Intel’s Lab ရဲ့ TV Remote Control ပါ။ Computer တွေမှာ User ကိုလိုက်ပြီး Wallpaper လို Environment လေးတွေပြောင်းတာမျိုး၊ Parental Control သုံးတာမျိုး ကို ဒီ Remote Control သုံးပြီး TV မှာလည်း အသုံးပြုဖို့ပါ။ ဒီ Remote Control ကိုသုံးပြီး ကိုယ်ကြိုက်တဲ့ Channel တွေမှတ်သားထားတာ၊ မိဘတွေက ကလေးတွေကို ဘယ်အချိန်မှသာ TV ကို ကြည့်ခွင့်ပေးပြီး ဘယ် Channel ကိုသာ ကြည့်ခွင့်ပေးမယ် စတာတွေကို Setting လုပ်ထားလို့ရပါတယ်။
ဒီ Remote Control မှာ လက်က ဘယ်လောက်လှုပ်ရှားဆိုတာကို တိုင်းတာဖို့ Acceleratometer တစ်ခုပါတယ်။ အဲဒီ Sensor က 100 nanoseconds တိုင်း Remote Control ကိုင်ထားတဲ့ လက်က ဘယ်လောက်လှုပ်ရှားဆိုတာကိုတိုင်းတာထားပါတယ်။ ဒီတိုင်းတာလိုရလာတဲ့ အချက်အလက်တွေကို အသုံးပြုပြီး အသုံးပြုသူရဲ့ အမူအကျင့်တွေကိုမှတ်သားထားတယ်လို့ ဆိုပါတယ်။ နောက်တခါ Remote Control ကိုပြန်ကိုင်လိုက်တဲ့ အချိန်မှာ အရင်တုန်းက ရှိတဲ့ အချက်အလက်တွေနဲ့ တိုက်ကြည့်ပြီး အသုံးပြုသူဟာ ဘယ်သူလဲဆိုတာကို စစ်ဆေးတာဖြစ်ပါတယ်။ ငြိမ်ငြိမ်လေးကိုင်ထားရင် ဘယ်သူ၊ လျှောက်ရမ်းနေရင် ဘယ်သူပေါ့။ ကျွန်တော်ကတော့ မသုံးချင်ဘူး။ လက်ငြိမ်ငြိမ်မနေတာ ပေါ်မှာစိုးလို့။
Intel ရဲ့ Remote Control
No comments:
Post a Comment