Thursday, August 12, 2010

The Most Expensive Apartment

အိပ်ခန်းခြောက်ခန်းတဲ့ ၂ထပ် Penthouse ကို ပေါင် ၁၄၀ မီလီလံျတောင်ပေးရသတဲ့။ အမေရိကန်ဒေါ်လာ ၂၂၀ မီလီလျံရိှပါတယ်။ တပေပတ်လည်ကို ပေါင် ၆၀၀၀ လောက်ကျသင့်ပါတယ်။ လန်ဒန် Knightsbridge Road ဘေးမှာရှိတဲ့ One Hyde Park Development မှာပါ။ ဒီ Development မှာ အဆောက်အဦးလေးလုံးပါပြီး ဒီနှစ်အကုန်မှာပြီးဖို့ လျာထားပါတယ်။ Christian Canday နဲ့ Nick Candy ညီအကိုတို့က Develop လုပ်တာဖြစ်ပြီး Sir Richard Rogers ရဲ့ Rogers Stirk Harbour က ဒီဇိုင်းထုတ်ခဲ့တာပါ။ အဆောက်အဦးထဲကနေ အနားမှာရှိတဲ့ Mandarin Oriental Hotel နဲ့ မြေအောက်ကနေ ဥမင်ဖောက်ထားပြီး အဲဒီဟိုတယ်ကနေ 24hr Room Services ပေးမှာပါ။ အခန်းမှာနေထိုင်သူတွေက London ရဲ့ Skyline View၊ Private Wine Tasting Facilities ကိုရရိှမှာပါ။ လုံခြုံရေးအနေနဲ့ စစ်တပ်က လေ့ကျင့်ပေးထားတဲ့ လုံခြုံရေး၊ အဆိပ်ငွေ့တွေက နေကာကွယ်ပေးမယ့် လေသန့်စင်စက်တွေနဲ့ ကြည်ကာမှန်တွေတပ်ထားတဲ့ ပြူတင်းတံခါးတွေပါပါတယ်။ မြေအောက်မှာ လှူိဏ်ခေါင်းတူးနေတာနဲ့ ဘယ်ဟာကပိုကောင်းမလဲမသိ။ ဘယ်လောက်ပဲ Facilities တွေကောင်းကောင်း၊ Penthouse တခန်းအတွက် ၂၂၀ မီလျံဒေါ်လာဆိုတဲ့ ပမာဏကတော့ တော်ရုံချမး်သာသူတွေ အတွက်တောင် မျက်ခုံးပင့်လောက်ပါတယ်။ အမေရိကန်က 45,000 sq-ft ရှိတဲ့ Los Angeles Mansion Estate တောင်မှ ဒေါ်လာ ၁၅၀ မီလီလျံပဲရှိပါတယ်။ ဝယ်သူကတော့ မကြာသေးခင်က တတ်လာတဲ့ ရေနံစျေးနူန်းတွေကနေ အကိျုးအမြတ်ရလာတဲ့ အရှေ့အလယ်ပိုင်း ဒါမှမဟုတ် နိူင်ဂျီးရီးယားက သူဌေးတယောက်ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။

Rendered View (Photo: Internet)
Construction Site of One Hyde Park (Photo: Internet)
Construction Site of One Hyde Park (Photo: Internet)
Construction Site of One Hyde Park (Photo: Internet)
One Hyde Park (Photo: Internet)

Sky View of One Hyde Park
Location Map


Nyan Lin







No comments: