Saturday, July 31, 2010

Open Source Facebook or Diaspora

Diaspora။  διασπορά  လို့ဂရိလိုစာလုံးပေါင်းတဲ့ ဒီစကားလုံးဟာ မျိုးစေ့တြွေဖန်ကြဲတယ်လို့ အဓိပ္ပါယ်ရပါတယ်။
Facebook ဟာဓါတ်ပုံတွေ ၊ ဗီဒီယိုတွေ ၊ Notes တွေ ၊ ကို အလွယ်တကူနဲ့ Share လုပ်လို့ရတဲ့ နေရာတခုပါ။ ဒါပေမယ့် Privacy Advocacy တွေကတော့ Facebook Users တွေဟာ သူတို့ရဲ့ Privacy ကို အပြည့်အဝ ထိမ်းချုပ်လို့မရဘူးလို့ဆိုပါတယ်။ Users တွေကို Privacy Control အပြည့်အဝပေးမယ်ဆိုတဲ့ Diaspora က Facebook ကို မကြိုက်တဲ့သူတွေရဲ့ နယ်မြေသစ်များဖြစ်လာလေမလား။
Facebook တို့ Gmail တို့ လို Cloud Service တွေက အသုံးပြုသူတွေအတွက် Privacy ပြသနာရှိတယ်ဆိုရင် ကိုယ်ပိုင် Web server နဲ့ သုံးမယ်ဆိုရင်ကော။ ကိုယ်ရဲ့ Server ဟာ ကိုယ့်ရဲ့ ထီးနန်း၊ ကိုယ့်ရဲ့ Server မှာ ကိုယ်ဟာဘုရင်၊ ဒီ Server မှာ ကိုယ်ကြိူက်တာလုပ်လို့ရတယ်။ ကိုယ့်ရဲ့ Privacy ကို ကိုယ့်ဘာသာ ပုံစံချလို့ရမယ်။
ကိုလံဘီယာ တက္ကသိုလ်က ဥပဒေပါမောက္ခ နဲ့ Software Freedom Law Center ရဲ့ ဥက္ကဌ Eben Moglen က ကိုယ်ပိုင် Personal Web Server လေးတွေကို အကြံပြုပါတယ်။ ဒီ Server လေးတွေက အိတ်ထဲထည့်သယ်သွားလို့ရအောင် သေးငယ်မှာဖြစ်ပါတယ်။ ဒီစက်ကလေးတွေကို Freedom Box လို့အမည်ပေးထားပါတယ်။ ဒီစက်ကလေးတွေမှာ Social Networking Software တမျိုးမျိုးကို ကြိုတင်ထည့်သွင်းထားမှာပါ။ ဒီစက်ကလေးတွေကို USD 29.99 နဲ့ရောင်းချဖို့ မျှော်လင့်ထားပါတယ်တဲ့။ ဒီစက်နဲ့ပတ်သက်ပြီး Configuration၊ Maintenance၊ ISP Term of Use စတာတွေနဲ့ ပက်သက်ပြီး  မေးခွန်းများစွာရှိမှာတော့သေချာပါတယ်။
ဒီ Freedom Box မှာကြိုတင်ထည့်သွင်းထားမယ့် Social Networking Software အတွက် Open Source Software တခုကို လျာထားပြီး ဒီ Project ကို Diaspora လို့ အမည်ပေးထားပါတယ်။ နယူးယော့ တက္ကသိုလ် က ကျောင်းသားလေးယောက် က ဆောင်ရွက်နေတာပါ။ ဒီ Project အတွက်ရန်ပုံငွေ စုဆောင်းရာမှာ လေးဆလောက်ပိုရရှိခဲ့တယ်လို့ဆိုပါတယ်။ Diaspora ကို Mac. Windows နဲ့ Linux တွေမှာ သုံးလို့ရမယ်လို့ဆိုပါတယ်။ တခြား Open Source Software တွေလိုပဲ Web site ကနေ Download လုပ်နိုင်မှာပါ။ ထောက်ပံသူတွေဆီကိုတော့ CD နဲ့ ဖြန့်ဝေသွားမယ်လို့ဆိုပါတယ်။ http://www.joindiaspora.com/ က ဒီ Project ရဲ့ Blog ပါ။
ဘယ်လိုုပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ တော့ Facebook ကနေစွန်ခွာဖြစ်လိမ့်မယ် မထင်ပါဘူး။ သူငယ်ချင်းတွေရှိတယ်လေ။ သူငယ်ချင်းတွေနဲ့သာဆိုု ငရဲပြည်လည်း သွားမှာပဲ။ လမ်းကနေပဲ လှည့်ပြန်လာမှာ။ :P



Nyan Lin

No comments: