Wednesday, June 23, 2010

Tarot အပိုုင်း(၁)

မိတ်ဆက်






Tarot အကြောင်းကို မသိသေးတဲ. တခြားသူငယ်ချင်းတွေ အတွက် ကျွန်တော် သိသလောက် မျှဝေပေးလိုက်ပါတယ်။
Tarot Deck တစ်စုံမှာ Major Arcana နဲ. Minor Arcana ဆိုပြီး ၂ပိုင်းပါဝင်ပါတယ်။ Arcana ဆိုတာကတော. လျှို.ဝှက်ချက်လို. အဓိပ္ပါယ်ရပါတယ်။ ဆရာမင်းသိင်္ခကတော. မဟာမဥ္ဖူသာ နဲ.စူဠမဥ္ဖူသာ၊ အဓိက ကဒ်ပြားနဲ. သာမန်ကဒ်ပြား လို.ပြောပါတယ်။ Major Arcana မှာ ၂၂ချပ်ပါဝင်ပြီး Minor Arcana မှာတော. ၅၆ချပ်ပါဝင်ပါတယ်။ အစက Tarot မှာ Major Arcana ချည်း ၂၂ချပ်သာရှိပြီး ၁၄ရာစုနှစ်ရောက်မှ ကစားတဲ. အီတလီ ဖဲချပ်တွေကို Minor Arcana အနေနဲ.ထည်.သွင်းခဲ.ပါတယ်။ Tarot ဘယ်က စ သလဲဆိုတာကို ပြောကြတာတော. အမျိုးမျိုးပါပဲ။ သမိုင်းပညာရှင်တွေ၊ စာရေးဆရာတွေ၊ ရှေးဟောင်းသုတေသန ပညာရှင်တွေ အမျိုးမျိုးပြောကြလွန်းလို. ဘယ်ကအမှန်ဆိုတာ ယုံကြည်ဖို. ခက်ခက််ပါပဲ။ ဒါပေမယ်. ဒီ Tarot တွေဟာ အရှေ.တိုင်းက အစပြုခဲ. တယ်ဆိုတာတော. အားလုံးလက်ခံထားကြပါတယ်။ Major Arcana နဲ. Minor Arcana မှာ Major Arcana ဟာရှေ.တိုင်းက အစပြုခဲ.ပြီး Minor Arcana ကိုတော. ဥရောပရောက်မှ ထပ်ထည်.ခဲ.ကြတာပါ။ Major Arcana ကိုတချို.က ခရူးဆိတ်စစ်ပွဲ အတွင်းက သူရဲကောင်း Knight Templar က ဥရောပကို ယူဆောင်လာခဲ.တယ် လို.ဆိုပြီး တချို.ကတော. နေရာအနှံ လှည်.လည်သွားလာနေတဲ. ဂျစ်ပစီတွေက အီဂျစ်ကနေ ယူဆောင်လာတယ်လို.လဲ ယုံကြည်ကြပါတယ်။ ပရိုတက်စတင်.ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ. Antoine Court (နောက်တော. Antoine Court de Gèbelin လို.နာမည်ပြောင်းခဲ.ပါတယ်။) ကတော. Major Arcana တွေက Book of Thoth လို.ခေါ်တဲ. စာအုပ်ကနေဆင်းသက်တယ်လို. ဆိုပါတယ်။ Book of Thoth ဆိုတာကတော. အီဂျစ်မင်းသား Neferkaptah ရဲ.ဂူသင်းဂျိုင်းထဲကနေတွေ.ရှိခဲ.တဲ.စာအုပ်တစ်အုပ်ပါ။ Tarot ကိုုTaဆိုုသည်မှာ ရွှေနန်းတော် Rot ဆိုုသည်မှာ လမ်း။ ရွှေနန်းတော်သိုု.သွားသော လမ်းဟုု အဓိပ္ဗါယ်ဖွင်.ဆိုုသည် ကိုုလည်းတွေဘူးပါတယ်။



ဒီနေ့အချိန်မှာ Tarot အမျိုးမျိုးကို စျေးကွက်ထဲမှာ အလွယ်တကူရနိူင်ပါတယ်။ အီဂျစ်ပုံ တားရော.၊ တရုတ်ပုံ၊ အစုံအပြင် သိပ္ပံဝထ္ထုတွေထဲ စိတ်ကူးတွေအတိုင်းရေးဖန်တီးထားတဲ. တားရော.တွေအထိ စိတ်တိုင်းကျရွေးဝယ်လို.ရပါတယ်။ ဒီလိုပုံစံအမျိုးမျိုးရှိတဲ. Tarot Deck (Major Arcana နဲ. Minor Arcana၊ ၂မျိုးပေါင်းထားတဲ. Tarot တစ်ထုပ်ကို Tarot Deck လို.ခေါ်ပါတယ်)တွေထဲက ရှေးအကျပြီးအသိများတဲ. Tarot Deck အချို.နဲ. မိတ်ဆက်ပေးချင်ပါတယ်။ 



လက်ရှိTaort တွေထဲမှာ ရှေးအကျဆုံးလို. အသိများတဲ. Tarot Deck ကတော. ၁၅ရာစုနှစ်ကပေါ်ခဲ.တဲ. Visconti-Sforza Tarot Deck ပါ။ ၁၄၅၁ခုနှစ်က အီတလီမှာ Visconti-Sforza မိသားစုဝင်တွေအတွက် ဖန်တီး ခဲ.တယ်လိုဆိုပါတယ်။ ရ၈ကဒ်ရှိတဲ.အနက် ရ၄ကဒ်သာ ကျန်ပါတော့တယ်။ ကျန်တဲ.ကဒ်တွေကလည်း ကမ္ဘာအနှံ့မှာရှိတဲ. ပြတိုက်တွေမှာ ပျံ့န့ှံနေပါတယ်။ ဒီ Tarot Deck ဟာ လှပသေသပ်ပြီး အသေးစိတ်ရေးဆွဲထားလို. သမိုင်းအမွေအနှစ်တစ်ခု အဖြစ်စိတ်ဝင်စားကြပါတယ်။ အောက်က ပုံလေးတွေကတော. Visconti-Sforza Tarot Deck က Tarot အချို.ပါ။

Visconti-Sforza Tarot Deck က The Hermit ကဒ်

                                    
Visconti-Sforza Tarot Deck က The Moon ကဒ်

                                    
Visconti-Sforza Tarot Deck က The Star ကဒ်

နောက် Tarot Deck တစ်မျိုးကတော. ပြင်သစ် Tarot Deck ပါ။ ပြင်သစ်လို Tarot de Marseille (Tarot of Marseille) လိုအသိများပါတယ်။ ဒီTarot Deck မှာထူခြားတာက ကဒ်နံပါတ်တွေကို ရောမဂဏန်းနဲ.ရေးထားတာပါ။ ရောမဂဏန်းကို အသုံးပြုခဲ.တဲ. ရှေးအကျဆုံး Tarot Deck လို.ဆိုပါတယ်။ ၁၅ရာစုမှာ အီတလီမြောက်ပိုင်းမှာ ဖန်တီးခဲ.ပေ.မယ်. အီတလီမှာ အသုံးနည်းခဲ.ပြီး ၁၆ရာစုထဲရောက်မှ ပြင်သစ်မှာ အသုံးများလာပါတယ်။ ဒီတားရော.ရဲ. ဒီဇိုင်းဟာ ရှင်းလင်းပြီး နားလည်ရလွယ်ကူလို. စပြီး အသုံးပြုသူတွေ အတွက် သင်.တော်ပါသတဲ.။ အောက်က ပုံလေးတွေကတော. Tarot de Marseille Tarot Deck ကTarot အချို.ပါ။ Visconti-Sforza Tarot Deck လိုတော. မလှဘူးနော်။ ဒီTarot Deck ဟာ လက်တင်စကားပြော အသုံးပြုသူတြွေကားမှာ အရမ်းပေါ်ပြူလာဖြစ်ပါသတဲ.။


Tarot de Marseille က The Hermit ကဒ်


အင်္ဂလိပ်စကားပြောအသုံးပြုတြွေကားမှာတော. Rider-Waite လို.ခေါ်တဲ.Tarot Deck က လူကြိုက်များပါတယ်တဲ.။ ကျွန်တော့်ဆီမှာလည်း Rider Waite Tarot Deck တစ်ထုပ်ရှိပါတယ်။ ရုပ်ပုံနဲ. နောက်ခံတွေမှာ သင်္ကေတတွေအများအပြားပါတာကြောင်. အလွန်တရာမှ နားလည်ရ လွယ်ကူပါတယ်။ ဒီTarot Deck ဟာ Pamela Colman Smith လို.ခေါ်တဲ. အမျိုးသမီးက Arthur Edward Waite ရဲ. ညွန်ကြားမူနဲ. ရေးဆွဲခ့ဲပြီး Rider Company ကနေ ၁၉၀၉ခုနှစ်မှာ ရိုက်နှိပ်ဖြန်.ချီခဲ.ပါတယ်တဲ.။ ဒီTarot Deck မှာ ပါဝင်တဲ. သင်္ကေတတွေက ၁၉ရာစုမှာ ထင်ရှားခဲ.တဲ. ရှေ.ဖြစ်ဟောဆရာ Eliphas Levi ရဲ. လွှမ်းမိုးမူတွေ အများကြီးပါသတဲ.။ အောက်ကပုံလေးတွေ ကတော. Rider-Waite Tarot ပုံလေးတွေပါ။

Rider-Waite Tarot Deck က The Fool ကဒ််




Rider-Waite Tarot Deck က The Hermit ကဒ်



Rider-Waite Tarot Deck က The Star ကဒ််



Rider-Waite Tarot Deck က The Moon ကဒ််

နောက် Tarot တစ်မျိုးကတော. Aleister Crowley ရဲ.ညွန်ကြားချက်နဲ. Lady Frieda Harris ပြုလုုပ်ခဲ.တဲ. Thoth Tarot ပါ။ ဒီကဒ်တွေကိုု အသုံုးပြု ဖိုု. Aleister Crowleyက The Book of Thoth ကိုုလည်း ထုုတ်ဝေခဲ.ပါသေးတယ်။ ဒီကဒ်တွေကိုုုုပြုလုုပ်ဖိုု.အတွတ် အချိန် ၆လသာ လျာထားခဲ.ပေမယ်. ၁၉၃၈ ကနေ ၁၉၄၃ထိ ၅နှစ်လောက် အချိန်ယူခဲ.ပါတယ်။

The Thoth Tarot Deck က Tarot ကဒ်တချို.



အပိုုင်း(၂) ဆက်ရန်





 

No comments: