Saturday, July 17, 2010

Blog ဆီကိုု ကျော်ကြမယ်





တချို့ က စာပေထဲမှာလဲ အဆိပ်ပါတယ်တဲ့။ ဘလော့ဂါတွေ မြန်မာစာဖျက်ဆီးတယ်တဲ့။ ဘာပဲပြောပြော ဘလော့ ဆိုုတာ ခံစားချက်တွေ ဗဟုုသုုတတွေ တွေကိုု မ ျှဝေကြဖိုု့ အကောင်းဆုံုးနေရာဆိုုတာ မမှားပါဘူး။ သတင်းတွေကိုု ဆတ်ဆတ်ထိမခံတဲ့ စိစစ်ရေးတြွေကားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန်ဝေခဲ့ကြလိုု ထိထိရောက်ရောက် နှိပ်ကွပ်နေတဲ့ နေရာမှာ ဘလော့တွေကိုု ဖတ်လိုုမရအောင် ပိတ်ထားတာ အားလုံုးအသိပါပဲ။

Web Site တွေကိုု မသွားပဲ Articlesတွကိုု RSS Reader တွေကနေတဆင့် ဖတ်လိုု့ရတာ သိကြပြီးသားပါ။ Outlook မှာပါတဲ့ RSS ၊ Mac Computer တွေက Mail Program မှာပါတဲ့ RSS၊Internet Explorer၊ Mozila၊ Firefox၊ Opera၊ Chrome၊ Flock၊ Safari စတဲ့ Browser တွေမှာပါတဲ့ RSS စသဖြင့် မြောက်များလှစွာသော RSS Reader တွေအများကြီးရှိပါတယ်။ ဒီနည်းတွေက အိမ်မှာ ရုံုးမှာ ကိုုယ်ပိုုင် ကွန်ပြုတာနဲ့ သုံုးကြသူတွေအတွတ် အဆင်ပြေပေမယ့် အင်တာနက်ဆိုုင်မှာ သုံုးရတဲ့ သူငယ်ချင်းများအတွက်ကတော့ ကိုု်ယ်မှတ်ထားတဲ့ RSS ကိုုလိျှု့ဝှက်ထားရမယ့် အကြောင်းကြောင့် အခက်အခဲရှိနိုုင်ပါတယ်။ မှတ်သားထားတဲ့ RSS တွေကိုု Gmail သုံုးရင်း ဖွင့်ကြည့်လိုု့ရမယ့် နည်းလေးပါ။ 

ပထမဆုံုး အနေနဲ့ Gmail ကိုု Log In ဝင်လိုုက်ပါ။ အဲဒီနောက် Reader Tab ကိုုသွားရပါမယ်။



ဒီဟာတော့ ဘာမှမလုုပ်ရသေးတဲ့ Google Reader အသစ်လေးပါ။



အဲဒီနောက် "Add a subscription” ကိုု click လုုပ်ပြီး မှတ်သားထားချင်တဲ့ Web Site၊ ဘလော့ လိပ်စာကိုု ရိုုတ်ထည့်ရပါမယ်။ ပြီးရင် "Add” ။



ပြီးပြီးချင်ပဲ Blog တခုုလုံုးက Post တွေအားလုံုးပေါ်လာမှာပါ။ ဒီနည်းနဲ့ Web Site တွေ၊ Blogတွေကိုု မှတ်သားထားနိုုင်ပါတယ်။



ပြန်ဖျက်ချင်တယ်ဆိုုရင်တော့ ဘေးက Side Bar ပေါ်က အောက်ခြေနားမှာ Manage Subscription ရှိပါတယ်။ အဲဒီမှာပြန်ဖျက်လိုု့ရပါတယ်။




ဒါမှမဟုုတ် Setting ကနေတဆင့် ဝင်ဖျက်လိုု့လဲရပါတယ်။ Setting=>Subscription.



ဒီ RSS Reader တွေကနေတဆင့် Blog Post တွေ၊ သတင်းတွေ၊ Web Site Articles တွေကိုု ဖတ်လိုု့ရပါတယ်။ ဒါပေမယ့် တကယ့် Web Siteရဲ့ တကယ့် Blog ရဲ့ Layout တွေ Themes တွေကိုု ခံစားလိုု့ရမှာ မဟုုတ်ပါဘူး။ နောက် Comments တွေပေးတာ စတဲ့ Feedback တွေလဲပေးလိုု့ရမှာ မဟုုတ်ပါဘူး။

ဒီ Post ကိုုမြန်မာနိုင်ငံက ကျွန်တော့့်ဘလော့ကိုု ကြည့်လိုု့မရဘူးဆိုုတဲ့ သူယ်ချင်းတွေ အတွက်ရည်ရွယ်ပါတယ်။

Nyan Lin

Wednesday, July 14, 2010

ကိုုရီးယား အပစ်အခတ်ရပ်နယ်မြေက စက်ရုုပ်

တောင် နဲ့ မြောက်ကိုုရီးယားကိုု ပိုုင်းခြားထားတဲ့ အပစ်အခတ်ရပ် နယ်မြေ (Demilitarized Zone, DMZ) ဟာ ၂မိုုင်ခွဲလောက်ကျယ်ပြီး မိုုင်၁၆၀ရှည်ပါတယ်။ မကြာခင်က တောင်ကိုရီးယားက ဒီနယ်စပ် တလေ ျှာက် မှာ စက်သေနတ်တွေ တပ်ဆင်ထားတဲ့ စက်ရုုပ်တွေကိုု ချထားခ့ဲပါတယ်။ သိပ္ပံရုုပ်ရှင်တွေထဲကလိုုပေါ့။

Samsung ကလုုပ်တဲ့ SGR-1 လိုု့အမည်ပေးထားတဲ့ စက်ရုုပ်တွေလိုု လိုု့ဆိုုပါတယ်။ ဒီစက်ရုုပ်တွေကိုု ၅.၅မီလီမီတာ စက်သေနတ်နဲ့ ၂မိုုင်လောက်ကအထိ တိုုင်းတာ နိုင်တဲ့ အပူနဲ့ လှုပ်ရှားမှု အာရုံုခံကိရိယာတွေ တပ်ဆင်ထားပါတယ်။ ဒီစက်ရုုပ်တွေဟာ တကယ် ကျည်ဆန်အစစ် သာမကပဲ ရာဘာကျည်ဆန်တုု နဲ့လည်း သတိပေးတဲ့အနေနဲ့ ပစ်ခတ်နိုင်ပါတယ်။ ဒီစက်ရုုပ်တွေကိုု အလိုုအလျောက် ပစ်ခတ်အောင် စီမံထားတာတော့ မဟုုတ်ပါဘူး။ ဒီစက်ရုုပ်ဟာ သူထောက်လှမ်းနေတဲ့ ဧရိယာထဲမှာ တစုံုတယောက် ဝင်လာတာကိုု သိရှိတာနဲ့ ထိမ်းချုပ်ရေးစခန်းကိုု သတင်းပိုု့ပေးမှာပါ။ ထိမ်းချုပ်ရေးစခန်းက စက်ရုုပ်မှာ တပ်ဆင်ထားတဲ့ ဗီဒီယိုု ကင်မရာကိုုသုံုးပြီး ဘယ်လိုုုုအရာလဲဆိုုတာ သိနိုင်ပါတယ်။ ဒါကြောင့် ဝင်တာတဲ့ တိရိစ္ဆာန်တွေကိုု မှားယွင်းပစ်ခတ်မိမှာ မဟုုတ်ပါဘူး။ အဲဒီနောက် စပီကာကိုု သုံုးပြီးမှလည်း လှမ်းပြီးဆက်သွယ် သတိပေးနိုင်ပါတယ်။ လှည့််ပြန်ရင်ပြန် မပြန်ရင်ပစ်မယ်ပေါ့။ အဲ့ဒီနောက် ရာဘာကျည်ဆန် နဲ့ပစ်ပြီး သတိပေးမလား တကယ်ပဲ ပစ်ခတ်တော့ မလားဆိုုတာ ထိမ်းချုပ်ရေး စခန်းရဲ့ အရာရှိက တိုုက်ရိုုက် ထိမ်းချုပ်အမိန့်ပေးမှာပါ။ ဒီစက်ရုုပ်ကြောင့် Commander တွေဟာ စစ်မြေပြင်ကိုု တိုုက်ရိုုက် ထိမ်းချုပ်အမိန့်ပေးနိုင်လာမှာပါ။

နောက်ပြီး ဒီစက်ရုုပ်တွေဟာ ရွေ့လျားလိုု့မရတဲ့ အတွက်ကြောင့် ရုုပ်ရှင်ဇတ်ကားတွေထဲကလိုု လူတွေကိုု အလိုုအလျောက်လိုုက်လံ ပစ်ခတ်နိုင်မှာ မဟုုတ်တာတော့ သေချာပါတယ်။

ဒီစက်ရုုပ်တွေကိုု ထုုတ်လုုပ်ခ့ဲတဲ့ Samsung Techwin ရဲ့ ပြောခွင်.ရပုုဂ္ဂိလ် Hun Kwang-hak က ဒီစက်ရုုပ်တွေကိုု စစ်သားတွေအစား အသုံုးပြုမှာ မဟုုတ်ဘဲ ပူးတွဲတာဝန်ထမ်းဆောင်စေမှာလိုု့ Stars and Strip ကိုုပြောကြားခဲ့ပါတယ်။ ဒီစက်ရုုပ်တွေကိုု ပြီးခဲ့တဲ့ လကစတင်ချထားခဲ့ပြီး အနည်းဆုံုး ဒီနှစ်အကုုန်လောက်ထိ ထားရှိသွားမယ်လိုု့ဆိုုပါတယ်။ ဒီစက်ရုပ် တစ်ရုုပ်ချထား တပ်ဆင်ဖိုု့ တစ်ရက် အချိန်ယူရပြီး စက်ရုုပ်ကုုန်ကျစရိတ်ဟာ အမေရိကန် ဒေါ်လာ ၂ သိန်းစီရှိပါတယ်။ စက်ရုုပ် အရေအတွက် ဘယ်လောက် ချထားသွားမယ် ဆိုုတာကိုုတော့ ပြောခွင့်ရ ပုုဂ္ဂိလ်က ဖြေဖိုု့ငြင်းဆိုုပါတယ်။





The SGR-1 ROBOT (Photo: Stars and Strips)

Nyan Lin



Tuesday, July 13, 2010

ဘယ်လောက်ရမ်းသလဲတိုင်းမယ့် Remote Control

ဒီနေ့ ခေတ်မှာ ဘယ်သူလဲဆိုတာမှတ်မိဖို့ အတွက်သုံးတဲ့ User Identifying System တော်တော်များများရှိပါတယ်။ Password သုံးတဲ့ စနစ်၊ လက်ဗွေသုံးတဲ့စနစ်၊ အသံကိုသုံးတဲ့ စနစ်၊ မျက်စီရဲ့ အနောက်မှာရှိတဲ့ သွေးကြောလေးတွေရဲ့ ပုံစံကိုသုံးတဲ့ စနစ်၊ မျက်နှာပုံစံကိုသုံးတဲ့ စနစ် စသဖြင့် အသုံးပြုတဲ့နေရာပေါ်မူတည်ပြီး အများကြီးရှိပါတယ်။
Intel’s Lab ရဲ့ TV Remote Control ပါ။ Computer တွေမှာ User ကိုလိုက်ပြီး Wallpaper လို Environment လေးတွေပြောင်းတာမျိုး၊ Parental Control သုံးတာမျိုး ကို ဒီ Remote Control သုံးပြီး TV မှာလည်း အသုံးပြုဖို့ပါ။ ဒီ Remote Control ကိုသုံးပြီး ကိုယ်ကြိုက်တဲ့ Channel တွေမှတ်သားထားတာ၊ မိဘတွေက ကလေးတွေကို ဘယ်အချိန်မှသာ TV ကို ကြည့်ခွင့်ပေးပြီး ဘယ် Channel ကိုသာ ကြည့်ခွင့်ပေးမယ် စတာတွေကို Setting လုပ်ထားလို့ရပါတယ်။
ဒီ Remote Control မှာ လက်က ဘယ်လောက်လှုပ်ရှားဆိုတာကို တိုင်းတာဖို့ Acceleratometer တစ်ခုပါတယ်။ အဲဒီ Sensor က 100 nanoseconds တိုင်း Remote Control ကိုင်ထားတဲ့ လက်က ဘယ်လောက်လှုပ်ရှားဆိုတာကိုတိုင်းတာထားပါတယ်။ ဒီတိုင်းတာလိုရလာတဲ့ အချက်အလက်တွေကို အသုံးပြုပြီး အသုံးပြုသူရဲ့ အမူအကျင့်တွေကိုမှတ်သားထားတယ်လို့ ဆိုပါတယ်။ နောက်တခါ Remote Control ကိုပြန်ကိုင်လိုက်တဲ့ အချိန်မှာ အရင်တုန်းက ရှိတဲ့ အချက်အလက်တွေနဲ့ တိုက်ကြည့်ပြီး အသုံးပြုသူဟာ ဘယ်သူလဲဆိုတာကို စစ်ဆေးတာဖြစ်ပါတယ်။ ငြိမ်ငြိမ်လေးကိုင်ထားရင် ဘယ်သူ၊ လျှောက်ရမ်းနေရင် ဘယ်သူပေါ့။ ကျွန်တော်ကတော့ မသုံးချင်ဘူး။ လက်ငြိမ်ငြိမ်မနေတာ ပေါ်မှာစိုးလို့။


Intel ရဲ့ Remote Control


Ref: