NeoWORKX က Counter လေးတွေပါ။ ဒီဇိုင်းကို ကိုယ်ကြိုက်သလို ရွေးလိုရပါတယ်။ အနားဘောင်လေးတွေ၊ လှုပ်ရှားနေတဲ့ နောက်ခံ Background လေးတွေ၊ လှပတဲ့ အလံပုံစံလေးတွေ အစုံပါ။ နောက် ကိုယ့်ဘလော့ကို ဝင်ကြည်တဲ့သူတွေရှိရင် email ပိုပြီးအကြောင်းကြားပေးတယ်။ ဧည့်သည်အသစ်လာတိုင်းလား၊ ဧည့်သည် ၁၀၀ ပြည့်တိုင်းလား၊ နိုင်ငံအသစ်က ဧည်သည်လာတိုင်းလား၊ မြို့အသစ်ကဧည်သည်လာတိုင်းလား။ စိတ်ကြိုက် Setting ပေးထားလို့ရပါတယ်။ ဒီ Service တွေနဲ့ဆိုရင်တော့ ဆယ်မိနစ် တခါ တတ်ကြည်စရာမလိုတော့ဘူးပေါ့။ ဒါပေမယ့် ပိုက်ဆံတော့ ပေးရမယ်။ ဘလော့တခုတည်း၊ ဆိုတ်တခုတည်းဆိုရင်တော့ စျေးတမျိုး၊ ဒါမှဟုတ် ဘလော့ဆခုထက်ပိုခဲ့ရင်တော့ စျေးတမျိုးပါ။
ပထမဆုံးအနေနဲ့ စပြီးသုံးမယ့်သူတွေ ဆိုရင်တော့ Account တခုဖွင့်ရပါမယ်။ အကောင့် ဖွင်ပြီးတာနဲ့ ကိုယ့်ဘလော့အတွက် Visitor Counter Widget ကိုကိုယ်ကြိုက်သလို ရွေးချယ်ပြီးထည်လို့ရပါပြီ။ Account ဖွင့်တဲ့အခါမှာ အထက်က Service တွေပါတဲ့ Premium Account ရယ် ကျွန်တော့် ဘလော့မှာတင်ထားသလို Free Account ရယ် နှစ်မျိုးရှိပါတယ်။ ဘယ်အကောင့်ပဲဖွင့်ဖွင့် ပထမဆုံး ၁၅ရက် အတွက် Premium Service ကို Free ရပါတယ်။ ကိုယ်ကကြိုက်ရင် ဆက်ပြီးသုံးဖို့ ပိုက်ဆံပေးရမှာပါ။ ၁၅ရက်နောက် ဆက်ပြီးမသုံးချင်ရင်တော့ ပိုက်ဆံပေးစရာမလိုပါဘူး။ ၁၅ရက်ကျော်သွားတာနဲ့ Free Service တွေကို အလိုလိုပြောင်းသွားမှာပါ။ ဒီလိုပြောင်းသွားတဲ့အတွက်ကြောင့် Visitor Count ကိုလည်းမထိခိုက်ပါဘူး။ Free Service ဆိုရင်တော့ Email alert လုပ်ထားလို့မရလို့ ဆယ်မိနစ် တခါဝင်ကြည့်ရမှာပါ။
ဘယ်နေရာကနေပဲဖြစ်ဖြစ် ဆယ်မိနစ်တခါကြည့်ချင်တယ်ဆိုရင်တော့ iPhone App ကနေတဆင့်ကြည်လို့ရပါတယ်။ ဒီနေရာမှာ Download လုပ်လို့ရပါတယ်။ အောက်ကတော့ iPhone App ရဲ့ ပုံလေးတွေပါ။ iPhone App ကတော့ Premium ရော Free Account ကပါသုံးလို့ရပါတယ်။
NeoWORX
Blog Traffice on iPhone
See who is online
Account Info
Flag Quitz
Nyan Lin
No comments:
Post a Comment