Friday, July 30, 2010

The Facebook Data Torrent

သင့်ရဲ့့ Facebook Privacy Setting မှာ အားလုံးကဝင်ကြည်လို့ရအောင် Privacy Setting မှာ လူတိုင်းကိုခွင့်ပြုပြီး Public လုပ်ထားပါသလား။ ခွင့်ပြုပေးထားခဲ့ရင်တော့ ှုSkull Security ကစုဆောင်းခဲ့တဲ့ Profiles ပေါင်း ၁၇၁ သန်းထဲမှာပါနေမလား။

Security Consultant တခုဖြစ်တဲ့ Skull Security က Facebook Account ၁၇၁သန်း ရဲ့ Profile တွေကို Collect လုပ်ခဲ့ပါတယ်။ ဒီလို Collect လုပ်ဖို့အတွက် Skull Security က Consultant တဦးဖြစ်တဲ့ Ron Bowes က Script တခုကို အသုံးပြုခဲ့ပါတယ်။ ဒီ Script ကိုအသုံးပြုပြီး နာမည်တွေနဲ့ Profile URL တွေကို Facebook Profile Directory ကနေစုဆောင်းခဲ့တာပါ။ Facebook Directory မှာ Public Search ခွင့်ပြုထားတဲ့ Facebook Profile တွေကို အလွယ်တကု ရှာဖြွေကည့်ရူလို့ရပါတယ်။Ron က Facebook Profile ပေါင်း ၁၇၁ သန်းရဲ့ နာမည်နဲ့ URL တွေကို စုဆောင်းနိုင်ခဲ့တဲ့ပါသတဲ့။ Facebook အသုံးပြုသူပေါင်း သန်း၅၀၀ ရှိလို့ အားလုံးရဲ့ သုံးပုံ တပုံရှိပါတယ်။ စုဆောင်းရရှိတဲ့ အချက်အလက်တွေကိုတော့ File တခုအဖြစ် Torrent ကနေဖြန့်ဝေပေးပါသတဲ့။


BitTorrent က Facebook Directory File

Directory ကလည်း Facebook ကို Log In ဝင်တဲ့သူအားလုံးက ကြည့်လိုရပြီး ဒီအချက်အလက်တွေထဲက အခိျု့ကို Google နဲ့ Bing ကနေတဆင့်ရှာဖွေလို့လဲရပါတယ်။ Private လုပ်ထားတဲ့ Profile တွေကို ထိလို့မရလို့ အန္တရယ်မရှိဘူးလို့တော့ ပြောလို့မရပါဘူး။ ပထမဆုံးအကြိမ်မှာပဲ Profile ပေါင်း ၁၇၁ သန်းကို File တခုတည်းမှာ လူတိုင်းက Access လုပ်လို့ရသွားပါပြီ။ ဒီ Directory ကို သုံးဖို့ Facebook ကို Log In ဝင်စရာမလိုတော့ပါဘူး။ email လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ၊ ဘယ်နေရာမှာနေတယ်ဆိုတာတွေ အားလုံးဟာ ဒီဖိုင်ထဲမှာ ရှိပါတယ်။ Spamer တွေဆို သိပ်ပြီး အကြိုက်တွေမလား မသိ။ spam ပို့စရာ email လိပ်စာပေါငိး ၁၇၁ သန်းကို တနေရာတည်းက ရလို့ပေါ့။ Private လုပ်ထားတဲ့ Profile တွေကနေ Data တွေ Collect လုပ်လို့မရခဲ့ဘူးဆိုပေမယ့် နောက်တခါ ဒီထက်ပိုကောင်းတဲ့ Data Mining Technique တွေသုံးလာရင်တော့ …

ဒီလိုမျိုး ကိုယ်ရဲ့ Profile ကို Public Search မှာရှာလို့မတွေ့စေချင်ဘူးဆိုရင်တော့ Accoutn=> Privacy Setting မှာပြင်လို့ရပါတယ်။





Sharing on Facebook Tab မှာ Friend Only ကိုရွေးပေးလိုက်ပါ။



ပြီးရင် Basic Directory Information က View setting ကို click လုပ်ပြီး အောက်ကပုံအတိုင်း ပြင်ပေးလိုက်ရင် Public Search ရော ကိုယ်ရဲ့သူငယ်ချင်းမဟုတ်တဲ့သူတွေကနေ လွတ်မြောက်နိုင်ပါတယ်။



Nyan Lin

No comments: