Thursday, July 29, 2010

Legally Jailbreaking

iPhone တွေမှာ Apple ကထည့်ပေးလိုက်တဲ့ OS မဟုတ်ဘဲ တခြား OS နဲ့ Code တွေ Run လို့ရအောင် လုပ်တာကို Jailbreak လုပ်တာလို့ခေါ်ပါတယ်။

ဒီနေညဆိုရင် စင်္ကာပူမှာ iPhone 4 Lunch Party တွေလုပ်ကြတော့မယ်။ Singtel က Marina Bay Sand Convection Centre၊ Starhub က Plaza Singapura က သူရဲ့ ဆိုင်မှာ၊ M1 ကတော့ Paragon က ဆိုင်မှာကျင်းပမယ်တဲ့။ ဒီသတင်းနဲ့ အတူနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတခုက United States Copyright Office က Jailbreak လုပ်တာကို တရားဝင်တယ်လို့ကြေညာလိုက်တာပါပဲ။

အရင် iPhone 3GS ၊ OS3 တွေတုန်းကတော့ iPhone ရဲ့ Wallpaper လေးတွေ ပြောင်းဖို့၊ SMS Ringtones တွေထည့်ဖို့ ၊ Flash player မရတဲ့ iPhone ကို Flash player ရဖို ့ ၊ Apple App Store က ပိတ်ထားတဲ့ App တွေ Run ဖို့နဲ့ iPhone ရဲ့ System တွေကို Access လုပ်ဖို့ရာအတွက် Jailbreak လုပ်ခဲ့ကြပါတယ်။ ဒီနေ့ iPhone 4၊ OS 4 မှာ 3GS ထက်စာရင် တော်တော်လေးပြောင်းလဲလာခဲ့ပေမယ့် Jailbreak လုပ်တဲ့သူတွေကတော့ သူတို့မှာ iPhone အတွက် Apple ရဲ့ OS ထက်ပိုကောင်းတဲ့ OS ရှိတယ်လို့ အခိုင်အမာပြောနေကြတုန်းပါ။ Jailbreak လုပ်ခြင်းက အရင်က တရားမဝင်ပါဘူး။ ဒါပေမယ့် ဒီလ ၁၉ရက်နေ့ကစပြီး Jailbreak ကိုတရားဝင်လုပ်လို့ရပြီလို့ဆိုပါတယ်။ Copyright ဥပဒေကို ပြင်ဆင်ချက်ကြောင့် iPhone ပိုင်ရှင်တွေဟာ သူတို့ရဲ့ဖုန်းတွေကိုတရားဝင် Jailbreak လုပ်ခွင့်ရခဲ့တာပါ။ ဒီလို Jailbreak လုပ်ရာမှာ နည်းအမျိုးမျိုးရှိပါတယ်။ တချို့နည်းတွေက Developer ဆီက Software ဝယ်ရပါတယ်။ တချို့နည်းတွေကတော့ FOC ပါ။

Spirit ကိုသုံးပြီး Jailbreak လုပ်တာက အလွယ်ကူဆုံးလို့ဆိုကြပါတယ်။ Software လေး Download လုပ်၊ နောက် iPhone လေးကို ကွန်ပြုတာနဲ့ချိတ်ပြီး Download လုပ်ထားတဲ့ Software လေး Run လိုက်တာနဲ့ ပြီးသွားပြီလေ။ Window အတွက်ဆိုရင်တော့ http://spiritjb.com/win ဒါမှမဟုတ်  မှာ Download လုပ်လို့ရပါတယ်။ Mac အတွက်ကတော့ http://spiritjb.com/mac မှာရနိုင်ပါတယ်။

1. Spirit Software ကို Download လုပ်ရပါ့မယ်။

2. iTune နဲ့ ချိတ်ပြီး iPhone ကို Backup လုပ်ထားလိုက်ပါမယ်။ Jailbreak လုပ်ရင်း မတော်တဆ တစ်စုံတစ်ခု ဖြစ်ခဲ့ပါက ပြန်ပြီး Restore လုပ်နိုင်ေအောင်ပါ။
3. အဲဒီနောက် Download လုပ်ထားတဲ့ Software ကို Run လိုက်ရင်၊ အောက်ကအတိုင်း ပေါ်လာမှာပါ။








4. “Jailbreak” ကို Click လုပ်လိုက်ပြီး Jailbreak လုပ်ခြင်းကို စတင်ပါမယ်။ အချိန်နည်းနည်းကြာတာမ့ို စိတ်ရှည်ရှည်ထားပြီး စောင့်ဖို့လိုပါတယ်။

5. အဲဒီနောက် အောက်က အတိုင်းပေါ်လာပြီး ဆိုရင် Jailbreak လုပ်တာပြီးသွားပါပြီ။






6. iPhone က သူ့ဘာသာ Restart လုပ်ပြီး ပြန်တက်လာတာနဲ့ Cydia icon လေးပေါ်လာမှာပါ။

Window Vista နဲ့ Window 7 PC ကိုအသုံးပြုသူတွေအနေနဲ့ Error c0000005 ပေါ်ကောင်းပေါ်နိုင်ပါတယ်။ ဒီလိုမပေါ်အောင် Download လုပ်ထားတဲ့ Spirit.exe ကို compatibility mode ကိုပြောင်းပေးရပါ့မယ်။ Right-click လုပ်ပြီး အောက်ကပုံအတိုင်းပြင်ပေးလိုက်ရင်ရပါပြီ။





Jailbreak လုပ်ရင် တစ်ခုသတိထားရမှာက iPhone Virus ပါ။ Jailbreak လုပ်ပြီးသွားရင် iPhone Password ကိုမဖြစ်မနေ ုပြောင်းရပါ့မယ်။ မပြောင်းခဲ့ရင်တော့ ဒီ Virus အကူးခံရနိုင်ပါတယ်။ ဒီ iphone Virus သည် Data တွေကိုခိုး ဖုန်းကိုုပျက်စီးစေတဲ့ Virus မျိုးတော့ မဟုတ်ပါဘူး။ iPhone ရဲ့ Wallpaper ကို အဆိုတော် တယောက်ရဲ့ ပုံနဲ့ပြောင်းရုံပါပဲ။ ဒီ Virus ကို Australia က အသက် ၂၁ အရွယ် TAFE ကျောင်းသား Ashley Towns က ဖန်တီးခဲ့တာပါ။

Jailbreak လုုပ်တော့မယ်ဆိုုရင် ပထမဦးဆုံုးစဉ်စား သင့်တာက Stability ဖြစ်မဖြစ်ပါ။ Apple က သူ့ရဲ့ Hardware နဲ့ Software ကိုု ထိန်းသိမ်းကာကွယ်နေရတဲ့အကြောင်းတွေထဲမှာ ဒီအချက်တစ်ခုလည်း ပါ၀င်ပါတယ်။ Hardware နဲ့ Software ကိုု Balance ဖြစ်အောင် ထိန်းညိြှပီး Stable ဖြစ်တဲ့ Platform ကိုုပေးချင်တဲ့ အတွက် သူရဲ့ Hardware နဲ့ Software ကိုု အထိမခံ ၊ အပြင်မခံဖြစ်နေရတာပါ။

နောက်တစ်ခုုက Warranty ။ အမေရိကန်ပြည်ထောင်စုု Copyright ရုံုးက Jailbreak လုုပ်တာ တရားဝင်တယ်လိုု့ပြောတာနဲ့ Apple က Jailbreak လုုပ်ထားတဲ့ ပစ္စည်းတွေကိုု Support လုုပ်ရမယ်လိုု့ မဆိုုလိုုပါဘူး။ Apple က သူ့ရဲ့ ပစ္စည်းတွေကိုု Jailbreak လုုပ်တဲ့သူတွေကိုုလိုုက်ဖမ်းတယ်လိုု့လဲ မကြားဘူးပါဘူး။ တချို့နေရာတွေမှာတော့ “ မင်းတိုု့လက်တွေလေထဲကိုု မြှောက်ထားလိုုက် ” ဆိုပြီး အင်တာနက်မှာ ဘာတြွေကည့်နေတယ် ဆိုုတာစစ်ဆေးတယ်ဆိုုတာမျိုးတော့ ကြားဘူးပါတယ်။ စင်ကာပူက MRT တွေမှာ၊ လမ်းတွေပေါ်မှာ ရဲတွေက iPhone ကိုုင်လာတဲ့သူတွေတိုုင်းကိုု ခေါ်ပြီး Jailbreak လုုပ်ထား ၊ မထားစစ်မယ်တော့ မထင်ပါဘူး။ ဒါပေမယ့် Apple ရဲ့ End User Agreement အရ တစ်နှစ်အတွင်းမှာ ပစ္စည်းတခုုပျက်သွားခဲ့ရင် အခမဲ့ပြင်ပေးပါတယ်။ ဒါပေမယ့် Jailbreak လုုပ်လိုုက်ရင် အဲဒီပစ္စည်းရဲ့ Warranty ပျက်ပါတယ်။ ဒါကြောင့် Apple က အခမဲ့ပြင်ပေးတော့မှာ မဟုုတ်ပါဘူး။

Apple က သူရဲ့ iTune Store မှာတင်တော့မယ်ဆိုုရင် ဒီ App ဟာ စိတ်ချရရဲ့လား။ Virus တွေ Malware တွေ ကင်းရဲ့လားသေသေချာချာစစ်ဆေးပါတယ်။ ဒါပေမယ့် Jailbreak လုုပ်ပြီးတော့ App မှောင်ခိုုစျေးကွက်ထဲက App တွေ။ သေသေချာချာစိတ်ချရလား မသိတဲ့ App တွေဟာ Password တြွေပည့်နေတဲ့ ဒီဖုုန်းထဲမှာ Run ဖိုု့ အခွင့်အရေးရတော့မှာပါ။

iTune Store မှာ စိတ်ချရတဲ့ စစ်ဆေးပြီးသား App ပေါင်း ၂၀၀,၀၀၀ ရှိပါတယ်။ နောက် Smart Phone ကနေ Wi-fi Hot spot အဖြစ်ပြောင်းဖိုု့လိုုပါသလား။ ဒီဟာအတွက် Jailbreak လုုပ်တော့မှာလား။ DMCA က တံဆိပ်ထုုပြီး ခွင့်ပြုလိုုက်တာနဲ့ Jailbreak လုုပ်တာက ကောင်းကိျုးတွေထွက်ပေါ်လာမှာ မဟုုတ်ပါဘူး။ Apple ပစ္စည်းတွေကိုု Closed Tech ဆိုုပြီး မကျေနပ်ဖြစ်နေရင်တော့ Jailbreak လုုပ်တာထက် Android ဖုုန်းတစ်လုံုးကိုုပြောင်းလိုုက်တာက ပိုုပြီး အဆင်ပြေ စိတ်ချရမယ်လိုု့ ပြောပါရစေ။

Nyan Lin

No comments: