Friday, July 30, 2010

8 News on Window 8


Window XP၊ Window Vista နောက် Window 7။ အဲဒီနောက် Window 8။ Window 8 ကတော့ လာမယ့် ၂၀၁၁ နှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၁၂ အစောပိုင်းမှာ ထွက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Microsoft က သူရဲ့ ပါတနာတြွေဖစ်တဲ့ HP နဲ့တခြား OEM (Original Equipment Manufacturer) တွေကို Window 8 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖြန့်ဝေခဲ့ပါတယ်။ ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေအရ Window 8 မှာ Window 7 ထက်ဘာတွေပိုကောင်းလာမလဲဆိုတော့…


၁။ Passwords မပါဘဲ Log in လုပ်ခြင်း

ကျွန်တော်က အခန်းကိုဖြတ်ပြီး PC ဆီကိုလမ်းလျှောက်လာမယ်။ PC မှာတပ်ဆင်ထားတဲ့ Sensors တွေက ကျွန်တော်ရဲ့လှူပ်ရှားမူကို အာရုံခံပြီး ကျွန်တော်ဘယ်သူလဲဆိုတာကို ခွဲခြားပြီး PC ကို Sleep Mode ကနေ Standby Mode ကိုပြောင်းထားမှာပါ။ အဲဒီနောက် PC ရှေ့မှာထိုင်လိုက်တာနဲ့ ကျွန်တော်မျက်နှာကို Scan ဖတ်ပြီး Log in လုပ်သွားလိမ်မယ်တဲ့။ ကျွန်တော်တခြားနေရာကို ထသွားရင် တော့ PC က အလိုအလျောက် Lock လုပ်သွားမှာပါတဲ့။ ဒီလိုအချက်မျိုးကိုရဖို့အတွက် ဆိုရင်တော့ PC မှာ မိုက်၊ ကင်မရာ၊ GPS၊ အမြနနှုုန်းတိုင်းကိရိယာနဲ့ အပူချိန်တိုင်းကိရိယာ တွေပါဝင်ဖို့လိုပါလိမ့်မယ်။ ဒါမှသာ အသုံးပြုသူရဲ့ လှူပ်ရှားမူကို အာရုံခံနိုင်မှာပေါ့။ Window 8 နဲ့ဆိုရင် Website တွေကိုလဲ Passwords မပါဘဲ Log in ဝင်နိုင်လိမ့်မယ် လို့ဆိုပါတယ်။ စက်ထဲမှာ Passwords တွေအားလုံးသာ သိမ်းထားဆိုရင်တော့ ကိုကို Hacker တို့အကြိုက်ပေါ့။

၂။ One person, one setting

Window 8 မှာ Window identity user-centric ကိုသုံးမယ်လို့ဆိုပါတယ်။ ဆိုလိုတာက ဘယ်စက်မှာပဲ Log in ဝင်ဝင် မိမိရဲ့ ကိုယ်ပိုင် Theme၊ Personal Setting ကတော့ အတူတူပဲဖြစ်နေမှာပါ။ ကျွန်တော်တို့ Gmail မှာ Theme ထည့်ထားတဲ့နောက် ဘယ်နေရာကပဲသုံးသုံး ဒီ Theme ကမပြောင်းလဲသလိုပါပဲ။

၃။ Better Touch Screen

Microsoft က သူရဲ့ ပါတနာတွေကို iPad ရဲ့ Touch Screen ထက်ပိုကောင်းတဲ့ Touch Screen မျိုးကို ထုတ်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ Window 8 ကလည်း Slate/Tablet PC တွေရဲ့ accelerometer ၊ GPS တွေကို Support လုပ်သွားမယ်လို့ပြောပါတယ်။

၄။ Wireless TV ပေါ်က HD Movies

Window 8 က Movie တွေ Show တွေကို ဘယ် Screen ပေါ်မှာမဆိုကြည့်နိုင်အောင် တခြားနည်းပညာတွေ ထည့်သွင်းသွားမယ်လို့ဆိုပါတယ်။ ဒီနည်းပညာကြောင့် Online ကနေ Stream လုပ်ထားတဲ့ Movies တွေပဲဖြစ်ဖြစ် Hard disk ပေါ်မှာသိမ်းထားတဲ့ Movies ကိုပဲဖြစ်ဖြစ် HD TV ပေါ်ကနေကြည်လို့ရတော့မှာပါ။ Apple TV နဲ့ဆင်တူတယ်လို့ထင်ပါတယ်။

၅။ Windows App Store

Users တွေဟာ Windows App Store ကနေ App တွေ Download လုပ်နိုင်မယ်လို့ဆိုပါတယ်။ ဘယ်လို App မျိုးဆိုတာကိုတော့ မသိရသေးပေမယ့် Apple ရဲ့ http://store.apple.com/us/browse/home/shop_mac/software?mco=OTY2ODQyOQ Software Store နဲ့တူမယ်လို့ထင်ပါတယ်။

၆။ New Restore Setting

တခါတရံမှာ User တွေဟာ Virus ကြောင့်ပဲဖြစ်ဖြစ် တစ်ခြားအကြောင်းအရာတစ်ခုခုကြောင့် သူတို့ရဲ့ PC တွေကို Factory Default Setting အတိုင်းပြန်ရအောင် Restore လုပ်ရလေ့ရှိပါတယ်။ ဒီလိုလုပ်ရတဲ့ အခါမျိုးမှာ နှမြောစရာကောင်းတာက Data တွေပျက်သွားတာပါ။ ကိုယ့်အတွက်တန်ဖိုးထားရမယ့် File တွေဆိုရင်တော့ နာကျင်ခံစားရမှာမလွဲပါပဲ။ ပျင်းစရာကောင်းလောက်အောင် ပြန်ထည့်ရမယ် Software တွေ။ Microsoft က ဒီခံစားချက်တွေရှောင်ကွင်းနိုင်အောင် Restore option အသစ်တခုကို Window 8 မှာမိတ်ဆက်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီ Restore Option က User File နဲ့ Personalization Setting တွေကို ထိမ်းသိမ်းထားပြီး Software တြွေပန်ပြီး Install လုပ်ရာမှာလည်းလွယ်ကူမြန်ဆန်စေမယ်လို့ဆိုပါတယ်။

၇။ ပိုပြီးမြန်ဆန်လာမယ့် Boot Process

Window Vista မှာ စက္ကန့်လေးဆယ် (အမြန်ဆုံး) ကြာတဲ့ Boot Process ကို Window 7 မှာ ၂ရ စက္ကန့်သာကြာအောင် လုပ်ဆောင်ခဲ့ပါတယ်။ Microsoft က Window 8 မှာ ဒီထက်ပိုပြီးမြန်ဆန်လာအောင် လုပ်ဆောင်နေပါတယ်တဲ့။

၈။ 128 Bits OS

32 Bits OS။ နောက် 64 Bits OS။ Microsoft က Window 8 မှာ Quad Core Processors တွေကို အပြည့်အဝ အသုံးချနိုင်အောင် 128 Bits OS လည်း ထုတ်လုပ်မယ်လို့ဆိုပါတယ်။ Microsoft က OS တွေကို ဘယ်လိုပဲမြှင့်တင် မြှင့်တင် Developer တွေက OS နဲ့ ကိုက်တဲ့ Software တွေထုတ်ဦးမှပါ။ ဒီနေအချိန်မှာတောင် 64 Bits OS နဲ့ Compatible မဖြစ်တဲ့ Software တွေအများကြီးရှိပါသေးတယ်။

No comments: