Kaspersky က Android ဖုန်းတွေကို ကူးစက်တတ်တဲ့ Trojan တမျိုးကိုတွေ့ရှခဲ့တယ်လို့ August လ ၉ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီ Trojan က Android ဖုန်းတွေထဲကို Media Player Application ပုံစံနဲ့ဝင်ရောက်တယ်လို့ဆိုပါတယ်။ User တွေကိ်ု ဒီ App ကို Install လုပ်မလားလို့ မေးတဲ့အခါ User က Install လို့ပြန်ဖြေလိုက်တာနဲ့ 13KB သာရှိတဲ့ .apk (Standard Android Extension) ဖိုင်တခုကို Download လုပ်ပါလိမ့်မယ်။ အဲဒီ apk ဖိုင်ကို Install လုပ်ပြီးတာနဲ့ Trojan က ရုရှား Premium SMS Shortcode ဖြစ်တဲ့ 3353 နဲ့ 3354 ကို SMS တွေစပို့တော့မှာပါ။ ရုရှားမှာ Premium Rate Number တွေကို ခေါ်ဆိုတာ ဒါမှမဟုတ် SMS ပို့တာဟာ 1.2 ရူဘယ်က နေ 300ရူဘယ်ထိကျသင့်ပါတယ်။ အမေရိကန်ဒေါ်လာ 0.04 ကနေ 9.85 နဲ့ ညီမျှပါတယ်။ ဒါကြောင့် ဒီဖုန်းပိုင်ရှင်ဟာ သူမသိလိုက်ပဲ ပို့လိုက်တဲ့ SMS တွေကြောင့် ဖုန်း Bill တွေပိုပြီးကျသင့် တော့မှာပါ။ ဒါပေမယ့် ဒီ SMS Shortcode က ရုရှားနိူင်ငံက ဖြစ်တဲ့အတွက် ရုရှားနိူင်ငံပြင်ပက ဖုန်းတွေအတွတ်တော့ အကိျုးသက်ရောက်မူမရှိပါဘူးတဲ့။ Compatible မဖြစ်ဘူးပေါ့။ ဒီ Trojan ဘယ်လိုအလုပ်တယ်ဆိုတာကိုတော့ University of Michigan က Researcher Jon Oberheide က အသေးစိတ်ရှင်ပြထားပါတယ်။ ဒီနေရာမှာ ကြည့်လို့ရပါတယ်။
Trojan-SMSAndroidOS.FakePlayer.a (ဟူးးးးမောလိုက်တာ)လ့ိုအမည်ပေးထားတဲ့ ဒီ SMS Trojan ဟာ Android ဖုန်းတွေကို ဦးတည်တဲ့ ပထမဆုံး Trojan ဖြစ်ပါတယ်။ First Generation ပေါ့။ တိုးတတ်လာတဲ့ Android ဖုန်းအရေအတွက်ကြောင့် ဒီလိုပစ်မှတ်ထားလာတာဖြစ်နိုင်ပါတယ်။ Apple က iPhone အလုံးပေါင်း 3.22 milion၊ RIM က Blackberry အလုံးပေါင်း 4.84 million တို့ကိုရောင်းချခဲ့ပြီး Andriod OS အသုံးပြုထားတဲ့ ဖုန်းတွေကတော့ 4.96 millionရောင်းချခ့ဲလို့ စျေးကွက်ထိပ်ဆုံးမှာရောက်နေတဲ့ OS လို့လည်းပြောလို့ရပါတယ်။ ဒါပေမယ့် Android အုပ်စု မှာ HTC, Samsung, Sony, Motorola စတဲ့ Brand မတူတဲ့ဖုန်းတွေပါတာကိုတော့ ထည့်တွတ်ရပါမယ်။ တနေ့မှာ ဒီ Torjan က ရုရှားတင်မကဘူး တခြားနိူင်ငံတွေပါ စျေးကွက် ချဲ့ထွင်မလာဘူးလို့ ဘယ်သူအာမခံနိူင်မလဲဗျာ။
Nyan Lin
No comments:
Post a Comment