Friday, June 25, 2010

Amazon က Bill လား? Spam mail လား?

အခုရက်ပိုင်းမှာ Amazon ကပို.တဲ. email နဲ.ပုံစံတူတဲ. Spam တခုပံျ့နှံ့နေပါတယ်။ Amazon က ပိုတဲ. Bill email နဲ.တော်တော် ဆင်တူလို. လက်ခံရရှိသူတွေကို အလွယ်တကူပဲ လှည်.ဖျားနိူ်င်ပါတယ်။ Anti-virus နဲ. Internet Security software တင်ထားတယ်ဆိုရင်တော. ဒီ Software တွေက သတိပေး၊ ဖယ်ရှားပေး ပေမယ်. Spam mail လား Amazon ကပို.တဲ. တကယ်. Email လားဆိုတာ ခွဲခြားဖို. နည်းလေး Clue လေးတွေရှိပါတယ်။ အလွယ်တကူ ခွဲခြားနူိင်မယ်. နည်းလေး တွေကတော.-


Clue (1)

Amazon ကပို.တဲ. Email ဆိုရင် Register လုပ်ထားတဲ. User Name ကိုပဲ လိပ်မူပါတယ်။ ဒါပေမယ်. Spam mail ပို.တဲ. Spamer ကတော. User Name ကို မသိတဲ.အတွက် email address ကိုပဲလိပ်တပ်ပါတယ်။

Clue (2)

Amazon ကပို.တဲ. email မှာ Billing Address ကိုဖော်ပြပြီးတော. Spam mail မှာတော. Billing Address မပါပါဘူး။ User Name တောင်မသိမှတော. Billing Address ကတော. ဝေးပြီပေါ.။

Clue (3)

နောက်တခုကတော. Spam mail မှာပါတဲ. Link တွေက booksalon.kr ဆိုတဲ. Web site ကို ချိတ်ထားပါတယ်။ ဒီတော. Mouse ကို ဒီ link တွေပေါ်ထောက်ကြည်.လိုက်တာနဲ. ချိတ်ထားတဲ. Link ကို သိနိူင်ပါတယ်။ ပြီးတော. Anti Virus တို. Internet Security တို.Software တွေကလည်း ဒီ Link ကို click လုပ်လိုက်တာနဲ. ဒီ link ဟာ အန္တရယ်ရှိကြောင်း သတိပေးပါတယ်။ Anti Virus တင်မထားလို. Web site ကိုဝင်မိရင်ပဲဖြစ်ဖြစ်၊ Antivirus က သတိပေးနေတဲ.ကြားက အဲဒီ web site ကိုဇွတ်ဝင်ကြည်.ရင်တော. အဲဒီစက်က ကူးစက်ခံရပါပြီ။ ကူးစက်ခံရတယ်ဆိုတာ က သင်.စက်ထဲကို Trojan တခုထားခဲ.ပါမယ်။ သင်ရဲ. Email Account ထဲက Contact တွေဆီအားလုံးကို အလားတူ Spam mail တွေထပ်ပို.ပါတော.မယ်။

Clue (4)

ဒီ Spam mail ကို ပို.တဲ. Spamer က သချင်္ာတော်တော်လေးညံ့တဲ.ပုံပါပဲ။ သူပို.တဲ. Bill မှာ အပေါင်းမှားထားကို တွေ.နိူင်ပါတယ်။ အပေါင်းမှားထားလို. ငါ. Account ဝင်စစ်ကြည်.မှ ဖြစ်မယ်ဆိုပြီး View Account ဆိုတဲ. Link ကိုသွားမနှိပ်နဲ.ပေါ.။ 

Fake email/Spam mail




Real email


Nyan Lin





No comments: