Wednesday, July 14, 2010

ကိုုရီးယား အပစ်အခတ်ရပ်နယ်မြေက စက်ရုုပ်

တောင် နဲ့ မြောက်ကိုုရီးယားကိုု ပိုုင်းခြားထားတဲ့ အပစ်အခတ်ရပ် နယ်မြေ (Demilitarized Zone, DMZ) ဟာ ၂မိုုင်ခွဲလောက်ကျယ်ပြီး မိုုင်၁၆၀ရှည်ပါတယ်။ မကြာခင်က တောင်ကိုရီးယားက ဒီနယ်စပ် တလေ ျှာက် မှာ စက်သေနတ်တွေ တပ်ဆင်ထားတဲ့ စက်ရုုပ်တွေကိုု ချထားခ့ဲပါတယ်။ သိပ္ပံရုုပ်ရှင်တွေထဲကလိုုပေါ့။

Samsung ကလုုပ်တဲ့ SGR-1 လိုု့အမည်ပေးထားတဲ့ စက်ရုုပ်တွေလိုု လိုု့ဆိုုပါတယ်။ ဒီစက်ရုုပ်တွေကိုု ၅.၅မီလီမီတာ စက်သေနတ်နဲ့ ၂မိုုင်လောက်ကအထိ တိုုင်းတာ နိုင်တဲ့ အပူနဲ့ လှုပ်ရှားမှု အာရုံုခံကိရိယာတွေ တပ်ဆင်ထားပါတယ်။ ဒီစက်ရုုပ်တွေဟာ တကယ် ကျည်ဆန်အစစ် သာမကပဲ ရာဘာကျည်ဆန်တုု နဲ့လည်း သတိပေးတဲ့အနေနဲ့ ပစ်ခတ်နိုင်ပါတယ်။ ဒီစက်ရုုပ်တွေကိုု အလိုုအလျောက် ပစ်ခတ်အောင် စီမံထားတာတော့ မဟုုတ်ပါဘူး။ ဒီစက်ရုုပ်ဟာ သူထောက်လှမ်းနေတဲ့ ဧရိယာထဲမှာ တစုံုတယောက် ဝင်လာတာကိုု သိရှိတာနဲ့ ထိမ်းချုပ်ရေးစခန်းကိုု သတင်းပိုု့ပေးမှာပါ။ ထိမ်းချုပ်ရေးစခန်းက စက်ရုုပ်မှာ တပ်ဆင်ထားတဲ့ ဗီဒီယိုု ကင်မရာကိုုသုံုးပြီး ဘယ်လိုုုုအရာလဲဆိုုတာ သိနိုင်ပါတယ်။ ဒါကြောင့် ဝင်တာတဲ့ တိရိစ္ဆာန်တွေကိုု မှားယွင်းပစ်ခတ်မိမှာ မဟုုတ်ပါဘူး။ အဲဒီနောက် စပီကာကိုု သုံုးပြီးမှလည်း လှမ်းပြီးဆက်သွယ် သတိပေးနိုင်ပါတယ်။ လှည့််ပြန်ရင်ပြန် မပြန်ရင်ပစ်မယ်ပေါ့။ အဲ့ဒီနောက် ရာဘာကျည်ဆန် နဲ့ပစ်ပြီး သတိပေးမလား တကယ်ပဲ ပစ်ခတ်တော့ မလားဆိုုတာ ထိမ်းချုပ်ရေး စခန်းရဲ့ အရာရှိက တိုုက်ရိုုက် ထိမ်းချုပ်အမိန့်ပေးမှာပါ။ ဒီစက်ရုုပ်ကြောင့် Commander တွေဟာ စစ်မြေပြင်ကိုု တိုုက်ရိုုက် ထိမ်းချုပ်အမိန့်ပေးနိုင်လာမှာပါ။

နောက်ပြီး ဒီစက်ရုုပ်တွေဟာ ရွေ့လျားလိုု့မရတဲ့ အတွက်ကြောင့် ရုုပ်ရှင်ဇတ်ကားတွေထဲကလိုု လူတွေကိုု အလိုုအလျောက်လိုုက်လံ ပစ်ခတ်နိုင်မှာ မဟုုတ်တာတော့ သေချာပါတယ်။

ဒီစက်ရုုပ်တွေကိုု ထုုတ်လုုပ်ခ့ဲတဲ့ Samsung Techwin ရဲ့ ပြောခွင်.ရပုုဂ္ဂိလ် Hun Kwang-hak က ဒီစက်ရုုပ်တွေကိုု စစ်သားတွေအစား အသုံုးပြုမှာ မဟုုတ်ဘဲ ပူးတွဲတာဝန်ထမ်းဆောင်စေမှာလိုု့ Stars and Strip ကိုုပြောကြားခဲ့ပါတယ်။ ဒီစက်ရုုပ်တွေကိုု ပြီးခဲ့တဲ့ လကစတင်ချထားခဲ့ပြီး အနည်းဆုံုး ဒီနှစ်အကုုန်လောက်ထိ ထားရှိသွားမယ်လိုု့ဆိုုပါတယ်။ ဒီစက်ရုပ် တစ်ရုုပ်ချထား တပ်ဆင်ဖိုု့ တစ်ရက် အချိန်ယူရပြီး စက်ရုုပ်ကုုန်ကျစရိတ်ဟာ အမေရိကန် ဒေါ်လာ ၂ သိန်းစီရှိပါတယ်။ စက်ရုုပ် အရေအတွက် ဘယ်လောက် ချထားသွားမယ် ဆိုုတာကိုုတော့ ပြောခွင့်ရ ပုုဂ္ဂိလ်က ဖြေဖိုု့ငြင်းဆိုုပါတယ်။





The SGR-1 ROBOT (Photo: Stars and Strips)

Nyan Lin



No comments: