာဖို့အတွက် ကြိုးစားမူတစ်ခု ဆိုလည်းမမှားပါဘူး။

ဒီနေ့ကျွန်တော်တို့ဟာ Smart Phone တွေပေါ်ကနေ Facebook ရဲ့ Notifications တွေကို Push Notifications တွေအနေနဲ့ လက်ခံနိုင်ပါတယ်။ Facebook နဲ့ Skype တို့ ပူးပေါင်းသွားခဲ့ရင် Push Notification သာမကပဲ Phone Call ပါလက်ခံလာနိုင်လိမ့်မယ်လို့ထင်ပါတယ်။ Facebook ကို Skype Application ပေါ်မှာ အသုံးပြုဖို့ကတော့ လာမယ့် Skype 5.၀ မှာစပြီး အသုံးပြုနိုင်လိမ်ပမယ်လို့ မျှော်လင့်ရပါတယ်။ Skype 5.၀ တော့ လောလောဆယ်မှာ စမ်းသပ်ဆဲအဆင့်ပဲရှိပါသေးတယ်။ စမ်းသုံးကြည့်မယ်ဆိုရင်တော့ ဒီနေရာDownload လုပ်လို့ရပါတယ်။


Skype 5.0 (Beta)
Nyan Lin

Laptop နဲ့ Tan လုပ်မလား?

 ဖြူတူတူ ဖျော့ဖျော့တော့တော့ အသားအရေပိုင်ရှင်တွေ၊ နေရောင်မရတဲ့ နိုင်ငံသားတွေက နေစာလှုံ ပြီး အသားလေးညိုသွားတာကို ကြိုက်နှစ်သက်ကြပါတယ်။ နေရောင် မရတဲ့ အချိန်မှာ Sexy ကျကျ အသားလေးညိုသွားအောင် Indoor Tanning လုပ်တာတွေလည်းပေါ်လာပါတယ်။ ကွန်ပြုတာအသုံးများတဲ့ နေစာလှုံသူတြွေကားမှာ ဟာသတခုရှိပါတယ်။ Indoor Tanning လုပ်စရာမလိုဘူး။ Laptap နဲ့ Tanning လုပ်ပြီး အသားလေးညိုအောင်လုပ်လို့ရတယ် တဲ့။

Laptop ဘယ်လောက်ပူတယ်ဆိုတာကို သတိထားမိတဲ့ သူတွေအတွက်တော့ ပြုံးစရာပါ။ ဆွီဒင်နိုင်ငံက သုတေသီတွေကတော့ ဒီဟာသနဲ့ ပတ်သက်ပြီး မပြုံးနိုင်ကြပါဘူး။ Laptop ကိုပေါင်ပေါ်မှာ တင်သုံးတယ်ဆိုရင် အသားမှာ အရောင်မတူတဲ့ ပြောက်ကြားကွက်တွေပေါ်လာနိုင်တယ်လို့ သူတို့က ဆိုပါတယ်။ ဒီကနေ Toasted Skin Syndrome လို့အမည်ပေးထားတဲ့ အရေပြားပေါ်မှာ မီးလောင်ကွက်တွေလို အမာရွတ်တွေပေါ်လာတဲ့ အရေပြားရောဂါတစ်မျိုးရနိုင်တယ်လို့ ဆိုပါတယ်။

ဒီလို Laptop နဲ့ Toasted Skin Syndrome နဲ့ ဆက်စပ်နေတဲ့အကြောင်းကို ဆေးပညာဂျာနယ်တစ်ခုဖြစ်တဲ့ Pediatrics ကလည်းဖော်ပြခဲ့ပါတယ်။ ၁၂ နှစ်အရွယ်ကလေးတယောက်က သူရဲ့ ဘယ်ဘက်ပေါင်မှာ အရောင်မမှန်တဲ့ အကွက်တွေပေါ်လာတဲ့ အတွက်ဆေးခန်းကိုရောက်လာတာပါတဲ့။ သူလုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်တွေကို မေးမြန်းကြည့်တဲ့အခါမှာ နေ့စဉ်နေ့တိုင်း Laptop ကိုပေါင်ပေါ်မှာတင်ပြီး နာရီအနည်းငယ်ကြာအောင် ဂိမ်းကစားလေ့ရှိပါတယ်တဲ့။ ဒီလိုနည်းနဲ့ ဆော့လာလိုက်တာ ရလ အကြာမှာ သူရဲ့ ဘယ်ဘက်ပေါင်မှာ အရောင်မမှန်တဲ့ အပြောက်ကြားကွက်တွေပေါ်လာတာကို သတိထားမိတယ်လို့ဆိုပါတယ်။ နောက်ထပ်ဖော်ပြထားတဲ့ လူနာတစ်ယောက်ကတော့ အမေရိကန် ဗာဂျီးယား က ဥပဒေကျောင်းသူတယောက်ပါ။ အနာဂတ်ရဲ့ ရှေ့နေလေးက သူရဲ့ပေါင်မှာ အရောင်မတူတဲ့ ပြောက်ကျားကွက်တွေကြောင့် အရှေ့ဗာဂျီးနီးယား ဆေးကျောင်း (Eastern Virginia Medical School) ကို ရောက်လာပါတယ်။ သူမကတော့ တနေ့ကို ခြောက်နာရီကြာအောင် Laptop ကိုပေါင်ပေါ်မှာတင်ပြီး အလုပ်လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီလို အသုံးပြုပုံမျိုးနဲ့ ဆိုရင်တော့ Laptop ဟာ ၁၂၅ ဒီကရီ ဖာရင်ဟိုက်လောက် အထိရောက်လာနိုင်ပါတယ်။

သုတေသီ Dr. Andrea Arnold နဲ့ Dr. Peter Ltin တို့ကတော့ Laptop တွေက အသုံးပြုသူတွေကို ချက်ချင်း အန္ဒရယ် မဖြစ်စေနိုင်ပေမယ့် ကင်ဆာရောဂါကို ဦးတည်မယ့် အရေပြားထိခိုက်တာမျိူးဖြစ်စေနိုင်တယ် လို့ ပြောကြားခဲ့ပါတယ်။

နောက် Laptop ကို ပေါင်ပေါ်မှာတင်သုံးလို့ အန္ဒရယ် ဖြစ်စေနိုင်တဲ့ အကြောင်းကို ဖော်ပြခဲ့တာ Daily Mail မှာပါ။ Dr. Yefim Sheynkin က New York State University မှာ ပြုလုပ်ခဲ့တဲ့ သုတေသနပါ။ ယောက်ကျားလေးတွေဟာ Laptop ကို ပေါင်ပေါ်မှာတင်သုံးတဲ့ အတွက်ကြောင့် ယောက်ကျား သုတ်ရေဟာ ၃ ဒီဂရီ စင်တီဂရိတ် ထိမြင့်တက်လာနိုင်တယ်ဆိုတဲ့ အကြောင်းပါ။ ဒီလို အပူချိန်မြင့်တက်မှုဟာ မျိုးဆက်ပြန့်ပွားမူကို ထိခိုက်စေပြီး ပြန်ပြင် လို့ မရတဲ့ ဆုံးရံူးမူမျိုးကို ဖြစ်စေနိုင်တယ် လို့ သူက သတိပေးခဲ့ပါတယ်။

Nyan Lin

Monday, October 4, 2010

Android Spygate

Android App ထုတ်လုပ်သူတွေဟာ iOS App ထုတ်လုပ်သူတွေထက်စာရင် Open Source တို့ သဘာဝအတိုင်း ချုပ်နှောင်မှူတွေလျော့ပါးတယ်လ့ို ဆိုနိုင်ပါတယ်။ မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အစီအရင်ခံစာ တခုကြောင့် Open Source တို့ သဘာဝတိုင်း အချုပ်အနှောင်ကင်းလွတ်ခြင်းက ကောင်းသလား မကောင်းဘူးလား။ Software Developer တွေဟာ ဒီအချက်ကို အခွင့်ကောင်းယူခဲ့သလား ဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။
ဒီနေ့အချိန်မှာ စီးပွားရေးအတွက်၊ ကိုယ်ရေးကိုယ်တာအတွက် စဖြင့် အကြောင်းမျိုးစုံနဲ့ Smart Phone တွေကို အသုံးပြုကြပါတယ်။ ဒီလို Smart Phone အသုံးပြုမှူမှာ Apps တွေကို Download လုပ်ပြီး အသုံးပြုခြင်းဟာ အဓိကကျတဲ့ အခန်းကနေပါဝင်နေပါတယ်။
Duke တက္ကသိုလ်၊ ပင်ဆယ်ဗေးနီးဟား တက္ကသိုလ်နဲ့ Intel Labs တို့ဟာ သုတေသနတခု ကိုလုပ်ဆောင်ခဲ့ကြပါတယ်။ ဒီသုတေသနက Android App တွေဟာ သူတို့ Access လုပ်လို့ရတဲ့ Data တွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်ကြတယ်ဆိုတာကို လေ့လာဆန်းစစ်တာဖြစ်ပါတယ်။ Android ဟာ Open Source ဖြစ်တဲ့ အတိုင်း ထပ်မံချဲ့ထွင်လို့ရပါတယ်။ ဒါကြောင့် Android မှာ Apps တွေကနေတဆင့် Data တွေစီးဆင်းတယ် ဆိုတာကို ခြေရာခံနိုင်ဖို့ အတွက် Android ကို ထပ်မံချဲ့ထွင်လိုက်ပါတယ်။ ဒီ Extension ကို TaintDroid လို့ အမည်ပေးထားပါတယ်။ TaintDroid က Download လုပ်ထားတဲ့ App တခုက Data တွေကို ဘယ်လိုကိုင်တွယ်ဆိုတာကို စောင်ကြည့်ပါတယ်။
ရလဒ်ကတော့ အသုံးများတဲ့ App (၃၀) မှာ (၂၀)ဟာ အသုံးပြုသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို တလွဲအသုံးပြုမူ(အလွဲသုံးစားပြုမှူ)ပေါင်း (၆၈)ခုရှိတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်စဉ်တွေမှာ အသုံးပြုသူရဲ့ ဖုန်းနံပါတ်နဲ့ Location Information တွေကို ကြော်ငြာလုပ်ငန်းတွေဆီကို ပေးပို့တာတွေလည်းပါပါတယ်။ အသုံးပြုသူက App တခုကို Install လုပ်တဲ့ အခါမှာ အသုံးပြုသူရဲ့ ဖုန်းနံပါတ် နဲ့ Location Information တွေကို အသုံးပြုခွင့်တောင်းမှာပါ။ ခွင့်မပြုဘူးဆိုရင်တော့ Install ဆက်လုပ်လို့ရမျာ မဟုတ်ပါဘူး။ အသုံးပြုခွင့်ပေးလိုက်ရင်ကော၊ ဒီ App ကို သုံးဖို့စာအတွက်နဲ့ ကိုယ်ရဲ့ Private Information တွေကိုပေးလိုက်တာနဲ အတူတူပါပဲ။ တကယ်လို့ ကုမ္ပဏီတွေရဲ့ Exchange Mail ကို Android ဖုန်းမှာ Configure လုပ်ထားခဲ့ရင်တော့ Exchange Server ရဲ့ လိပ်စာ၊ Passwrod တွေက လုံခြုံပါဦးမလား?
App တွေ Private Data တွေကို Access လုပ်ခွင့်ကိုလည်း ပိတ်ထားလို့ရပါတယ်။ Android မှာ Menu>Downloads ကိုသွားလိုက်မယ်ဆိုရင် Download လုပ်ထားတဲ့ App အားလုံးကိုတွေ့ရမှာပါ။ ဒီမှာ မင်္သကာတဲ့ App ကို ရွေးပြီး Menu>Security ကိုသွားကြည့်လိုပ်ရင် ဒီ App ကနေ ဘယ်လို Data တွေကို အသုံးပြုလို့ရတယ်ဆိုတာထွက်လာမှာပါ။ ဒီလိုကြည့်လိုက်လို့ App တခုဟာ Data တွေကို ဘယ်လိုလုပ်နေတယ်ဆိုတာကို မသိရပေမယ့် ဘယ်လိုလုပ်လို့ရတယ်ဆိုတာကိုတော့ အနည်းဆုံးသိရမှာဖြစ်ပြီး ပေးထားတဲ့ Permission ကိုလည်းပြန်လည်ပြင်ဆင်လို့ရမှာ ဖြစ်ပါတယ်။
အောက်က ဗွီဒီယိုကတော့ Nexus One ပေါ်မှာ Run ထားတဲ့ TaintDroid ပါ။



Nyan Lin

Ref: http://www.pcworld.com/businesscenter/article/206644/android_apps_more_open_than_users_know.html
TaintDroid

Breaking the Smart Phone Encrytion









Elcomsoft ဟာ Data Recovery နဲ့ Password Recovery Software တွေကို ထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ရှရှား ကုမ္ပဏီ တခုပါ။


ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက Elcomsoft က Apple ရဲ့့ iPhone 4 ကို backup လုပ်ထားတဲ့ Password ကို ထုတ်ဖော်နိုင်မယ့် Software ကို ဖြန့်ချီခဲ့ပါတယ်။

သာမာန်အားဖြင့် iPhone ကို iTune နဲ့ ချိတ်ပြီး Sync လုပ်လိုက်မယ်ဆိုရင် iTune က iPhone မှာရှိတဲ့ Email၊ Passwrod၊ Calendar၊၊ Events၊ Apps စတာတွေကို Backup လုပ်လိုက်ပါတယ်။ အဲဒီနောက် iPhone တလုံးကနေ နောက်တလုံးကို ပြောင်းသုံးတဲ့ အခါမှာပဲဖြစ်ဖြစ်၊ Data တွေကို Restore လုပ်ချင်ရင်ဖြစ်ဖြစ် ပြန်သုံးလို့ရပါတယ်။ ဒါပေမယ့် Backup လုပ်တဲ့နေရာမှာ Passwrod ပေးပြီး အဲဒီ Password ကိုမေ့သွားမယ်ဆိုရင်တော့ လုပ်ထားတဲ့ Backup ကို ဘယ်လိုမှ ပြန်သုံးလို့ရတော့မှာမဟုတ်ပါဘူး။ Elcomsoft ရဲ့ iPhone Password Cracker လို့ခေါ်တဲ့ Software က ဒီ Password တွေကို ထုတ်ဖော်ပေးနိုင်တယ်လို့ ဆိုပါတယ်။ Passwrod အားလုံး ၁၀၀% ထုတ်ဖော်ပေးနိုင်တာ မဟုတ်ပေမယ့် လွယ်ကူရှင်းလင်းတဲ့ အက္ခရာနဲ့ ဂဏန်းတွေသာပါတဲ့ Password မျိုးဆိုရင်တော့ စက္ကန့်ပိုင်းအတွင်း ထုတ်ဖော်ပေးနိုင်တယ်လို့ဆိုပါတယ်။

Elcomsoft ရဲ့ နောက်ခြေလှမ်းသစ်တခုကတော့ Blackberry Data Encryption ကိုပစ်မှတ်ထားတဲ့ Password Breaker Software ပါပဲ။ AES (Advanced Encryption System) နဲ့ Triple DES (Data Encryption Standard) တို့ကို သုံးတယ်ဆိုတဲ့ Blackberry Enterprise Server နဲ့ Blackberry Smart Phone တို့ကြားက Data Connection က လုံခြုံအဆင့်မြင့်ပါတယ်။ Enterprise Sever ရဲ့ လုံခြုံရေး ပေါ်လစီကိုလိုက်ပြီး Password ရိုက်ထည့်လိုရတဲ့ အကြိမ်အရေအတွက်က ကွာခြားပါတယ်။ သာမန်အနေနဲ့ဆိုရင်တော့ Blackberry Enterprise Server က Password ၁၀ကြိမ်ထက်ပိုပြီးမှားခဲ့မယ်ဆိုရင် Smart Phone မှာရှိတဲ့ Data အားလုံးကို ဖျက်ပစ်ပါလိမ့်မယ်။ ဒါကြောင့် သာမန် Dictionary Attack မျိုးနဲ့ Password ကိုမရယူနိုင်တာတော့ သေချာပါတယ်။ Offline Backup ကတော့ ဒီအဆင့်မြင့် လုံခြုံရေးရဲ့ အဓိကအားနည်းချက်ပါ။ Offline ဖြစ်နေတဲ့ Blackberry Smart Phone ကနေ Dictionary Attack မျိုးနဲ့ Password ကိုရယူနိုင်ပါသတဲ့။ Blackberry Smart Phone ရဲ့ Offline Backup ကနေ Airwaves Encryption ရဲ့ Password ကို ထုတ်ဖော်လို့ရတယ်ဆိုပေမယ့် ဒီ Password ကို ရယူဖို့ ၃ရက် အချိန်ယူတယ်ဆိုတာကတော့ ကျေနပ်စရာမကောင်းသေးပါဘူး။ Password က ရှည်လျားခဲ့ရင် ဒါမှမဟုတ် !@#$%^&* စတဲ့ သင်္ကေတတွေ Password ထဲမှာပါနေခဲ့မယ်ဆိုရင်တော့ ဒီထက်ပိုပြီး ကြာနိုင်တယ်လို့ဆိုပါတယ်။ ဒီ Password ကိုရယူဖို့ အတွက် Offline Backup ကိုအသုံးပြုရတာကြောင့် Offline Backup မရှိရင် Password ကို ရယူနိုင်မှာ မဟုတ်ပါဘူး။

တကယ်တော့ Password Recovery Software တွေဟာ အသွားနှစ်ဖက်ပါတဲ့ ဓါးသွားလိုပါပဲ။ Password မေ့သွားလို့ သုံးလို့မရတော့မယ့် Service တွေ၊ Device တွေကို ပြန်ပြီး အသက်ဝင်လာစေသလို၊ ရာဇဝတ်မူတွေကို ကျူးလွန်မဲ့ သူတွေကို ကူညီပေးမယ့် လက်နတ်တမျိုးဆိုရင်လည်းမမှားပါဘူး။



Nyan Lin

Thursday, September 30, 2010

နှလုံုးသွေးနဲ့ဖောက်တဲ့ ဝိုုင်တခွက်



ငါ့နှလုံုးသွေးနဲ့ ဖောက်တဲ့ နှစ(်၁၀၀) ဝိုုင်တခွက်၊ မင်းသောက်လိုုက်ပါချစ်သူ
မရယ်ပါနဲ့
အဲ့သလိုု အပြုံးတွေပေါ့၊ ငါမေ့မရခဲ့တာ
ရွေးတဲ့လမ်းကိုု ငါမှန်မှန်လေ ျှက်ခဲ့တော့
အိုု
အဝတ်မပါတဲ့ ညနေခင်းဟာ ရှက်စရာကောင်းသွားတယ်
မြောက်ဘက်မြို့ရိုုးမှာ တစေ္ဆတွေ ကခုုန်ရအောင်၊ ရလပိုုင်းမှ မဟုုတ်တာပဲ။

ပွလေး


Fireworks @ Lakeside

Beautiful Fountain @ Lakeside

Wednesday, September 29, 2010

Window on iPad

iOS တွေကို Jailbreak လုပ်တာ၊ iOS 4 ကနေ iOS3.2 ကို ပြန်သွားတာ စတာတွေဟာ Apple ရဲ့ iOS ကို Downgrade လုပ်တာနဲ့ ပတ်သက်လ့ို လူတွေပြောလေ့ပြောထရှိတဲ့ ခေါင်းစဉ်တွေပါပဲ။

iPad ကို လွန်ခဲ့ ၁၅နှစ်လောက်က သုံးစွဲခဲ့တဲ့ Window 95 နဲ့ လွန်ခဲ့တဲ့ ၁၈နှစ်သားလောက်က သုံးခဲ့ကြတဲ့ Window 3.1 တွေနဲ့ Run လို့ရအောင် လုပ်လို့ရတယ်ဆိုရင် မျက်လုံးပြုးသွားမလား။ Youtube မှာ MSComputerVideos http://www.youtube.com/user/MSComputerVideos ဆိုတဲ့ Youtube User တယောက်က iPad မှာ Window ဘယ်လိုတင်ရတယ် ဆိုတာကို အသေးစိတ်ပြထားတဲ့ Video ကို Upload လုပ်ထားပါတယ်။ နောက်ဆုံးပေါ် iOS နဲ့ ၁၅ နှစ်သား Window 95၊ ဘယ်ဟာကို iPad ပေါ်မှာ သုံးမယ်ဆိုတာက မေးစရာမလိုတဲ့ မေးခွန်းပါ။ ဒါပေမယ့် မလုပ်နိုင်တာ မရှိဆိုတာကို ပိုပြီးခိုင်မာစေပါတယ်။

အောက်က Video နှစ်ခုကတော့ Window 7 တင်ထားတဲ့ iPad နဲ့ Window 95 တင်ထားတဲ့ iPad တွေပါ။




Window 7 on iPad




Window 95 on iPad

Tuesday, September 28, 2010

"Bye Bye" by Microsoft


Microsoft က သူ့ရဲ့ Window Live Space မှာ Host လုပ်ထားတဲ့ Blog တွေကို Wordpress ကိုရွှေ့ပြောင်းသွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့ က San Francisco မှာ ကျင်းပတဲ့ TechCrunch Disrupt conference မှာ ကြေညာလိုက်ပါတယ်။
ဒါကြောင့် Window Live Space ကိုလက်ရှိအသုံးပြနေကြသူပေါင်း သန်း ၃၀ ဟာ သူတို့ရဲ့ Blog တွေကို Wordpress ရွှေ့ပြောင်းကြရမှာပါ။ Window Live နဲ့ Wordpress တို့က အသုံးပြုသူတွေ လွယ်လွယ်ကူကူနဲ့ အမြန်ဆုံး ရွှေ့ပြောင်းလို့ရအောင် စီစဉ်နေတယ်လို့ဆိုပါတယ်။ Window Live Space က စာမူ တွေ၊ မှတ်ချက်တွေ၊ ဓါတ်ပုံတွေဟာ Wordpress Blog အနေနဲ့ Publish လုပ်လို့ရမှာဖြစ်ပါတယ်။ စာမူ တွေ၊ မှတ်ချက်တွေနဲ့ ဓါတ်ပုံတွေလို့သာ ပြောထားပေမယ့် Embed လုပ်ထားတဲ့ Video တွေနဲ့ Flash Content ကို ရွှေ့ပြောင်းလို့ ရ မရကိုတော့ ဖော်ပြမထားပါဘူး။ Google ရဲ့ Blogspot ကနေ Wordpres ကိုရွှေ့ပြောင်းရာမှာတော့ စာမူတွေ၊ မှတ်ချက်တွေ၊ ဓါတ်ပုံတွေကို ရွှေ့ပြောင်းရတာ လွယ်ကူ အဆင်ပြေပေမယ့် Embed လုပ်ထားတဲ့ Video တွေနဲ့ Scribd က PDF လို Content တွေကတော့ Blog အဟောင်းမှာပဲကျန်ခဲ့ပါတယ်။ ကျွန်တော့် ရဲ့ Wordpress Blog ဖြစ်တဲ့ http://pwalay.wordpress.com/ဟာ Blogspot ကနေ Import လုပ်ထားတဲ့ Blog ပါ။ ဒီ Blog မှာ စာမူတွေ၊ မှတ်ချက်တွေ၊ ဓါတ်ပုံတွေကို Blogspot က Blog အတိုင်းပြန်ရပေမယ့် Embed လုပ်ထားတဲ့ Video တွေကတော့ ကျန်ခဲ့ပါတယ်။ အခု Window Live Space ကနေ Wordpress ကို ရွှေ့ပြောင်းရာမှာလည်း ဒီလို အခက်အခဲမျိုး ကြုံတွေ့နိုင်ပါတယ်။
ဒီလိုရွှေ့ပြောင်းပြီးတဲ့နောက် Blog ဟောင်းတွေရဲ့ URL တွေက Blog အသစ်ကို Redirect လုပ်ပေးသွားမှာပါ။ Window Live Space အသုံးပြုသူတွေဟာ Wordpress ကို စက်တင်ဘာ ၂ရ ရက်နေ့ကစပြီးရွှေ့ပြောင်းနိုင်ပြီး ရွွှေ့ပြောင်းဖို့ အချိန် ၆လ ရမှာ ဖြစ်ပါတယ်။
Wordpress ကို အသုံးပြုထားတဲ့ Web site ပေါင်း ၂၆ သန်းရှိပြီး တလမှာ ကြည့်ရူသူပေါင်း သန်း ၂၅၀ ရှိတယ်လို့ဆိုပါတယ်။ Wordpress ကို စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ www.wordpress.com မှာ Sign up လုပ်လို့ရပါတယ်။
Wordpress ၏ လုပ်ဆောင်ချက်များကို အထင်ကြီး စိတ်ဝင်စားပါသည် ဆိုပြီး သူ Host လုပ်ထားတဲ့ Blog တွေကို Wordpress လက်ထဲထိုးထည့် ပြီး Microsoft ဟာ Blog Publishing နဲ့ Hosting လောက ကနေထွက်ခွာသွားခဲ့ပါပြီ။ Microsoft ရဲ့ နောက် ကျန်တဲ့ Blog Host တဲ့ Wordpress၊ Google၊ LiveJournal စတဲ့ Provider တွေထဲက ဘယ်သူများ ထပ်ပြီး ထွက်ခွာဦးမလဲ။

Monday, August 30, 2010

Risky Surfing

ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးအပတ်ထဲက AVG က သုတေသီတွေဟာ နိုင်ငံအလိုက် Virus နဲ့ Malware အတိုက်ခိုက်ခံရမူတွေရဲ့ စာရင်းတစ်ခုကိုကောက်ယူခဲ့ပါတယ်။ ဒီစာရင်းကို AVG ရဲ့ Security Software တွေကနေရာယူထားတဲ့ အချက်အလက်ပေါ်မှာ အခြေခံထားပြီး နိုင်ငံပေါင်း ၁၄၄ နိုင်ငံက ကွန်ပြူတာပေါင်း ၁၂ရသန်းပါဝင်တယ်။

ဒီအထဲမှာ တောင်အာရိက က Sierra Leone မှာ ၆၉၆ယောက်မှာ ၁ ယောက်သာ အတိုက်ခိုက်ခံရဖွယ် ရှိတာကြောင့် ကမ္ဘာပေါ်မှာ အင်တာနက်သုံးဖို့ စိတ်အချရဆုံးလို့ဆိုပါတယ်။ အန္တရာယ်အများဆုံးကတော့ တူရကီနိုင်ငံဖြစ်ပြီး အင်တာနက် အသုံးပြုသူ ၁၀ယောက်မှာ ၁ယောက်ဟာ Virus နဲ့ Malware တွေရဲ့ တိုက်ခိုက်မူကို ခံရနိုင်တယ်လို့ဆိုပါတယ်။



HTTP Cookies တွေကို အသုံးပြုထားတဲ့ Visitor Counter တစ်ခုက Visitor Count ကို မှန်မှန် မပေးနိုင်ပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ User တွေက Browser ကနေ Cookies တွေကို ဖျက်ပြီး ပြန်ဝင်လိုက်တာနဲ့ Vistor Count ကို တိုးသွားလို့ပါတဲ့။ ဆိုလိုတာက ကျွန်တော့် Blog မှာ Visitor Count တစ်ခုရှိပါတယ်။ အဲဒီ Visitor Count ကိုတိုးသွားစေချင်ရင် Blog ကိုဝင်ကြည့်၊ နောက် Broswer က Cookies တွေကိုဖျက်၊ နောက်တခေါက်ပြန်ဝင်။ ဒါဆို Visitor တစ်ယောက်တိုးပြီပေါ့။ အဲလို အခါ ၁၀၀ လောက်လုပ်လိုက်ရင် Visitor အယောက် ၁၀၀ တိုးပါမယ်။ ဒါက HTTP Cookies တွေကို အသုံးပြုထားတဲ့ Visitor Counter တွေမှာပါ။ ဒါပေမယ့် ဒီ HTTP Cookies တွေအစား Flash Cookies တွေ အသုံးပြုရင်တော့ Browser က Cookies တွေကို ဘယ်လိုပဲဖျက်ဖျက်၊ ဘယ်လောက်ပဲပြန်ဝင်ဝင် အကျိုးမထူးတော့ပါဘူး။ ၂၄နာရီအတွင်း PC တစ်လုံးက ဘယ်နှခါပဲဝင်ဝင် Visitor Count မှာ ၁ယောက်ပဲတိုးပါမယ်။ ဘာလို့လဲဆိုတော့ ဖျက်လိုက်ရင်လည်း ပြန်ပြီး Create လုပ်မယ့် Flash Cookies ကြောင့်ပါ။ ဒီလို မှန်မှန် Count နိုင်ဖို့အတွက် User ရဲ့ ID လိုပါတယ်။ ဒီလို User ရဲ့ ID ကို User မသိပဲ အကြိမ်ကြိမ်အခါခါရယူတဲ့ အတွက်ကြောင့် User က ဖျက်ထားတဲ့ Cookies တွေကို အကြိမ်ကြိမ် အခါခါ ပြန် Create လုပ်တဲ့ အတွက်ကြောင့် Computer Intrusion Law ကို ချိုးဖောက်ပါတယ်ဆိုပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒီတရားစွဲတာကို တရားရုံးက လက်ခံခဲ့ပါတယ်။ ဒီတရားအစွဲခံရတဲ့ Company တွေအထဲမှာ ESPN, MTV, ABC, Disney, Warner Bros. Records လို ဟဲဗီးဝိတ် ကုမ္ပဏီကြီးတွေ ပါဝင်ပါတယ်။ ကျွန်တော့်ရဲ့ Blog မှာထည့်ထားတဲ့ Visitor Counter ကလည်း အလားတူ Flash Cookies ကိုအသုံးပြုလို့ တရားစွဲခံရမလားလို့ စိုးရိမ်မိပါတယ်။ ဒါပေမယ့် ဒီလို Flash Cookies ကို အိမ်ဖြူတော်ရဲ့ Web Site ကလည်း အသုံးပြုထားတယ်လို့ဆိုပါတယ်။ ဒီလို Flash Cookies ကိုအသုံးပြုပြီး ရယူထားတဲ့ User ID ကို Visitor Count မှာအသုံးပြုရုံတင်မကပဲ တခြားနေရမှာ အသုံးပြုခဲ့ရင် အန္တရာယ်များလှပါတယ်။

Job Steve က သူ Buggy Platform လိုုရည်ညွှန်းခဲ့တဲ့ Platform ရဲ့ လုံုခြုံရေးအားနည်းချက်ကိုု ကြိုသိခဲ့သလားမသိ။   Link
No. 1 Attachement 1

Nyan Lin

Tuesday, August 24, 2010



"Self Appraisal"

A little boy went to a telephone booth which was at the cash counter of a store and dialed a number.
The store-owner observed and listened to the conversation:
Boy               : "Lady, Can you give me the job of cutting your lawn?
Woman         : (at the other end of the phone line) "I  already have someone to cut my lawn." 
Boy               : "Lady, I will cut your lawn for half the price than the person who cuts your lawn now."
Woman         : I'm very satisfied with the person who is presently cutting my lawn. 
Boy               : (with more perseverance) "Lady, I'll even sweep the floor and the stairs of your house for free.

Woman         : No, thank you. 


With a smile on his face, the little boy replaced the receiver. The store-owner, who was listening to all this, walked over to the boy. 


Store Owner   : "Son... I like your attitude; I like that positive spirit and would like to offer you a job."
Boy                : "No thanks, 
Store Owner   : But you were really pleading for one.

Boy                : No Sir, I was just checking my performance at the job I already have. I am the one who is working for that lady I was talking to!"  

 
This is called 

"Self Appraisal"

တိတ်တိတ်နေထောင်တန်

EVM

အိန္ဒိယမှာ အသုံးပြုနေတဲ့ Electronic Voting Machine (EVM) ဟာ လုံခြုံစိတ်ချရမှုမရှိဘူးဆိုတာကို သက်သေပြပြီးတဲ့နောက် Hari Prasad ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။
April လ ၂၉ ရက်နေ့က Hari Prasad ခေါင်းဆောင်ပြီး Alex Halderman နဲ့ Rop Gonggrijp တို့ပါဝင်တဲ့ အဖွဲ့ က နည်းပညာဆိုင်ရာ စာတမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီနေရာမှာ ကြည့်လို့ရပါတယ်။ ဒီစာတမ်းက အိန္ဒိယမှာ လက်ရှိအသုံးပြုနေတဲ့ EVM တွေဟာ လုံခြုံစိတ်ချရမူမရှိဘူးလို့ဆိုပါတယ်။

ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အိန္ဒိယ နိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ အသုံးပြုဖို့ ဒီ စက်တွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ခုလောက် က အစိုးရပိုင်ကုမ္ပဏီက တီထွင်ခဲ့တာပါ။ EVM လိုအိန္ဒိယမှာ လူသိများတဲ့ ဒီစက်တွေဟာ ရိုးရှင်းတဲ့ ဒီဇိုင်း၊ အသုံးပြုရလွယ်ကူမူ၊ စိတ်ချရမူတွေအတွက် ဂုဏ်ယူချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။ ဒီစက်တွေရဲ့ ဒီဇိုင်း ကတော့ လုံခြုံရေး အတွက်ကြောင့်ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။ Hari Prasad တို့ရဲ့ စာတမ်းမှာ ဒီစက်ရဲ့ လုံခြုံရေးဆိုင်ရာ စစ်ဆေးမူတွေ၊ စက်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံတွေကို ဖော်ပြထားတယ်။ စက်ရဲ့ လွယ်ကူရိုးရှင်းမူထက် တိုက်ခိုက်ခံရနိုင်တဲ့ ပျော့ကွက်၊ ဟာကွက်တွေကို သုံးသပ်ပြထားပါတယ်။ Parasad တို့က တိုက်ခိုက်မူ ၂ခုကို သရုပ်ပြခဲ့ပါတယ်။ပထမတိုက်ခိုက်မူကတော့ စက်ရဲ့ Display Board ကို Mobile ဖုန်းရဲ့ Bluetooth Connection နဲ့ ထိန်းချုပ်ပြီး ကိုယ်လိုချင်တဲ့ အမတ်လောင်းအတွက် မဲခိုးတာပါ။ နောက်တခုကတော့ စက်ရဲ့ မဲအရေအတွက်ကို သိမ်းဆည်းထားတဲ့ Memory Card ကို သေးငယ်တဲ့ စက်တစ်ခုနဲ့ ချိတ်ပြီး မဲအရေအတွက်ကိုပြောင်းလဲစေတဲ့နည်းပါ။ Parasad တို့အသုံးပြုခဲ့တဲ့စက်ကတော့ Mumbai ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က အသုံးပြုနေတဲ့ စက်လို့ဆိုပါတယ်။

August ၁၀ရက်နေ့က Prasad က ရွေးကောက်ပွဲကော်မရှင်နဲ့ တွေဆုံခဲ့ပါတယ်။ ဒီတွေဆုံမူကိုရွေးကောက်ပွဲကော်မရှင်က နွေးထွေးတဲ့ တွေဆုံမူအဖြစ်ဖော်ပြခဲ့ပြီး စက်တွေပိုကောင်းလာအောင်ပေးတဲ့ အကြံဉာဏ်တွေကို ကြိုဆိုကြောင်းဖော်ပြခဲ့ပါတယ်။ နိုင်ငံရေး ပါတီ အချိူ့ ကတော့ ဒီစက်ကိုဆက်ပြီး အသုံးမပြုဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာရေးတောင်း ဆိုထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့တွေဆုံပြီး ၂ပတ်အကြာမှာတော့ Prasad ကို ရဲက EVM စက်ပျောက်ဆုံးမူနဲ့ ဖမ်းဆီးလိုက်ပါတယ်။

ဒီဖမ်းဆီမူကို တချို့နိုင်ငံမှာတော့ အမည်လှလှလေး တပ်ပေးနိုင်ပါလိမ့်မယ်။ “EVM စက်တွေ၏ ပျော့ကွက်ကို သိရှိသော Prasad အား မသမာသူများ၏ အသုံးချခြင်းမှ ကာကွယ်ပေးရန် အတွက် လုံခြံစိတ်ချရသော နေရာ (သံတိုင်နောက်) တွင် အကာကွယ်ပေးထားပြီး ထိုနေရာအား လုံခြုံရေးအတွက် လျှို့ဝှက်ထားပါသည်။”


Nyan Lin

Tuesday, August 17, 2010

SMS Trojan, Especially For Android

Kaspersky က Android ဖုန်းတွေကို ကူးစက်တတ်တဲ့ Trojan တမျိုးကိုတွေ့ရှခဲ့တယ်လို့ August လ ၉ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီ Trojan က Android ဖုန်းတွေထဲကို Media Player Application ပုံစံနဲ့ဝင်ရောက်တယ်လို့ဆိုပါတယ်။ User တွေကိ်ု ဒီ App ကို Install လုပ်မလားလို့ မေးတဲ့အခါ User က Install လို့ပြန်ဖြေလိုက်တာနဲ့ 13KB သာရှိတဲ့ .apk (Standard Android Extension) ဖိုင်တခုကို Download လုပ်ပါလိမ့်မယ်။ အဲဒီ apk ဖိုင်ကို Install လုပ်ပြီးတာနဲ့ Trojan က ရုရှား Premium SMS Shortcode ဖြစ်တဲ့ 3353 နဲ့ 3354 ကို SMS တွေစပို့တော့မှာပါ။ ရုရှားမှာ Premium Rate Number တွေကို ခေါ်ဆိုတာ ဒါမှမဟုတ် SMS ပို့တာဟာ 1.2 ရူဘယ်က နေ 300ရူဘယ်ထိကျသင့်ပါတယ်။ အမေရိကန်ဒေါ်လာ 0.04 ကနေ 9.85 နဲ့ ညီမျှပါတယ်။ ဒါကြောင့် ဒီဖုန်းပိုင်ရှင်ဟာ သူမသိလိုက်ပဲ ပို့လိုက်တဲ့ SMS တွေကြောင့် ဖုန်း Bill တွေပိုပြီးကျသင့် တော့မှာပါ။ ဒါပေမယ့် ဒီ SMS Shortcode က ရုရှားနိူင်ငံက ဖြစ်တဲ့အတွက် ရုရှားနိူင်ငံပြင်ပက ဖုန်းတွေအတွတ်တော့ အကိျုးသက်ရောက်မူမရှိပါဘူးတဲ့။ Compatible မဖြစ်ဘူးပေါ့။ ဒီ Trojan ဘယ်လိုအလုပ်တယ်ဆိုတာကိုတော့ University of Michigan က Researcher Jon Oberheide က အသေးစိတ်ရှင်ပြထားပါတယ်။ ဒီနေရာမှာ ကြည့်လို့ရပါတယ်။
Trojan-SMSAndroidOS.FakePlayer.a (ဟူးးးးမောလိုက်တာ)လ့ိုအမည်ပေးထားတဲ့ ဒီ SMS Trojan ဟာ Android ဖုန်းတွေကို ဦးတည်တဲ့ ပထမဆုံး Trojan ဖြစ်ပါတယ်။ First Generation ပေါ့။ တိုးတတ်လာတဲ့ Android ဖုန်းအရေအတွက်ကြောင့် ဒီလိုပစ်မှတ်ထားလာတာဖြစ်နိုင်ပါတယ်။ Apple က iPhone အလုံးပေါင်း 3.22 milion၊ RIM က Blackberry အလုံးပေါင်း 4.84 million တို့ကိုရောင်းချခဲ့ပြီး Andriod OS အသုံးပြုထားတဲ့ ဖုန်းတွေကတော့ 4.96 millionရောင်းချခ့ဲလို့ စျေးကွက်ထိပ်ဆုံးမှာရောက်နေတဲ့ OS လို့လည်းပြောလို့ရပါတယ်။ ဒါပေမယ့် Android အုပ်စု မှာ HTC, Samsung, Sony, Motorola စတဲ့ Brand မတူတဲ့ဖုန်းတွေပါတာကိုတော့ ထည့်တွတ်ရပါမယ်။ တနေ့မှာ ဒီ Torjan က ရုရှားတင်မကဘူး တခြားနိူင်ငံတွေပါ စျေးကွက် ချဲ့ထွင်မလာဘူးလို့ ဘယ်သူအာမခံနိူင်မလဲဗျာ။

Nyan Lin

Friday, August 13, 2010

Burglish To Burmese Converter

တချို့ကပြောကြတယ်။ ဇော်ဂျီဖောင့်ရိုက်တတ်ရင် Blogger ဖြစ်ပြီတဲ့။ ဇော်ဂျီဖောင့် မရိုက်တတ်လည်းပဲ ဝိဇ္ဇာနဲ့ဆို Burglish ကလည်း Burmese ဖြစ်နိုင်တယ်။ Saturngod မှာဝင်ကြည့်ရင်းနဲ့ တွေလာတာ။ ရိုက်လိုက်သမျှ Burglish တွေကို Unicode 5.1၊ ဇော်ဂျီဖောင့် ဒါမှမဟုတ် ဝင်းအင်းဝကိုပြောင်းပေးတယ်။ Burglish ကနေ Burmese ပြောင်းချင်ရင် ဒီ App ကိုဖွင့်ထားပြီး ရိုက်ရုံပဲ။ ဒီနေရာမှာ Download လုပ်လို့ရပါတယ်။

How to Use WaitZar

Nyan Lin