Tuesday, June 29, 2010

How To Get iPhone Ringtone

အားသာချက်တွေ အများကြီးရှိတဲ. iPhone မှာ တခြားဖုန်းတွေလို Ringtone လွယ်လွယ်ကူကူ ပြောင်းလို့မရတာ စိတ်ပျက်စရာပါ။ iTune ကနေဝယ်ထားတဲ့ သီချင်းတွေကိုတော့ iTune Software သုံးပြီး “Convert to Ringtone”ဆိုတဲ့ Function သုံးပြီး ပြောင်းလို့ရပါတယ်။ ဒါဆို တခြား mp3 တွေအတွက်ကရော ….
လွယ်လွယ်ကူကူပြောင်းလို့ မရဘူးဆိုတာ လုံးဝပြောင်းလို့ မရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ iTune Software ကိုပဲသုံးပြီး mp3 file တွေကနေ iPhone Ringtone လေးတွေလုပ်ယူနိူင်ပါတယ်။ အောက်ကတော့ လွယ်ကူတဲ့ Step လေးတွေပါ။

၁။ iTune ကိုဖွင့်လိုက်ပြီးတော့ ကိုယ်ပြောင်းချင်တဲ့ သီချင်းကို Select လုပ်လိုက်ပါတယ်။ အဲဒီနောက် Right-click လုပ်ပြီး “Get Info” ကိုရွေးပါတယ်။






၂။ အဲဒီနောက် ပေါ်လာတဲ့ Info Window က Option Tab ကိုသွားပါတယ်။ အဲဒီ Option Tab မှာ “Start Time” နဲ. “Stop Time” ရှိပါတယ်။ မိမိလိုချင်သတဲ့ အချိန်အတိုင်း “Start Time” နဲ့ “Stop Time” ကိုရိုတ်ထည်.လိုက်ပါ။ စက္ကန့် ၃၀ကျော်သွားတဲ့ Ringtone တွေက iPhone နဲ့ Sync လုပ်လို့မရတတ်ပါဘူး။ ဒါကြောင့် Ringtone ကို စက္ကန့် ၃၀ ကျော်မသွားအောင် သတိရထားရပါမယ်။ ဒါတြွေပီးသွားရင်တော့ “Remember playback position” ကို Check လုပ်ပြီး Ok!









၃။ အဲဒီနောက် Properties တွေပြောင်းထားတဲ့ သီချင်းကို Right-click လုပ်ပြီး “Create AAC Version” ကိုရွေးပြီးတော့ သီချင်းကို m4a file အဖြစ်ပြောင်းယူပါတယ်။ Original သီချင်းရဲ့အောက်မှာပဲ ပြောင်းထားတဲ့ သီချင်းပေါ်လာမှာပါ။ Properties မှာ Setting လုပ်ထားတဲ.အတိုင်း စက္ကန့် ၂၀ ပဲကြာပါတယ်။ 












၄။ ဒီသီချင်းကို Select လုပ်ပြီး Desktop ပေါ်ကို Drag ဆွဲပြီးယူလိုက်ပါ။ 












၅။ iPhone Ringtone ရဲ့ File Extension က .m4r ပါ။ အခု Desktop ပေါ်ကိုရောက်လာတဲ့ ဖိုင်ကတော့ .m4a ပါ။ ဒီ File Extension နှစ်ခုဟာ a နဲ့ r သာကွာပြီး ကျန်တာတွေအားလုံး အတူတူပါပဲ။ ဒါကြောင့် Rename ထဲကနေ File Extension ပြင်လိုက်တာနဲ့ iPhone Ringtone လေးရပါပြီ။ ဒီ Ringtone ကို iTune Libirary ထဲကိုထည့်လိုက်ရင် iTune ရဲ့ Ringtone အောက်မှာရောက်သွားပြီး iPhone နဲ့ Sync လုပ်ဖို့ အသင်.ပါပဲ။










တကယ်လို့ File Extension ကိုမတွေ့ရင်တော့ Control Panel=> Folder Option=> ကိုဝင်ပြီးပြင်ရပါမယ်။ Folder Option ရဲ့ View Tab မှာ “Hide extensions for known file types” ဆိုတာကို Uncheck လုပ်ပေးလိုက်ရင် File Extension မြင်ရပါမယ်။




အားလုံးပြီးသွားရင် “Start Time” “Stop Time” နဲ. “Remember Playback Position” တွေကိုပြန်ပြီး Uncheck လုပ်ဖို့ မမေ့နဲ့နော်…


ဒီ Post ကိုု Ringtone မလုုပ်တတ်သော ကျွန်တော့်ချစ်ရသူ အတွတ်ရည်ရွယ်ပါတယ်။


Nyan Lin






Tarot အပိုင်း(၂)

Tarot, The Symbolic Language

Tarot တွေဟာ သင်္ကေတတွေနဲ့ဖွဲ့စည်းထားတဲ့ ဘာသာစကားလို့လည်းပြောလို့ရပါတယ်။ ဂဏန်းသင်္ကေတတွေနဲ့ ရုပ်ပုံသင်္ကေတတွေပါ။ ဒီသင်္ကေတတွေကို ကျွန်တော်တို့ရဲ့စိတ်နဲ့ခံစား နားလည်ပြီးတော့ အတိတ်နဲ့ အနာဂတ်က အဖြစ်အပျက်တွေကို အာရုံခံတာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ် ဆိုရင် အချစ်နဲ့ ပတ်သက်တဲ့ သင်္ကေတ တခုအဖြစ်လက်ခံထားတဲ့ နှင်းဆီပန်းမှာတောင် အနီရောင်ဆိုရင် “I love you” လို့ အဓိပ္ပါယ်ရပြီး အဝါရောင်ဆိုရင် “Congratulation” လို့အဓိပ္ပါယ်ရပါတယ်။ နှင်းဆီပွင့် ထက် ပိုပြီးကျယ်ပြန့်တဲ့ ဒီ Tarot တွေမှာ ဒီလို သင်္ကေတတွေ အမြောက်အများပါဝင်ပါတယ်။ ဒါကြောင့် Tarot ကိုလေ့လာတဲ့ အခါမှာ စာအုပ်ကြီးအတိုင်းလိုက်မလုပ်ဘဲ ဘာသာစကားတခုလို လေ့လာမှသာ Tarot ကပေးတဲ. Message အစစ်ကိုရရှိနိူင်ပါတယ်။ ဆရာမင်းသိင်္ခ ကတော့ Tarot ဟာ ဦးနှောက်နဲ့ လိုက်စားရမှာမဟုတ်ပဲ နှလုံးသားနဲ့ လိုက်စားရပါမယ်လို့ သူရဲ့ စာအုပ်တစ်အုပ်ထဲမှာ ရေးသားခဲ့ ဖူးပါတယ်။

Tarot and Numerology

ရှေးခေတ်ကနေစပြီး ယနေ့ခေတ်အထိ ဂဏန်းတွေရဲ့ စွမ်းအား၊ အဓိပ္ပါယ်နဲ့ ဆိုလိုချက်တွေကို ယုံကြည်ခဲ့ကြပါတယ်။ ဂရိ နဲ့ ဟီဘရူးလူမျိုးတွေက တီထွင်ခဲ့တဲ့ သချာင်္ပညာရပ် ပေါ်မှာ အခြေခံပြီး ဘီစီ ၆ရာစုလောက်က သချာင်္ပညာရှင် ပိုက်သာဂိုးရပ် က အနာဂတ်ကိုဟောကိန်းထုတ်ဖို့ စနစ်တခုကို တီထွင်ခဲ့ပါတယ်။ ဒီစနစ်က အရာအားလုံးဟာ သင်္ကေတအနေနဲ.ကိုယ်စားပြုပြီး ဒီသင်္ကေတတွေကို ဂဏန်းတွေအနေနဲ့ ပြန်ပြီး ဆက်သွယ်ထားတယ်လို့ဆိုပါတယ်။ ဂဏန်းတွေဟာ သချာင်္ပညာရပ်ထဲက သင်္ကေတတွေ အနေနဲ့သာမဟုတ်ပဲ စင်္ကြဝဠာအတွင်းမှာ လှည့်ပတ်သွားလာနေတဲ့ အရာအားလုံးရဲ့ သင်္ကေတတွေ ဖြစ်ပါတယ်တဲ့။ ဒီစနစ်မှာ ၁ ကနေ ၉ အထိဂဏန်း ၉လုံးပါဝင်ပြီး ဒီဂဏန်းတွေကို မူလဂဏန်း၉လုံးလို့ခေါ်ပါတယ်။ ဂဏန်း၁လုံးချင်းစီက မတူညီတဲ့ ကြိမ်နှုန်း တစ်မျိူးစီနဲ့ စင်္ကြဝဠာ အဝှမ်းပျံနှံ့အောင် တုန်ခါပါသတဲ့။ မတူညီတဲ့ ယဉ်ကျေးမူအမျိုးမျိူးမှာ ဂဏန်းတွေကို သင်္ကေတအမျိုးမျိုးနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဒီအထဲအမှာ ပိုက်သာဂိုးရပ် တီထွင်ခဲ့တဲ့ စနစ်ကတော့ ဒီနေ့ခေတ်အထိ အသုံးအများဆုံးပါတဲ့။ ကျွန်တော်တို့ မြန်မာအက္ခရာ မှာလည်း “က ခ ဂ ဃ င” ဆိုရင် တင်္နလာနံ နံပါတ် ၂၊ “စ ဆ ဇ စျ ည” ဆိုရင် အင်္ဂါနံ နံပါတ် ၃ စသဖြင့် ဂဏန်းဗေဒကို အသုံးချခဲ့ တာကိုတွေ့ နိုင်ပါတယ် ။ ဒီနေ့ သိပ္ပံပညာရှင်တွေကတော့ ဒီဂဏန်းဗေဒကို သချာင်္ပညာရပ် Mathematics မဟုတ်ဘဲ Pseudo mathematics အဖြစ်သာရည်ညွှန်းကြပါတော့တယ်။

Tarot တွေမှာ ဂဏန်းတွေရဲ့ အဓိပ္ပါယ်၊ ဆိုလိုချက်တွေ အများကြီးပါဝင်ပါတယ်။ Major Arcana Cards ဟာ ၂၂ ကဒ်ရှိတာမျိုး၊ ၁၁ ကဒ်မြောက်ကဒ်က The Justice ကဒ်ဖြစ်နေတာမျိုး၊ သုည သို.မဟုတ် Joker ကဒ်အဖြစ် The Fool ကဒ်ကိုအသုံးပြုတာမျိုးတွေကိုတွေ့ နိုင်ပါတယ်။ ၁၁ ဂဏန််းက ဂဏန်းဗေဒအရ အလွန်တရာ ဟန်ချက်ညီပြီး သာတူညီမျြှခင်း၊ မဟုတ်မခံခြင်းတွေကို ကိုယ်စားပြုပါတယ်။ နောက် Minor Arcana က Court Card တွေကို နံပါတ်တပ်ရာ မှာ King ကဒ်တွေကို ၁၊ Queen ကဒ်တွေကို ၂၊ Knight ကဒ်တွေကို ၃၊ Page ကဒ်တွေကိုတော့ ၄လို့တပ်တာကို တွေ့နိူင်ပါတယ်။

ဒီဂဏန်းတွေနဲ့ Tarot ဆက်သွယ်ချက်တွေကိုုအသုံးပြုပြီး Tarot အခင်းအကျင်းတခုနေနဲ. ကိစ္စတခုပြုလုပ်မယ့် နေ့ရက်ကိုရွေးချယ်တဲ့ အခါမျိုးမှာ အသုံးချနိူင်ပါတယ်။ ဥပမာ ဆိုင်တဆိုင်ဖွင့်ဖို့ အတွတ် နေ့ရက်ရွေးချယ်တဲ့အခါမှာ 30 ရက် 7လ 2010 မှာဖွင့်မယ့် ဆိုင်တစ်ဆိုင် အတွက်ဟောပြောတဲ့အခါမှာ -

ဒီနေ့စွဲမှာ ပါဝင်တဲ့ ဂဏန်းတွေကို တစ်လုံးတည်းရတဲ့ အထိ ပေါင်းလိုက်ပါမယ်။

3+0+7+2+0+1+0=13

1+3=4

အဲဒီနောက် Major Arcana ၂၂ချပ်ကို ကုလားဖန်ထိုးပြီး စားပွဲပေါ်မှာမှောက်ချပြီး ဖဲချိူးလိုက်ပါ။ ကျန်ခဲ့တဲ့ ဖဲချပ်တွေထဲက အပေါ်ဆုံးကနေ စရေရင် ၄ချပ်မြောက် ကဒ်ဟာ အဖြေပါ။ ဒီကဒ်ကိုကြည့် ပြီး အဲဒီရက်မှာ ဖွင့်မယ့်ဆိုင်ရဲ့ အနာဂက်ကိုပြောပြနိုင်ပါတယ်။ ဒီနည်းကို အသုံးပြုပြီးတော့ ရက်တစ်ရက်အတွက် ယေဘူယျ ဟောပြောရာမှာလဲ အသုံးပြုနိူင်ပါတယ်။ ဒီလို တစ်လုံးတည်း ရအောင်ပေါင်းထားတဲ့ ဂဏန်းတွေကိုတော့ Quintessential Numberလို့ခေါ်ပါတယ်။ ဒီနံပါတ်တွေမှာလဲ တစ်လုံးစီသီးခြား အဓိပ္ပါယ်တွေရှိကြပါတယ်။ အောက်က ဇယားလေးကတော့ ့ စာအုပ် တအုပ်ထဲမှာတွေ့ ဘူးတဲ့ Quintessential ဂဏန်းတွေရဲ့ အဓိပ္ပါယ်တွေပါ။



Tarot and Astrology

Tarot ကဒ်တစ်ကဒ်ချင်း စီဟာ ရာသီခွင်တွေနဲ့လည်း ဆက်စပ်နေပါတယ်။ ရာသီခွင်နဲ့ ပက်သက်ပြီး ဗဟုသုတရှိခဲ့မယ်ဆိုရင် Tarot နဲ့ ရာသီခွင်တွေရဲ့ ဆက်စပ်မူကနေ နောက်ထပ် factor တစ်ခု ထပ်တိုးပြီးဟောပြောလို့ရပါတယ်။ ကျွန်တော့် အနေနဲ့ ရာသီခွင်နဲ့ ပတ်သက်ပြီး ဗဟုသုတမရှိလို့ Tarot နဲ့ ရာသီခွင်တွေရဲ့ ဆက်စပ်မူကိုပဲဖော်ပြပေးလိုက်ပါတယ်။



အပိုင်း(၃) ဆက်ရန်

Friday, June 25, 2010

Amazon က Bill လား? Spam mail လား?

အခုရက်ပိုင်းမှာ Amazon ကပို.တဲ. email နဲ.ပုံစံတူတဲ. Spam တခုပံျ့နှံ့နေပါတယ်။ Amazon က ပိုတဲ. Bill email နဲ.တော်တော် ဆင်တူလို. လက်ခံရရှိသူတွေကို အလွယ်တကူပဲ လှည်.ဖျားနိူ်င်ပါတယ်။ Anti-virus နဲ. Internet Security software တင်ထားတယ်ဆိုရင်တော. ဒီ Software တွေက သတိပေး၊ ဖယ်ရှားပေး ပေမယ်. Spam mail လား Amazon ကပို.တဲ. တကယ်. Email လားဆိုတာ ခွဲခြားဖို. နည်းလေး Clue လေးတွေရှိပါတယ်။ အလွယ်တကူ ခွဲခြားနူိင်မယ်. နည်းလေး တွေကတော.-


Clue (1)

Amazon ကပို.တဲ. Email ဆိုရင် Register လုပ်ထားတဲ. User Name ကိုပဲ လိပ်မူပါတယ်။ ဒါပေမယ်. Spam mail ပို.တဲ. Spamer ကတော. User Name ကို မသိတဲ.အတွက် email address ကိုပဲလိပ်တပ်ပါတယ်။

Clue (2)

Amazon ကပို.တဲ. email မှာ Billing Address ကိုဖော်ပြပြီးတော. Spam mail မှာတော. Billing Address မပါပါဘူး။ User Name တောင်မသိမှတော. Billing Address ကတော. ဝေးပြီပေါ.။

Clue (3)

နောက်တခုကတော. Spam mail မှာပါတဲ. Link တွေက booksalon.kr ဆိုတဲ. Web site ကို ချိတ်ထားပါတယ်။ ဒီတော. Mouse ကို ဒီ link တွေပေါ်ထောက်ကြည်.လိုက်တာနဲ. ချိတ်ထားတဲ. Link ကို သိနိူင်ပါတယ်။ ပြီးတော. Anti Virus တို. Internet Security တို.Software တွေကလည်း ဒီ Link ကို click လုပ်လိုက်တာနဲ. ဒီ link ဟာ အန္တရယ်ရှိကြောင်း သတိပေးပါတယ်။ Anti Virus တင်မထားလို. Web site ကိုဝင်မိရင်ပဲဖြစ်ဖြစ်၊ Antivirus က သတိပေးနေတဲ.ကြားက အဲဒီ web site ကိုဇွတ်ဝင်ကြည်.ရင်တော. အဲဒီစက်က ကူးစက်ခံရပါပြီ။ ကူးစက်ခံရတယ်ဆိုတာ က သင်.စက်ထဲကို Trojan တခုထားခဲ.ပါမယ်။ သင်ရဲ. Email Account ထဲက Contact တွေဆီအားလုံးကို အလားတူ Spam mail တွေထပ်ပို.ပါတော.မယ်။

Clue (4)

ဒီ Spam mail ကို ပို.တဲ. Spamer က သချင်္ာတော်တော်လေးညံ့တဲ.ပုံပါပဲ။ သူပို.တဲ. Bill မှာ အပေါင်းမှားထားကို တွေ.နိူင်ပါတယ်။ အပေါင်းမှားထားလို. ငါ. Account ဝင်စစ်ကြည်.မှ ဖြစ်မယ်ဆိုပြီး View Account ဆိုတဲ. Link ကိုသွားမနှိပ်နဲ.ပေါ.။ 

Fake email/Spam mail




Real email


Nyan Lin