Tuesday, June 29, 2010

How To Get iPhone Ringtone

အားသာချက်တွေ အများကြီးရှိတဲ. iPhone မှာ တခြားဖုန်းတွေလို Ringtone လွယ်လွယ်ကူကူ ပြောင်းလို့မရတာ စိတ်ပျက်စရာပါ။ iTune ကနေဝယ်ထားတဲ့ သီချင်းတွေကိုတော့ iTune Software သုံးပြီး “Convert to Ringtone”ဆိုတဲ့ Function သုံးပြီး ပြောင်းလို့ရပါတယ်။ ဒါဆို တခြား mp3 တွေအတွက်ကရော ….
လွယ်လွယ်ကူကူပြောင်းလို့ မရဘူးဆိုတာ လုံးဝပြောင်းလို့ မရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ iTune Software ကိုပဲသုံးပြီး mp3 file တွေကနေ iPhone Ringtone လေးတွေလုပ်ယူနိူင်ပါတယ်။ အောက်ကတော့ လွယ်ကူတဲ့ Step လေးတွေပါ။

၁။ iTune ကိုဖွင့်လိုက်ပြီးတော့ ကိုယ်ပြောင်းချင်တဲ့ သီချင်းကို Select လုပ်လိုက်ပါတယ်။ အဲဒီနောက် Right-click လုပ်ပြီး “Get Info” ကိုရွေးပါတယ်။






၂။ အဲဒီနောက် ပေါ်လာတဲ့ Info Window က Option Tab ကိုသွားပါတယ်။ အဲဒီ Option Tab မှာ “Start Time” နဲ. “Stop Time” ရှိပါတယ်။ မိမိလိုချင်သတဲ့ အချိန်အတိုင်း “Start Time” နဲ့ “Stop Time” ကိုရိုတ်ထည်.လိုက်ပါ။ စက္ကန့် ၃၀ကျော်သွားတဲ့ Ringtone တွေက iPhone နဲ့ Sync လုပ်လို့မရတတ်ပါဘူး။ ဒါကြောင့် Ringtone ကို စက္ကန့် ၃၀ ကျော်မသွားအောင် သတိရထားရပါမယ်။ ဒါတြွေပီးသွားရင်တော့ “Remember playback position” ကို Check လုပ်ပြီး Ok!









၃။ အဲဒီနောက် Properties တွေပြောင်းထားတဲ့ သီချင်းကို Right-click လုပ်ပြီး “Create AAC Version” ကိုရွေးပြီးတော့ သီချင်းကို m4a file အဖြစ်ပြောင်းယူပါတယ်။ Original သီချင်းရဲ့အောက်မှာပဲ ပြောင်းထားတဲ့ သီချင်းပေါ်လာမှာပါ။ Properties မှာ Setting လုပ်ထားတဲ.အတိုင်း စက္ကန့် ၂၀ ပဲကြာပါတယ်။ 












၄။ ဒီသီချင်းကို Select လုပ်ပြီး Desktop ပေါ်ကို Drag ဆွဲပြီးယူလိုက်ပါ။ 












၅။ iPhone Ringtone ရဲ့ File Extension က .m4r ပါ။ အခု Desktop ပေါ်ကိုရောက်လာတဲ့ ဖိုင်ကတော့ .m4a ပါ။ ဒီ File Extension နှစ်ခုဟာ a နဲ့ r သာကွာပြီး ကျန်တာတွေအားလုံး အတူတူပါပဲ။ ဒါကြောင့် Rename ထဲကနေ File Extension ပြင်လိုက်တာနဲ့ iPhone Ringtone လေးရပါပြီ။ ဒီ Ringtone ကို iTune Libirary ထဲကိုထည့်လိုက်ရင် iTune ရဲ့ Ringtone အောက်မှာရောက်သွားပြီး iPhone နဲ့ Sync လုပ်ဖို့ အသင်.ပါပဲ။










တကယ်လို့ File Extension ကိုမတွေ့ရင်တော့ Control Panel=> Folder Option=> ကိုဝင်ပြီးပြင်ရပါမယ်။ Folder Option ရဲ့ View Tab မှာ “Hide extensions for known file types” ဆိုတာကို Uncheck လုပ်ပေးလိုက်ရင် File Extension မြင်ရပါမယ်။




အားလုံးပြီးသွားရင် “Start Time” “Stop Time” နဲ. “Remember Playback Position” တွေကိုပြန်ပြီး Uncheck လုပ်ဖို့ မမေ့နဲ့နော်…


ဒီ Post ကိုု Ringtone မလုုပ်တတ်သော ကျွန်တော့်ချစ်ရသူ အတွတ်ရည်ရွယ်ပါတယ်။


Nyan Lin






Tarot အပိုင်း(၂)

Tarot, The Symbolic Language

Tarot တွေဟာ သင်္ကေတတွေနဲ့ဖွဲ့စည်းထားတဲ့ ဘာသာစကားလို့လည်းပြောလို့ရပါတယ်။ ဂဏန်းသင်္ကေတတွေနဲ့ ရုပ်ပုံသင်္ကေတတွေပါ။ ဒီသင်္ကေတတွေကို ကျွန်တော်တို့ရဲ့စိတ်နဲ့ခံစား နားလည်ပြီးတော့ အတိတ်နဲ့ အနာဂတ်က အဖြစ်အပျက်တွေကို အာရုံခံတာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ် ဆိုရင် အချစ်နဲ့ ပတ်သက်တဲ့ သင်္ကေတ တခုအဖြစ်လက်ခံထားတဲ့ နှင်းဆီပန်းမှာတောင် အနီရောင်ဆိုရင် “I love you” လို့ အဓိပ္ပါယ်ရပြီး အဝါရောင်ဆိုရင် “Congratulation” လို့အဓိပ္ပါယ်ရပါတယ်။ နှင်းဆီပွင့် ထက် ပိုပြီးကျယ်ပြန့်တဲ့ ဒီ Tarot တွေမှာ ဒီလို သင်္ကေတတွေ အမြောက်အများပါဝင်ပါတယ်။ ဒါကြောင့် Tarot ကိုလေ့လာတဲ့ အခါမှာ စာအုပ်ကြီးအတိုင်းလိုက်မလုပ်ဘဲ ဘာသာစကားတခုလို လေ့လာမှသာ Tarot ကပေးတဲ. Message အစစ်ကိုရရှိနိူင်ပါတယ်။ ဆရာမင်းသိင်္ခ ကတော့ Tarot ဟာ ဦးနှောက်နဲ့ လိုက်စားရမှာမဟုတ်ပဲ နှလုံးသားနဲ့ လိုက်စားရပါမယ်လို့ သူရဲ့ စာအုပ်တစ်အုပ်ထဲမှာ ရေးသားခဲ့ ဖူးပါတယ်။

Tarot and Numerology

ရှေးခေတ်ကနေစပြီး ယနေ့ခေတ်အထိ ဂဏန်းတွေရဲ့ စွမ်းအား၊ အဓိပ္ပါယ်နဲ့ ဆိုလိုချက်တွေကို ယုံကြည်ခဲ့ကြပါတယ်။ ဂရိ နဲ့ ဟီဘရူးလူမျိုးတွေက တီထွင်ခဲ့တဲ့ သချာင်္ပညာရပ် ပေါ်မှာ အခြေခံပြီး ဘီစီ ၆ရာစုလောက်က သချာင်္ပညာရှင် ပိုက်သာဂိုးရပ် က အနာဂတ်ကိုဟောကိန်းထုတ်ဖို့ စနစ်တခုကို တီထွင်ခဲ့ပါတယ်။ ဒီစနစ်က အရာအားလုံးဟာ သင်္ကေတအနေနဲ.ကိုယ်စားပြုပြီး ဒီသင်္ကေတတွေကို ဂဏန်းတွေအနေနဲ့ ပြန်ပြီး ဆက်သွယ်ထားတယ်လို့ဆိုပါတယ်။ ဂဏန်းတွေဟာ သချာင်္ပညာရပ်ထဲက သင်္ကေတတွေ အနေနဲ့သာမဟုတ်ပဲ စင်္ကြဝဠာအတွင်းမှာ လှည့်ပတ်သွားလာနေတဲ့ အရာအားလုံးရဲ့ သင်္ကေတတွေ ဖြစ်ပါတယ်တဲ့။ ဒီစနစ်မှာ ၁ ကနေ ၉ အထိဂဏန်း ၉လုံးပါဝင်ပြီး ဒီဂဏန်းတွေကို မူလဂဏန်း၉လုံးလို့ခေါ်ပါတယ်။ ဂဏန်း၁လုံးချင်းစီက မတူညီတဲ့ ကြိမ်နှုန်း တစ်မျိူးစီနဲ့ စင်္ကြဝဠာ အဝှမ်းပျံနှံ့အောင် တုန်ခါပါသတဲ့။ မတူညီတဲ့ ယဉ်ကျေးမူအမျိုးမျိူးမှာ ဂဏန်းတွေကို သင်္ကေတအမျိုးမျိုးနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဒီအထဲအမှာ ပိုက်သာဂိုးရပ် တီထွင်ခဲ့တဲ့ စနစ်ကတော့ ဒီနေ့ခေတ်အထိ အသုံးအများဆုံးပါတဲ့။ ကျွန်တော်တို့ မြန်မာအက္ခရာ မှာလည်း “က ခ ဂ ဃ င” ဆိုရင် တင်္နလာနံ နံပါတ် ၂၊ “စ ဆ ဇ စျ ည” ဆိုရင် အင်္ဂါနံ နံပါတ် ၃ စသဖြင့် ဂဏန်းဗေဒကို အသုံးချခဲ့ တာကိုတွေ့ နိုင်ပါတယ် ။ ဒီနေ့ သိပ္ပံပညာရှင်တွေကတော့ ဒီဂဏန်းဗေဒကို သချာင်္ပညာရပ် Mathematics မဟုတ်ဘဲ Pseudo mathematics အဖြစ်သာရည်ညွှန်းကြပါတော့တယ်။

Tarot တွေမှာ ဂဏန်းတွေရဲ့ အဓိပ္ပါယ်၊ ဆိုလိုချက်တွေ အများကြီးပါဝင်ပါတယ်။ Major Arcana Cards ဟာ ၂၂ ကဒ်ရှိတာမျိုး၊ ၁၁ ကဒ်မြောက်ကဒ်က The Justice ကဒ်ဖြစ်နေတာမျိုး၊ သုည သို.မဟုတ် Joker ကဒ်အဖြစ် The Fool ကဒ်ကိုအသုံးပြုတာမျိုးတွေကိုတွေ့ နိုင်ပါတယ်။ ၁၁ ဂဏန််းက ဂဏန်းဗေဒအရ အလွန်တရာ ဟန်ချက်ညီပြီး သာတူညီမျြှခင်း၊ မဟုတ်မခံခြင်းတွေကို ကိုယ်စားပြုပါတယ်။ နောက် Minor Arcana က Court Card တွေကို နံပါတ်တပ်ရာ မှာ King ကဒ်တွေကို ၁၊ Queen ကဒ်တွေကို ၂၊ Knight ကဒ်တွေကို ၃၊ Page ကဒ်တွေကိုတော့ ၄လို့တပ်တာကို တွေ့နိူင်ပါတယ်။

ဒီဂဏန်းတွေနဲ့ Tarot ဆက်သွယ်ချက်တွေကိုုအသုံးပြုပြီး Tarot အခင်းအကျင်းတခုနေနဲ. ကိစ္စတခုပြုလုပ်မယ့် နေ့ရက်ကိုရွေးချယ်တဲ့ အခါမျိုးမှာ အသုံးချနိူင်ပါတယ်။ ဥပမာ ဆိုင်တဆိုင်ဖွင့်ဖို့ အတွတ် နေ့ရက်ရွေးချယ်တဲ့အခါမှာ 30 ရက် 7လ 2010 မှာဖွင့်မယ့် ဆိုင်တစ်ဆိုင် အတွက်ဟောပြောတဲ့အခါမှာ -

ဒီနေ့စွဲမှာ ပါဝင်တဲ့ ဂဏန်းတွေကို တစ်လုံးတည်းရတဲ့ အထိ ပေါင်းလိုက်ပါမယ်။

3+0+7+2+0+1+0=13

1+3=4

အဲဒီနောက် Major Arcana ၂၂ချပ်ကို ကုလားဖန်ထိုးပြီး စားပွဲပေါ်မှာမှောက်ချပြီး ဖဲချိူးလိုက်ပါ။ ကျန်ခဲ့တဲ့ ဖဲချပ်တွေထဲက အပေါ်ဆုံးကနေ စရေရင် ၄ချပ်မြောက် ကဒ်ဟာ အဖြေပါ။ ဒီကဒ်ကိုကြည့် ပြီး အဲဒီရက်မှာ ဖွင့်မယ့်ဆိုင်ရဲ့ အနာဂက်ကိုပြောပြနိုင်ပါတယ်။ ဒီနည်းကို အသုံးပြုပြီးတော့ ရက်တစ်ရက်အတွက် ယေဘူယျ ဟောပြောရာမှာလဲ အသုံးပြုနိူင်ပါတယ်။ ဒီလို တစ်လုံးတည်း ရအောင်ပေါင်းထားတဲ့ ဂဏန်းတွေကိုတော့ Quintessential Numberလို့ခေါ်ပါတယ်။ ဒီနံပါတ်တွေမှာလဲ တစ်လုံးစီသီးခြား အဓိပ္ပါယ်တွေရှိကြပါတယ်။ အောက်က ဇယားလေးကတော့ ့ စာအုပ် တအုပ်ထဲမှာတွေ့ ဘူးတဲ့ Quintessential ဂဏန်းတွေရဲ့ အဓိပ္ပါယ်တွေပါ။



Tarot and Astrology

Tarot ကဒ်တစ်ကဒ်ချင်း စီဟာ ရာသီခွင်တွေနဲ့လည်း ဆက်စပ်နေပါတယ်။ ရာသီခွင်နဲ့ ပက်သက်ပြီး ဗဟုသုတရှိခဲ့မယ်ဆိုရင် Tarot နဲ့ ရာသီခွင်တွေရဲ့ ဆက်စပ်မူကနေ နောက်ထပ် factor တစ်ခု ထပ်တိုးပြီးဟောပြောလို့ရပါတယ်။ ကျွန်တော့် အနေနဲ့ ရာသီခွင်နဲ့ ပတ်သက်ပြီး ဗဟုသုတမရှိလို့ Tarot နဲ့ ရာသီခွင်တွေရဲ့ ဆက်စပ်မူကိုပဲဖော်ပြပေးလိုက်ပါတယ်။



အပိုင်း(၃) ဆက်ရန်

Friday, June 25, 2010

Amazon က Bill လား? Spam mail လား?

အခုရက်ပိုင်းမှာ Amazon ကပို.တဲ. email နဲ.ပုံစံတူတဲ. Spam တခုပံျ့နှံ့နေပါတယ်။ Amazon က ပိုတဲ. Bill email နဲ.တော်တော် ဆင်တူလို. လက်ခံရရှိသူတွေကို အလွယ်တကူပဲ လှည်.ဖျားနိူ်င်ပါတယ်။ Anti-virus နဲ. Internet Security software တင်ထားတယ်ဆိုရင်တော. ဒီ Software တွေက သတိပေး၊ ဖယ်ရှားပေး ပေမယ်. Spam mail လား Amazon ကပို.တဲ. တကယ်. Email လားဆိုတာ ခွဲခြားဖို. နည်းလေး Clue လေးတွေရှိပါတယ်။ အလွယ်တကူ ခွဲခြားနူိင်မယ်. နည်းလေး တွေကတော.-


Clue (1)

Amazon ကပို.တဲ. Email ဆိုရင် Register လုပ်ထားတဲ. User Name ကိုပဲ လိပ်မူပါတယ်။ ဒါပေမယ်. Spam mail ပို.တဲ. Spamer ကတော. User Name ကို မသိတဲ.အတွက် email address ကိုပဲလိပ်တပ်ပါတယ်။

Clue (2)

Amazon ကပို.တဲ. email မှာ Billing Address ကိုဖော်ပြပြီးတော. Spam mail မှာတော. Billing Address မပါပါဘူး။ User Name တောင်မသိမှတော. Billing Address ကတော. ဝေးပြီပေါ.။

Clue (3)

နောက်တခုကတော. Spam mail မှာပါတဲ. Link တွေက booksalon.kr ဆိုတဲ. Web site ကို ချိတ်ထားပါတယ်။ ဒီတော. Mouse ကို ဒီ link တွေပေါ်ထောက်ကြည်.လိုက်တာနဲ. ချိတ်ထားတဲ. Link ကို သိနိူင်ပါတယ်။ ပြီးတော. Anti Virus တို. Internet Security တို.Software တွေကလည်း ဒီ Link ကို click လုပ်လိုက်တာနဲ. ဒီ link ဟာ အန္တရယ်ရှိကြောင်း သတိပေးပါတယ်။ Anti Virus တင်မထားလို. Web site ကိုဝင်မိရင်ပဲဖြစ်ဖြစ်၊ Antivirus က သတိပေးနေတဲ.ကြားက အဲဒီ web site ကိုဇွတ်ဝင်ကြည်.ရင်တော. အဲဒီစက်က ကူးစက်ခံရပါပြီ။ ကူးစက်ခံရတယ်ဆိုတာ က သင်.စက်ထဲကို Trojan တခုထားခဲ.ပါမယ်။ သင်ရဲ. Email Account ထဲက Contact တွေဆီအားလုံးကို အလားတူ Spam mail တွေထပ်ပို.ပါတော.မယ်။

Clue (4)

ဒီ Spam mail ကို ပို.တဲ. Spamer က သချင်္ာတော်တော်လေးညံ့တဲ.ပုံပါပဲ။ သူပို.တဲ. Bill မှာ အပေါင်းမှားထားကို တွေ.နိူင်ပါတယ်။ အပေါင်းမှားထားလို. ငါ. Account ဝင်စစ်ကြည်.မှ ဖြစ်မယ်ဆိုပြီး View Account ဆိုတဲ. Link ကိုသွားမနှိပ်နဲ.ပေါ.။ 

Fake email/Spam mail




Real email


Nyan Lin





Wednesday, June 23, 2010

Tarot အပိုုင်း(၁)

မိတ်ဆက်






Tarot အကြောင်းကို မသိသေးတဲ. တခြားသူငယ်ချင်းတွေ အတွက် ကျွန်တော် သိသလောက် မျှဝေပေးလိုက်ပါတယ်။
Tarot Deck တစ်စုံမှာ Major Arcana နဲ. Minor Arcana ဆိုပြီး ၂ပိုင်းပါဝင်ပါတယ်။ Arcana ဆိုတာကတော. လျှို.ဝှက်ချက်လို. အဓိပ္ပါယ်ရပါတယ်။ ဆရာမင်းသိင်္ခကတော. မဟာမဥ္ဖူသာ နဲ.စူဠမဥ္ဖူသာ၊ အဓိက ကဒ်ပြားနဲ. သာမန်ကဒ်ပြား လို.ပြောပါတယ်။ Major Arcana မှာ ၂၂ချပ်ပါဝင်ပြီး Minor Arcana မှာတော. ၅၆ချပ်ပါဝင်ပါတယ်။ အစက Tarot မှာ Major Arcana ချည်း ၂၂ချပ်သာရှိပြီး ၁၄ရာစုနှစ်ရောက်မှ ကစားတဲ. အီတလီ ဖဲချပ်တွေကို Minor Arcana အနေနဲ.ထည်.သွင်းခဲ.ပါတယ်။ Tarot ဘယ်က စ သလဲဆိုတာကို ပြောကြတာတော. အမျိုးမျိုးပါပဲ။ သမိုင်းပညာရှင်တွေ၊ စာရေးဆရာတွေ၊ ရှေးဟောင်းသုတေသန ပညာရှင်တွေ အမျိုးမျိုးပြောကြလွန်းလို. ဘယ်ကအမှန်ဆိုတာ ယုံကြည်ဖို. ခက်ခက််ပါပဲ။ ဒါပေမယ်. ဒီ Tarot တွေဟာ အရှေ.တိုင်းက အစပြုခဲ. တယ်ဆိုတာတော. အားလုံးလက်ခံထားကြပါတယ်။ Major Arcana နဲ. Minor Arcana မှာ Major Arcana ဟာရှေ.တိုင်းက အစပြုခဲ.ပြီး Minor Arcana ကိုတော. ဥရောပရောက်မှ ထပ်ထည်.ခဲ.ကြတာပါ။ Major Arcana ကိုတချို.က ခရူးဆိတ်စစ်ပွဲ အတွင်းက သူရဲကောင်း Knight Templar က ဥရောပကို ယူဆောင်လာခဲ.တယ် လို.ဆိုပြီး တချို.ကတော. နေရာအနှံ လှည်.လည်သွားလာနေတဲ. ဂျစ်ပစီတွေက အီဂျစ်ကနေ ယူဆောင်လာတယ်လို.လဲ ယုံကြည်ကြပါတယ်။ ပရိုတက်စတင်.ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ. Antoine Court (နောက်တော. Antoine Court de Gèbelin လို.နာမည်ပြောင်းခဲ.ပါတယ်။) ကတော. Major Arcana တွေက Book of Thoth လို.ခေါ်တဲ. စာအုပ်ကနေဆင်းသက်တယ်လို. ဆိုပါတယ်။ Book of Thoth ဆိုတာကတော. အီဂျစ်မင်းသား Neferkaptah ရဲ.ဂူသင်းဂျိုင်းထဲကနေတွေ.ရှိခဲ.တဲ.စာအုပ်တစ်အုပ်ပါ။ Tarot ကိုုTaဆိုုသည်မှာ ရွှေနန်းတော် Rot ဆိုုသည်မှာ လမ်း။ ရွှေနန်းတော်သိုု.သွားသော လမ်းဟုု အဓိပ္ဗါယ်ဖွင်.ဆိုုသည် ကိုုလည်းတွေဘူးပါတယ်။



ဒီနေ့အချိန်မှာ Tarot အမျိုးမျိုးကို စျေးကွက်ထဲမှာ အလွယ်တကူရနိူင်ပါတယ်။ အီဂျစ်ပုံ တားရော.၊ တရုတ်ပုံ၊ အစုံအပြင် သိပ္ပံဝထ္ထုတွေထဲ စိတ်ကူးတွေအတိုင်းရေးဖန်တီးထားတဲ. တားရော.တွေအထိ စိတ်တိုင်းကျရွေးဝယ်လို.ရပါတယ်။ ဒီလိုပုံစံအမျိုးမျိုးရှိတဲ. Tarot Deck (Major Arcana နဲ. Minor Arcana၊ ၂မျိုးပေါင်းထားတဲ. Tarot တစ်ထုပ်ကို Tarot Deck လို.ခေါ်ပါတယ်)တွေထဲက ရှေးအကျပြီးအသိများတဲ. Tarot Deck အချို.နဲ. မိတ်ဆက်ပေးချင်ပါတယ်။ 



လက်ရှိTaort တွေထဲမှာ ရှေးအကျဆုံးလို. အသိများတဲ. Tarot Deck ကတော. ၁၅ရာစုနှစ်ကပေါ်ခဲ.တဲ. Visconti-Sforza Tarot Deck ပါ။ ၁၄၅၁ခုနှစ်က အီတလီမှာ Visconti-Sforza မိသားစုဝင်တွေအတွက် ဖန်တီး ခဲ.တယ်လိုဆိုပါတယ်။ ရ၈ကဒ်ရှိတဲ.အနက် ရ၄ကဒ်သာ ကျန်ပါတော့တယ်။ ကျန်တဲ.ကဒ်တွေကလည်း ကမ္ဘာအနှံ့မှာရှိတဲ. ပြတိုက်တွေမှာ ပျံ့န့ှံနေပါတယ်။ ဒီ Tarot Deck ဟာ လှပသေသပ်ပြီး အသေးစိတ်ရေးဆွဲထားလို. သမိုင်းအမွေအနှစ်တစ်ခု အဖြစ်စိတ်ဝင်စားကြပါတယ်။ အောက်က ပုံလေးတွေကတော. Visconti-Sforza Tarot Deck က Tarot အချို.ပါ။

Visconti-Sforza Tarot Deck က The Hermit ကဒ်

                                    
Visconti-Sforza Tarot Deck က The Moon ကဒ်

                                    
Visconti-Sforza Tarot Deck က The Star ကဒ်

နောက် Tarot Deck တစ်မျိုးကတော. ပြင်သစ် Tarot Deck ပါ။ ပြင်သစ်လို Tarot de Marseille (Tarot of Marseille) လိုအသိများပါတယ်။ ဒီTarot Deck မှာထူခြားတာက ကဒ်နံပါတ်တွေကို ရောမဂဏန်းနဲ.ရေးထားတာပါ။ ရောမဂဏန်းကို အသုံးပြုခဲ.တဲ. ရှေးအကျဆုံး Tarot Deck လို.ဆိုပါတယ်။ ၁၅ရာစုမှာ အီတလီမြောက်ပိုင်းမှာ ဖန်တီးခဲ.ပေ.မယ်. အီတလီမှာ အသုံးနည်းခဲ.ပြီး ၁၆ရာစုထဲရောက်မှ ပြင်သစ်မှာ အသုံးများလာပါတယ်။ ဒီတားရော.ရဲ. ဒီဇိုင်းဟာ ရှင်းလင်းပြီး နားလည်ရလွယ်ကူလို. စပြီး အသုံးပြုသူတွေ အတွက် သင်.တော်ပါသတဲ.။ အောက်က ပုံလေးတွေကတော. Tarot de Marseille Tarot Deck ကTarot အချို.ပါ။ Visconti-Sforza Tarot Deck လိုတော. မလှဘူးနော်။ ဒီTarot Deck ဟာ လက်တင်စကားပြော အသုံးပြုသူတြွေကားမှာ အရမ်းပေါ်ပြူလာဖြစ်ပါသတဲ.။


Tarot de Marseille က The Hermit ကဒ်


အင်္ဂလိပ်စကားပြောအသုံးပြုတြွေကားမှာတော. Rider-Waite လို.ခေါ်တဲ.Tarot Deck က လူကြိုက်များပါတယ်တဲ.။ ကျွန်တော့်ဆီမှာလည်း Rider Waite Tarot Deck တစ်ထုပ်ရှိပါတယ်။ ရုပ်ပုံနဲ. နောက်ခံတွေမှာ သင်္ကေတတွေအများအပြားပါတာကြောင်. အလွန်တရာမှ နားလည်ရ လွယ်ကူပါတယ်။ ဒီTarot Deck ဟာ Pamela Colman Smith လို.ခေါ်တဲ. အမျိုးသမီးက Arthur Edward Waite ရဲ. ညွန်ကြားမူနဲ. ရေးဆွဲခ့ဲပြီး Rider Company ကနေ ၁၉၀၉ခုနှစ်မှာ ရိုက်နှိပ်ဖြန်.ချီခဲ.ပါတယ်တဲ.။ ဒီTarot Deck မှာ ပါဝင်တဲ. သင်္ကေတတွေက ၁၉ရာစုမှာ ထင်ရှားခဲ.တဲ. ရှေ.ဖြစ်ဟောဆရာ Eliphas Levi ရဲ. လွှမ်းမိုးမူတွေ အများကြီးပါသတဲ.။ အောက်ကပုံလေးတွေ ကတော. Rider-Waite Tarot ပုံလေးတွေပါ။

Rider-Waite Tarot Deck က The Fool ကဒ််




Rider-Waite Tarot Deck က The Hermit ကဒ်



Rider-Waite Tarot Deck က The Star ကဒ််



Rider-Waite Tarot Deck က The Moon ကဒ််

နောက် Tarot တစ်မျိုးကတော. Aleister Crowley ရဲ.ညွန်ကြားချက်နဲ. Lady Frieda Harris ပြုလုုပ်ခဲ.တဲ. Thoth Tarot ပါ။ ဒီကဒ်တွေကိုု အသုံုးပြု ဖိုု. Aleister Crowleyက The Book of Thoth ကိုုလည်း ထုုတ်ဝေခဲ.ပါသေးတယ်။ ဒီကဒ်တွေကိုုုုပြုလုုပ်ဖိုု.အတွတ် အချိန် ၆လသာ လျာထားခဲ.ပေမယ်. ၁၉၃၈ ကနေ ၁၉၄၃ထိ ၅နှစ်လောက် အချိန်ယူခဲ.ပါတယ်။

The Thoth Tarot Deck က Tarot ကဒ်တချို.



အပိုုင်း(၂) ဆက်ရန်





 

Friday, June 18, 2010

Data Security and iPad










iPad usersပေါင်း 114,000လောက်ရဲ. User ID, email နဲ. Password တွေဟာပေါက်ကြားခဲ.ပါတယ်။ Goatse Security လို.အမည်ခံထားတဲ. Hackers တွေက AT&T Web Site ရဲ. Flaw တခုကိုအသုံးချပြီး ဒီ Data တွေကိုရယူခဲ.တာပါတဲ.။ 3G iPad တွေသာ Hack လုပ်ခံခဲရတာဖြစ်ပြီး Wi-fi version တွေကတော. လွတ်မြောက်ခဲ.ပါသတဲ.။ ဒီHack လုပ်ခံရတဲ. iPad ပိုင်ဆိုင်သူတွေထဲမှာ အရေးကြီးတဲ. စစ်ဘက်ဆိုင်ရာ အမူထမ်းတွေ၊ လွှတ်တော် အမတ်တွေ၊ တရားရေးဌာနက အမူထမ်းတွေ၊ နာဆာနဲ. သတင်းနဲ.စာနယ်ဇင်း company တချို.ကသူတွေပါတယ်။ ဒီကိစ္စအတွတ် AT&T က တောင်းပန်ပေမယ်. Apple ကတော. AT&T ပေါ်မှာပဲ အပြစ်ပုံချထားပါတယ်။ ဒီကိစ္စနဲ.ပက်သက်ပြီး FBI ကလည်းစုံစမ်းနေပါတယ်တဲ.။ FBI ကသာစုံစမ်းမယ်ပြောနေတာ Hackers တွေကတော. သူတို.ရဲ. web site မှာ သူတို.ရယူထားတဲ. User ID တွေနဲ. Email နမူနာကိုဖော်ပြပြီးသွားပါပြီ။ သေးစိတ်စာရင်းလည်း သတင်းထောက်တွေနဲ. Gizmodo ကိုပေးခဲ.ပါတယ်။
AT&T ဟာ အမေရိကန်ပြည်ထောင်စုက 3G iPad တွေရဲ. တဦးတည်းသော Network Provider အဖြစ် ၂၀၁၂အထိ လုပ်ကိုင်ခွင်.ရထားပါတယ်။ ကျွန်တော်သိချင်တာကတော. တခြား Network Provider တွေနဲ. တခြားနိူင်ငံတွေမှာပါ ဒီလိုကိစ္စမျိုးဖြစ်လာမလားဆိုတာပါပဲ။ iPhoneကရော ဒီလိုအဖြစ်လွတ်မြောက်ပါ.မလား? ဒီနေ.မှာ ကျွန်တော်တို.တွေ လမ်းလျှောက်ရင်း email check လို.ရသလို၊ Bank Acc တွေကို Access လုပ်လို.ရသလို၊ လမ်းလျှေက်ရင်ပဲ အရေးကြီးတဲ. Data တွေကုန်မှာ စိုးရိမ်လှပါတယ်။ Authorities တွေစုံစမ်းတာ Service Provider က တောင်းပန်တာနောက် ကိုယ် Data ကအရင်ကုန်မှာပါ။ ဒီလို ဖွင်.ဟပြောဆိုခဲ.တဲ. Hackers တွေနဲ.ဆိုတော်သေးတယ်။ မပြောဘဲလုပ်ချင်တာလုပ်သွားမယ်. Hacker မျိုးဆိုရင်တော. ခံရမယ်သူက…….
ဘယ်သူလဲဆိုတာသိတယ်နော်…. :)

Nyan Lin




Ref:
  1. FBI iPad Investigation
  2. http://security.goatse.fr/

YouTube Video Editor






၂၀၀၅ ခုနှစ်ကစတင်ခဲ.ပြီး ၅နှစ်သက်တမ်းရှိ ပြီး ၊ Video Sharing Website ဖြစ်တဲ. YouTube ဟာ YouTube Video Editor ကို ဇွန်လ ၁၅ရက်နေက မိတ်ဆက်လိုက်ပါတယ်။
Video Editing လုပ်ဖို.အတွတ်ဆို Adobe Premier Pro တို.၊ Window Movie Maker တို.၊ iMovie တို.ကိုပြေးမြင်တတ်ကြပါတယ်။ အခုတော. YouTube Video Editor အသစ်ထပ်တိုးလာပါပြီပေါ.။ ဒါပေမယ်. မတူတာက YouTube Video Editor ကို သုံးဖို.အတွတ်ဆိုရင် YouTube Account ဒါမှမဟုတ် Google Account တခုရှိရပါမယ်။ ပြီးတော. Edit လုပ်မယ်. Video ကို အရင် YouTube ကို Upload လုပ်ရပါမယ်။ Upload မလုပ်ရင်တော. Edit လုပ်လို.မရပါဘူး။ ပြီးတော. သူများ Upload လုပ်ထားတွေတော. ပြင်လို.မရပါဘူး။ ကိုယ် Edit လုပ်ချင် ကိုယ်ဘာသာတင်ပေါ.တဲ.။
YouTube Video Editor ကို Sign in လုပ်လိုက်တာနဲ. Video နဲ. Audio Tab တွေကို တွေ.ရမှာပါ။ ကိုယ် Upload လုပ်ထားတဲ. Video တွေကို အောက်က Panel ထဲ Drag ဆွဲချပြီး Edit လုပ်ယုံပါပဲ။ Video တွေကိုသာ Uploadလုပ်ဖို.လိုတာ၊ Audio နဲ. Music Track ကိုတော. Upload မလုပ်ဘဲ YouTube ရဲ. AudioSwap library ကနေလည်းယူသုံးလို.ရပါတယ်။ AudioSwap library ကAudio Tab ကိုclick လုပ်ယုံနဲ.ဝင်လို.ရပါတယ်။ Video Demo ကြည်.ချင်ရင်တော. ဒီနေရာမှာ ကြည်.လိုရပါတယ်။ YouTube Video Editor ကအသစ်ဖြစ်တဲ.အတိုင်း ချွတ်ယွင်းချက်တွေတော.ရှိမှာပါပဲ။
YouTube Video Editor အစားတခြား Online Video Editor စမ်းကြည်.ချင်တယ်ဆိုရင်တော. Jaycut ကိုလည်းစမ်းကြည်.လို.ရပါတယ်။ ကဲ YouTube Video Editor ကိုသုံးပြီး Video အလန်းလေးတွေရလာရင်လည်း လက်တို.လိုက်ဦးနော်…

Nyan Lin

Ref:Hands On With YouTube's New Video Editor









Thursday, June 17, 2010

WhatsApp











ပိုက်ဆံမကုန်ဘဲ Message ပို.လိုရတဲ. App လေးပါ။WhatsApp ပါတဲ.။

Text Message တင်မကပဲ Audio Note၊ Contact၊ ဓါတ်ပုံနဲ. Video ဖိုင်ကို ကြိုက်သလောက် အလကားပို.လို.ရပါတယ်။ ပိုထူးခြားတာက ကိုယ်ရောက်နေတဲ. နေရာကို Share လုပ်လို.ရတာပါ။

3G၊ Edge၊ ဒါမှမဟုတ် Wi-fi ရှိမယ်ဆိုရင် Wi-fi ကို သုံးပြီးပို.ပေးတာပါ။

iPhone ၊ iPod touch နဲ.Blackberry ဖုန်းတွေမှာ Install လုပ်လို.ရပါတယ်။ Android နဲ. Nokia Symbian တွေလဲ မကြာခင် ဒီ App ကိုသုံးလို.ရမယ်ဆိုပဲ။

iTune App Store မှာ “WhatsApp” ရိုတ်ထည်.ပြီးရှာလို.ရသလို WhatsApp Website Download Page ကနေလဲ Download လုပ်ယူလို.ရပါတယ်။ iTune Store မှာတော.
$0.99ပါတဲ.။


Nyan Lin

Thursday, June 3, 2010

New Mac Spyware



Mac computer တွေအတွတ် Security နဲ. Privacy Software တွေထုုတ်လုုပ်နေတဲ. Intego Company က
Spyware အသစ်ခုုဖြစ်တဲ. OSX/OpinionSpy တွေရှိခဲ.တယ်လိုု. ဇွန်လ ၁ရက်နေ.က ကြေညာခဲ.ပါတယ်။ ဒီSpyware ဟာ Mac computer တွေအတွတ် ရည်ရွယ်တဲ. Applications နဲ. Screen savers တွေမှာတွေရှိခဲ.ပြီး Freeware အနေနဲ. Web Site အမိျုးမျိုးကနေဖြန်.ချိပေးနေတာပါတဲ.Screen saver လှလှလေးတွေတိုု.Free Game . ိုတွေဆိုု သိပ်ပြီးလက်မလွယ်နဲ.ပေါ.။ အဲဒီ Spyware က File တွေ Scan တာကအစ User ရဲ.လုုပ်ဆောင်ချတ်တွေ Record ပြီး၊ အဲဒီ Information တွေကိုု သူ.ရဲ. Server ဆီကိုုပြန်ပိုု.ပေးပါသတဲ.Bank Account တွေ Username နဲ. Password တွေ၊ ကအစ ဘယ် Site ကိုုဝင်.ကြည်. ဘယ် Blogဖတ်၊ ဘယ်လိုုကြူနေဆိုုတာတွေပါ သူ.ရဲ Server ကိုုပြန်ပိုု.ပေးတာဆိုုတော. တော်တော်လေး စပ်စပ်စုုစုုနိူင်တာပေါ.နော်။

တကယ်တော. Application တွေမှာSpyware တည်.သွင်းထားတာမဟုုတ်ပါဘူး။ Application ကိုု Install လုုပ်နေတုုန်းမှာ ဒီSpyware ကိုု Download လုုပ်ပြီး  ဒီ Spyware ကတဆင်.  PremierOpinion လိုု.ခေါ်တဲ. Application ကိုု Install လုုပ်သားတာပါ။

PremierOpinion ဆိုုတာကတော. လူတွေ Internet ကိုုဘယ်လိုုသုံုးတယ် ဘာအတွတ်သုံုးတယ် ဘယ်လိုုစိတ်ဝင်းစားမူတွေနဲ. သုံုးတယ်ဆိုုတာကိုု သုုသေသန လုုပ်နေတဲ. Community တခုုပါ။ အဲဒီ Community ကိုုဝင်ရင် သူ.မှာရှိတဲ. Privac Policies တွေကိုုလက်ခံရပါတယ်။ အဲဒီ Policies တွေကိုု လက်ခံလိုုက်ပြီဆိုုတာနဲ. ကိုုယ်.ရဲ. UserIDPasswordCredit Card NumebersAccount Numbers တွေ ကိုုတရားဝင် Collect လုုပ်ပါတော.တယ်။ သူ.ရဲ. Policy မှာ User က မကြိုက်ရင် အခိျန်မရွေး Uninstall လုုပ်လိုု.ရပါတဲ.။ ဒါပေမယ်. တခြား Third Party Software တွေကိုု သုံုးပြီး တော. Uninstall မလုုပ်ရပါဘူးတဲ.Window Add/Remove Program ကိုုသာသုံုးပြီးဖယ်ရှားရပါမယ်တဲ.ပြီးတော. အဲဒီ Software က အလိုုအလျောက် Update Repair နဲ. Reinstall ကိုုလည်း User အလိုုအလျောက်လုုပ်ဦးမှာပါတဲ.Window PC တွေမှာ Window Add/Remove Program သုံုးပြီး ဖယ်ရှားလိုု.ရတယ်လိုု.ပြောပေမယ်. Mac Computer မှာဘယ်လိုု ဖယ်ရှားရမယ်ဆိုုတာတော. ပြောမထားပါဘူး။

Window Computer တွေမှာ ဒီလိုု Spyware မျိုးကိုု  ၂၀၀၈ခုုနှစ်ကတည်းကတွေ.ခဲ.ကြပေ.မယ်. Macintosh တွေမှာတော. အခုုမှတွေ.ရှိကြောင်း ကြေညာခဲ.တာပါ။ Alert လုုပ်ခဲ.တဲ. Intego ကတော. သူ.ရဲ. VirusBarrier X5 နဲ. X6 ကဖယ်ရှားပေးနိူင်တယ်လိုု.ဆိုုပါတယ်။ Macintosh 2 လုံုးနဲ. Window PC ၁လုံုးအတွတ် VirusBarrier X6 Licence ကတော. USD 59.95 ပါတဲ.Macintosh 2 လုံုးအတွတ် ဆိုုရင်တော. USD 49.95ပါတဲ.

Intego ကပြောတဲ. Screen savers နဲ. Applications တွေကတော.

Screensaver-
·         Secret Land ScreenSaver v.2.8
·         Color Therapy Clock ScreenSaver v.2.8
·         7art Foliage Clock ScreenSaver v.2.8
·         Nature Harmony Clock ScreenSaver v.2.8
·         Fiesta Clock ScreenSaver v.2.8
·         Fractal Sun Clock ScreenSaver v.2.8
·         Full Moon Clock ScreenSaver v.2.8
·         Sky Flight Clock ScreenSaver v.2.8
·         Sunny Bubbles Clock ScreenSaver v.2.9
·         Everlasting Flowering Clock ScreenSaver v.2.8
·         Magic Forest Clock ScreenSaver v.2.8
·         Freezelight Clock ScreenSaver v.2.9
·         Precious Stone Clock ScreenSaver v.2.8
·         Silver Snow Clock ScreenSaver v.2.8
·         Water Color Clock ScreenSaver v.2.8
·         Love Dance Clock ScreenSaver v.2.8
·         Galaxy Rhythm Clock ScreenSaver v.2.8
·         7art Eternal Love Clock ScreenSaver v.2.8
·         Fire Element Clock ScreenSaver v.2.8
·         Water Element Clock ScreenSaver v.2.8
·         Emerald Clock ScreenSaver v.2.8
·         Radiating Clock ScreenSaver v.2.8
·         Rocket Clock ScreenSaver v.2.8
·         Serenity Clock ScreenSaver v.2.8
·         Gravity Free Clock ScreenSaver v.2.8
·         Crystal Clock ScreenSaver v.2.6
·         One World Clock ScreenSaver v.2.8
·         Sky Watch ScreenSaver v.2.8
·         Lighthouse Clock ScreenSaver v.2.8

Application-
·         MishInc FLV To Mp3, http://www.mishinc.info/mac_flv_to_mp3.php

ဇွန်လ ၂ရက်နေ.မှာတော. Intego က ဒ ီီSpyware ဟာ တခြား Spyware တခုဖြစ်တဲ. PermissionResearch Spyware ကို အလိုအလျေက်  Install လုပ်သွားကြောင်း သတိပေးချက်ထပ်ပြီး ထုပ်ပြန်ခဲ.ပါတယ်။ ပြီးတော. ဒီ Permission Research ဟာလည်း နောက်ထပ်တခြား Spyware တခုကိုထပ်ပြီး Install လုပ်နိူင်ပါသေးသတဲ.ဗျာ။ ဒီSpyware ကိုတွေ.ခဲ.တဲ. Intego ကတော. သူ.ရဲ. VirusBarrier X5 နဲ. X6 တွေရဲ. Update ကို အမြန်ဆုံး Downlaod လုပ်ဖို. တိုက်တွန်းထားပါတယ်။



Nyan Lin

Ref:
  1. Security Firm Discovers Spyware in Mac Software
  2. Intego: Leading Internet Security and Privacy Software
  3. PremierOpinion