Saturday, July 31, 2010

YOG

မနေ့က Youth Olympic Game အစမ်းဖွင့်ပွဲ ကိုုသွားခဲ့တယ်။
လက်မှက်ရအောင် လုုပ်ပေးတဲ့ ကိုုSOL ကိုုလည်း အရမ်းကျေးဇူးတင်ပါတယ်။
သူမှာ SMS ပြလိုုက် email ပြလိုုက်နဲ့ လက်မှက်ရအောင် ကြံဆောင်လာတာ။
နောက်ကျမှာ စီုုးလိုု့ ရုံုးကနေ နာရီဝက်လောက် စောထွကိလာခဲ့တယ်။
“You go lah, never mind lah” လိုု့ပြောတဲ့ ကြောင်အိုုကြီးကိုုတော့ ဒီတခါကျေးဇူးတင်ရမယ်။
Cityhall မှာ တိုု့ဟူးနွေးနဲ့ တိုု့ဟူးကြော် (သူများကြွေးတာ) စားပြီးတော့မှ ပွဲလုုပ်မယ့် Float @ Marina Bay ကိုုထွက်လာခဲ့တယ်။
Marina Bay ရောက်တော့ တော်တော်လေးစောနေသေးလိုု့ ဓါတ်ပုံုနည်းနည်း ရီုုက်လိုုက်သေးတယ်။
တနေကုုန် ရုံုးမှာထိုုင်ပြီး အလုုပ်လုုပ်လာတဲ့ ကြောင်ချေးအိုုး ရုုပ်လေးနဲ့ပေါ့။
ဓါတ်ပုံုမရိုုက်ရဘူးဆိုုတဲ့ ကြားကခိုုးရိုုက်လာခဲ့တယ်။
တကွင်းလုံုးခိုုးရိုုက်နေတာပဲနော့။
မရိုုက်ပဲနေရင် ဘေးကလူတွေ အားနာစရာ။
ရိုုက်ထားတဲ့ ဗီဒီယိုုတွေကိုု Youtube မှာတင်ရင် Delete လုုပ်ပါမယ်လိုု့လဲလိုုက်ပြောနေသေးတယ်။ ဗီဒီယိုုမှ မဟုုတ်တာပဲနော့။


အစိမ်းရင့်ရောင် ထိုုင်ခံတွေမှာထိုုင်ရမယ့် လက်မှက်လေး


Marina Bay က ညခင်းအလှ


Marina Bay က ညခင်းအလှ




Marina Bay က ညခင်းအလှ



Flyer


Marina Bay က ညခင်းအလှ


Counting Down


Performance


Performance


Performance


Performance


YOG ကိုုလာတဲ့ မြန်မာအဖွဲ့

အဖွဲ့တွေ တဖွဲ့ပြီး တဖွဲ့လာနေတာကြာနေပေမယ့် မြန်မာအသင်းလာတာကိုုတော့ စောင့်ပြီးအားပေးခဲ့တယ်။ မြန်မာကြေညာလိုုက်တော့ အော်လိုုက်ရတာမောလိုု။ မြန်မာပဲဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် ဒီအချိန်မှာ ကိုုယ်မှမအော်ရင် အသံတိုုးနေမယ်။
၁၀နာရီထိုုးတော့ မပြီးသေးပေမယ့် ပြန်ခဲ့ကြတယ်။ နောက်ရက် ရုံုးသွားရဦးမယ်မိုု့လား။


Nyan Lin

Open Source Facebook or Diaspora

Diaspora။  διασπορά  လို့ဂရိလိုစာလုံးပေါင်းတဲ့ ဒီစကားလုံးဟာ မျိုးစေ့တြွေဖန်ကြဲတယ်လို့ အဓိပ္ပါယ်ရပါတယ်။
Facebook ဟာဓါတ်ပုံတွေ ၊ ဗီဒီယိုတွေ ၊ Notes တွေ ၊ ကို အလွယ်တကူနဲ့ Share လုပ်လို့ရတဲ့ နေရာတခုပါ။ ဒါပေမယ့် Privacy Advocacy တွေကတော့ Facebook Users တွေဟာ သူတို့ရဲ့ Privacy ကို အပြည့်အဝ ထိမ်းချုပ်လို့မရဘူးလို့ဆိုပါတယ်။ Users တွေကို Privacy Control အပြည့်အဝပေးမယ်ဆိုတဲ့ Diaspora က Facebook ကို မကြိုက်တဲ့သူတွေရဲ့ နယ်မြေသစ်များဖြစ်လာလေမလား။
Facebook တို့ Gmail တို့ လို Cloud Service တွေက အသုံးပြုသူတွေအတွက် Privacy ပြသနာရှိတယ်ဆိုရင် ကိုယ်ပိုင် Web server နဲ့ သုံးမယ်ဆိုရင်ကော။ ကိုယ်ရဲ့ Server ဟာ ကိုယ့်ရဲ့ ထီးနန်း၊ ကိုယ့်ရဲ့ Server မှာ ကိုယ်ဟာဘုရင်၊ ဒီ Server မှာ ကိုယ်ကြိူက်တာလုပ်လို့ရတယ်။ ကိုယ့်ရဲ့ Privacy ကို ကိုယ့်ဘာသာ ပုံစံချလို့ရမယ်။
ကိုလံဘီယာ တက္ကသိုလ်က ဥပဒေပါမောက္ခ နဲ့ Software Freedom Law Center ရဲ့ ဥက္ကဌ Eben Moglen က ကိုယ်ပိုင် Personal Web Server လေးတွေကို အကြံပြုပါတယ်။ ဒီ Server လေးတွေက အိတ်ထဲထည့်သယ်သွားလို့ရအောင် သေးငယ်မှာဖြစ်ပါတယ်။ ဒီစက်ကလေးတွေကို Freedom Box လို့အမည်ပေးထားပါတယ်။ ဒီစက်ကလေးတွေမှာ Social Networking Software တမျိုးမျိုးကို ကြိုတင်ထည့်သွင်းထားမှာပါ။ ဒီစက်ကလေးတွေကို USD 29.99 နဲ့ရောင်းချဖို့ မျှော်လင့်ထားပါတယ်တဲ့။ ဒီစက်နဲ့ပတ်သက်ပြီး Configuration၊ Maintenance၊ ISP Term of Use စတာတွေနဲ့ ပက်သက်ပြီး  မေးခွန်းများစွာရှိမှာတော့သေချာပါတယ်။
ဒီ Freedom Box မှာကြိုတင်ထည့်သွင်းထားမယ့် Social Networking Software အတွက် Open Source Software တခုကို လျာထားပြီး ဒီ Project ကို Diaspora လို့ အမည်ပေးထားပါတယ်။ နယူးယော့ တက္ကသိုလ် က ကျောင်းသားလေးယောက် က ဆောင်ရွက်နေတာပါ။ ဒီ Project အတွက်ရန်ပုံငွေ စုဆောင်းရာမှာ လေးဆလောက်ပိုရရှိခဲ့တယ်လို့ဆိုပါတယ်။ Diaspora ကို Mac. Windows နဲ့ Linux တွေမှာ သုံးလို့ရမယ်လို့ဆိုပါတယ်။ တခြား Open Source Software တွေလိုပဲ Web site ကနေ Download လုပ်နိုင်မှာပါ။ ထောက်ပံသူတွေဆီကိုတော့ CD နဲ့ ဖြန့်ဝေသွားမယ်လို့ဆိုပါတယ်။ http://www.joindiaspora.com/ က ဒီ Project ရဲ့ Blog ပါ။
ဘယ်လိုုပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ တော့ Facebook ကနေစွန်ခွာဖြစ်လိမ့်မယ် မထင်ပါဘူး။ သူငယ်ချင်းတွေရှိတယ်လေ။ သူငယ်ချင်းတွေနဲ့သာဆိုု ငရဲပြည်လည်း သွားမှာပဲ။ လမ်းကနေပဲ လှည့်ပြန်လာမှာ။ :P



Nyan Lin

Friday, July 30, 2010

8 News on Window 8


Window XP၊ Window Vista နောက် Window 7။ အဲဒီနောက် Window 8။ Window 8 ကတော့ လာမယ့် ၂၀၁၁ နှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၁၂ အစောပိုင်းမှာ ထွက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Microsoft က သူရဲ့ ပါတနာတြွေဖစ်တဲ့ HP နဲ့တခြား OEM (Original Equipment Manufacturer) တွေကို Window 8 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖြန့်ဝေခဲ့ပါတယ်။ ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေအရ Window 8 မှာ Window 7 ထက်ဘာတွေပိုကောင်းလာမလဲဆိုတော့…


၁။ Passwords မပါဘဲ Log in လုပ်ခြင်း

ကျွန်တော်က အခန်းကိုဖြတ်ပြီး PC ဆီကိုလမ်းလျှောက်လာမယ်။ PC မှာတပ်ဆင်ထားတဲ့ Sensors တွေက ကျွန်တော်ရဲ့လှူပ်ရှားမူကို အာရုံခံပြီး ကျွန်တော်ဘယ်သူလဲဆိုတာကို ခွဲခြားပြီး PC ကို Sleep Mode ကနေ Standby Mode ကိုပြောင်းထားမှာပါ။ အဲဒီနောက် PC ရှေ့မှာထိုင်လိုက်တာနဲ့ ကျွန်တော်မျက်နှာကို Scan ဖတ်ပြီး Log in လုပ်သွားလိမ်မယ်တဲ့။ ကျွန်တော်တခြားနေရာကို ထသွားရင် တော့ PC က အလိုအလျောက် Lock လုပ်သွားမှာပါတဲ့။ ဒီလိုအချက်မျိုးကိုရဖို့အတွက် ဆိုရင်တော့ PC မှာ မိုက်၊ ကင်မရာ၊ GPS၊ အမြနနှုုန်းတိုင်းကိရိယာနဲ့ အပူချိန်တိုင်းကိရိယာ တွေပါဝင်ဖို့လိုပါလိမ့်မယ်။ ဒါမှသာ အသုံးပြုသူရဲ့ လှူပ်ရှားမူကို အာရုံခံနိုင်မှာပေါ့။ Window 8 နဲ့ဆိုရင် Website တွေကိုလဲ Passwords မပါဘဲ Log in ဝင်နိုင်လိမ့်မယ် လို့ဆိုပါတယ်။ စက်ထဲမှာ Passwords တွေအားလုံးသာ သိမ်းထားဆိုရင်တော့ ကိုကို Hacker တို့အကြိုက်ပေါ့။

၂။ One person, one setting

Window 8 မှာ Window identity user-centric ကိုသုံးမယ်လို့ဆိုပါတယ်။ ဆိုလိုတာက ဘယ်စက်မှာပဲ Log in ဝင်ဝင် မိမိရဲ့ ကိုယ်ပိုင် Theme၊ Personal Setting ကတော့ အတူတူပဲဖြစ်နေမှာပါ။ ကျွန်တော်တို့ Gmail မှာ Theme ထည့်ထားတဲ့နောက် ဘယ်နေရာကပဲသုံးသုံး ဒီ Theme ကမပြောင်းလဲသလိုပါပဲ။

၃။ Better Touch Screen

Microsoft က သူရဲ့ ပါတနာတွေကို iPad ရဲ့ Touch Screen ထက်ပိုကောင်းတဲ့ Touch Screen မျိုးကို ထုတ်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ Window 8 ကလည်း Slate/Tablet PC တွေရဲ့ accelerometer ၊ GPS တွေကို Support လုပ်သွားမယ်လို့ပြောပါတယ်။

၄။ Wireless TV ပေါ်က HD Movies

Window 8 က Movie တွေ Show တွေကို ဘယ် Screen ပေါ်မှာမဆိုကြည့်နိုင်အောင် တခြားနည်းပညာတွေ ထည့်သွင်းသွားမယ်လို့ဆိုပါတယ်။ ဒီနည်းပညာကြောင့် Online ကနေ Stream လုပ်ထားတဲ့ Movies တွေပဲဖြစ်ဖြစ် Hard disk ပေါ်မှာသိမ်းထားတဲ့ Movies ကိုပဲဖြစ်ဖြစ် HD TV ပေါ်ကနေကြည်လို့ရတော့မှာပါ။ Apple TV နဲ့ဆင်တူတယ်လို့ထင်ပါတယ်။

၅။ Windows App Store

Users တွေဟာ Windows App Store ကနေ App တွေ Download လုပ်နိုင်မယ်လို့ဆိုပါတယ်။ ဘယ်လို App မျိုးဆိုတာကိုတော့ မသိရသေးပေမယ့် Apple ရဲ့ http://store.apple.com/us/browse/home/shop_mac/software?mco=OTY2ODQyOQ Software Store နဲ့တူမယ်လို့ထင်ပါတယ်။

၆။ New Restore Setting

တခါတရံမှာ User တွေဟာ Virus ကြောင့်ပဲဖြစ်ဖြစ် တစ်ခြားအကြောင်းအရာတစ်ခုခုကြောင့် သူတို့ရဲ့ PC တွေကို Factory Default Setting အတိုင်းပြန်ရအောင် Restore လုပ်ရလေ့ရှိပါတယ်။ ဒီလိုလုပ်ရတဲ့ အခါမျိုးမှာ နှမြောစရာကောင်းတာက Data တွေပျက်သွားတာပါ။ ကိုယ့်အတွက်တန်ဖိုးထားရမယ့် File တွေဆိုရင်တော့ နာကျင်ခံစားရမှာမလွဲပါပဲ။ ပျင်းစရာကောင်းလောက်အောင် ပြန်ထည့်ရမယ် Software တွေ။ Microsoft က ဒီခံစားချက်တွေရှောင်ကွင်းနိုင်အောင် Restore option အသစ်တခုကို Window 8 မှာမိတ်ဆက်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီ Restore Option က User File နဲ့ Personalization Setting တွေကို ထိမ်းသိမ်းထားပြီး Software တြွေပန်ပြီး Install လုပ်ရာမှာလည်းလွယ်ကူမြန်ဆန်စေမယ်လို့ဆိုပါတယ်။

၇။ ပိုပြီးမြန်ဆန်လာမယ့် Boot Process

Window Vista မှာ စက္ကန့်လေးဆယ် (အမြန်ဆုံး) ကြာတဲ့ Boot Process ကို Window 7 မှာ ၂ရ စက္ကန့်သာကြာအောင် လုပ်ဆောင်ခဲ့ပါတယ်။ Microsoft က Window 8 မှာ ဒီထက်ပိုပြီးမြန်ဆန်လာအောင် လုပ်ဆောင်နေပါတယ်တဲ့။

၈။ 128 Bits OS

32 Bits OS။ နောက် 64 Bits OS။ Microsoft က Window 8 မှာ Quad Core Processors တွေကို အပြည့်အဝ အသုံးချနိုင်အောင် 128 Bits OS လည်း ထုတ်လုပ်မယ်လို့ဆိုပါတယ်။ Microsoft က OS တွေကို ဘယ်လိုပဲမြှင့်တင် မြှင့်တင် Developer တွေက OS နဲ့ ကိုက်တဲ့ Software တွေထုတ်ဦးမှပါ။ ဒီနေအချိန်မှာတောင် 64 Bits OS နဲ့ Compatible မဖြစ်တဲ့ Software တွေအများကြီးရှိပါသေးတယ်။

The Facebook Data Torrent

သင့်ရဲ့့ Facebook Privacy Setting မှာ အားလုံးကဝင်ကြည်လို့ရအောင် Privacy Setting မှာ လူတိုင်းကိုခွင့်ပြုပြီး Public လုပ်ထားပါသလား။ ခွင့်ပြုပေးထားခဲ့ရင်တော့ ှုSkull Security ကစုဆောင်းခဲ့တဲ့ Profiles ပေါင်း ၁၇၁ သန်းထဲမှာပါနေမလား။

Security Consultant တခုဖြစ်တဲ့ Skull Security က Facebook Account ၁၇၁သန်း ရဲ့ Profile တွေကို Collect လုပ်ခဲ့ပါတယ်။ ဒီလို Collect လုပ်ဖို့အတွက် Skull Security က Consultant တဦးဖြစ်တဲ့ Ron Bowes က Script တခုကို အသုံးပြုခဲ့ပါတယ်။ ဒီ Script ကိုအသုံးပြုပြီး နာမည်တွေနဲ့ Profile URL တွေကို Facebook Profile Directory ကနေစုဆောင်းခဲ့တာပါ။ Facebook Directory မှာ Public Search ခွင့်ပြုထားတဲ့ Facebook Profile တွေကို အလွယ်တကု ရှာဖြွေကည့်ရူလို့ရပါတယ်။Ron က Facebook Profile ပေါင်း ၁၇၁ သန်းရဲ့ နာမည်နဲ့ URL တွေကို စုဆောင်းနိုင်ခဲ့တဲ့ပါသတဲ့။ Facebook အသုံးပြုသူပေါင်း သန်း၅၀၀ ရှိလို့ အားလုံးရဲ့ သုံးပုံ တပုံရှိပါတယ်။ စုဆောင်းရရှိတဲ့ အချက်အလက်တွေကိုတော့ File တခုအဖြစ် Torrent ကနေဖြန့်ဝေပေးပါသတဲ့။


BitTorrent က Facebook Directory File

Directory ကလည်း Facebook ကို Log In ဝင်တဲ့သူအားလုံးက ကြည့်လိုရပြီး ဒီအချက်အလက်တွေထဲက အခိျု့ကို Google နဲ့ Bing ကနေတဆင့်ရှာဖွေလို့လဲရပါတယ်။ Private လုပ်ထားတဲ့ Profile တွေကို ထိလို့မရလို့ အန္တရယ်မရှိဘူးလို့တော့ ပြောလို့မရပါဘူး။ ပထမဆုံးအကြိမ်မှာပဲ Profile ပေါင်း ၁၇၁ သန်းကို File တခုတည်းမှာ လူတိုင်းက Access လုပ်လို့ရသွားပါပြီ။ ဒီ Directory ကို သုံးဖို့ Facebook ကို Log In ဝင်စရာမလိုတော့ပါဘူး။ email လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ၊ ဘယ်နေရာမှာနေတယ်ဆိုတာတွေ အားလုံးဟာ ဒီဖိုင်ထဲမှာ ရှိပါတယ်။ Spamer တွေဆို သိပ်ပြီး အကြိုက်တွေမလား မသိ။ spam ပို့စရာ email လိပ်စာပေါငိး ၁၇၁ သန်းကို တနေရာတည်းက ရလို့ပေါ့။ Private လုပ်ထားတဲ့ Profile တွေကနေ Data တွေ Collect လုပ်လို့မရခဲ့ဘူးဆိုပေမယ့် နောက်တခါ ဒီထက်ပိုကောင်းတဲ့ Data Mining Technique တွေသုံးလာရင်တော့ …

ဒီလိုမျိုး ကိုယ်ရဲ့ Profile ကို Public Search မှာရှာလို့မတွေ့စေချင်ဘူးဆိုရင်တော့ Accoutn=> Privacy Setting မှာပြင်လို့ရပါတယ်။





Sharing on Facebook Tab မှာ Friend Only ကိုရွေးပေးလိုက်ပါ။



ပြီးရင် Basic Directory Information က View setting ကို click လုပ်ပြီး အောက်ကပုံအတိုင်း ပြင်ပေးလိုက်ရင် Public Search ရော ကိုယ်ရဲ့သူငယ်ချင်းမဟုတ်တဲ့သူတွေကနေ လွတ်မြောက်နိုင်ပါတယ်။



Nyan Lin

Memory @ Marina Bay



Nyan Lin

Thursday, July 29, 2010

Legally Jailbreaking

iPhone တွေမှာ Apple ကထည့်ပေးလိုက်တဲ့ OS မဟုတ်ဘဲ တခြား OS နဲ့ Code တွေ Run လို့ရအောင် လုပ်တာကို Jailbreak လုပ်တာလို့ခေါ်ပါတယ်။

ဒီနေညဆိုရင် စင်္ကာပူမှာ iPhone 4 Lunch Party တွေလုပ်ကြတော့မယ်။ Singtel က Marina Bay Sand Convection Centre၊ Starhub က Plaza Singapura က သူရဲ့ ဆိုင်မှာ၊ M1 ကတော့ Paragon က ဆိုင်မှာကျင်းပမယ်တဲ့။ ဒီသတင်းနဲ့ အတူနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတခုက United States Copyright Office က Jailbreak လုပ်တာကို တရားဝင်တယ်လို့ကြေညာလိုက်တာပါပဲ။

အရင် iPhone 3GS ၊ OS3 တွေတုန်းကတော့ iPhone ရဲ့ Wallpaper လေးတွေ ပြောင်းဖို့၊ SMS Ringtones တွေထည့်ဖို့ ၊ Flash player မရတဲ့ iPhone ကို Flash player ရဖို ့ ၊ Apple App Store က ပိတ်ထားတဲ့ App တွေ Run ဖို့နဲ့ iPhone ရဲ့ System တွေကို Access လုပ်ဖို့ရာအတွက် Jailbreak လုပ်ခဲ့ကြပါတယ်။ ဒီနေ့ iPhone 4၊ OS 4 မှာ 3GS ထက်စာရင် တော်တော်လေးပြောင်းလဲလာခဲ့ပေမယ့် Jailbreak လုပ်တဲ့သူတွေကတော့ သူတို့မှာ iPhone အတွက် Apple ရဲ့ OS ထက်ပိုကောင်းတဲ့ OS ရှိတယ်လို့ အခိုင်အမာပြောနေကြတုန်းပါ။ Jailbreak လုပ်ခြင်းက အရင်က တရားမဝင်ပါဘူး။ ဒါပေမယ့် ဒီလ ၁၉ရက်နေ့ကစပြီး Jailbreak ကိုတရားဝင်လုပ်လို့ရပြီလို့ဆိုပါတယ်။ Copyright ဥပဒေကို ပြင်ဆင်ချက်ကြောင့် iPhone ပိုင်ရှင်တွေဟာ သူတို့ရဲ့ဖုန်းတွေကိုတရားဝင် Jailbreak လုပ်ခွင့်ရခဲ့တာပါ။ ဒီလို Jailbreak လုပ်ရာမှာ နည်းအမျိုးမျိုးရှိပါတယ်။ တချို့နည်းတွေက Developer ဆီက Software ဝယ်ရပါတယ်။ တချို့နည်းတွေကတော့ FOC ပါ။

Spirit ကိုသုံးပြီး Jailbreak လုပ်တာက အလွယ်ကူဆုံးလို့ဆိုကြပါတယ်။ Software လေး Download လုပ်၊ နောက် iPhone လေးကို ကွန်ပြုတာနဲ့ချိတ်ပြီး Download လုပ်ထားတဲ့ Software လေး Run လိုက်တာနဲ့ ပြီးသွားပြီလေ။ Window အတွက်ဆိုရင်တော့ http://spiritjb.com/win ဒါမှမဟုတ်  မှာ Download လုပ်လို့ရပါတယ်။ Mac အတွက်ကတော့ http://spiritjb.com/mac မှာရနိုင်ပါတယ်။

1. Spirit Software ကို Download လုပ်ရပါ့မယ်။

2. iTune နဲ့ ချိတ်ပြီး iPhone ကို Backup လုပ်ထားလိုက်ပါမယ်။ Jailbreak လုပ်ရင်း မတော်တဆ တစ်စုံတစ်ခု ဖြစ်ခဲ့ပါက ပြန်ပြီး Restore လုပ်နိုင်ေအောင်ပါ။
3. အဲဒီနောက် Download လုပ်ထားတဲ့ Software ကို Run လိုက်ရင်၊ အောက်ကအတိုင်း ပေါ်လာမှာပါ။








4. “Jailbreak” ကို Click လုပ်လိုက်ပြီး Jailbreak လုပ်ခြင်းကို စတင်ပါမယ်။ အချိန်နည်းနည်းကြာတာမ့ို စိတ်ရှည်ရှည်ထားပြီး စောင့်ဖို့လိုပါတယ်။

5. အဲဒီနောက် အောက်က အတိုင်းပေါ်လာပြီး ဆိုရင် Jailbreak လုပ်တာပြီးသွားပါပြီ။






6. iPhone က သူ့ဘာသာ Restart လုပ်ပြီး ပြန်တက်လာတာနဲ့ Cydia icon လေးပေါ်လာမှာပါ။

Window Vista နဲ့ Window 7 PC ကိုအသုံးပြုသူတွေအနေနဲ့ Error c0000005 ပေါ်ကောင်းပေါ်နိုင်ပါတယ်။ ဒီလိုမပေါ်အောင် Download လုပ်ထားတဲ့ Spirit.exe ကို compatibility mode ကိုပြောင်းပေးရပါ့မယ်။ Right-click လုပ်ပြီး အောက်ကပုံအတိုင်းပြင်ပေးလိုက်ရင်ရပါပြီ။





Jailbreak လုပ်ရင် တစ်ခုသတိထားရမှာက iPhone Virus ပါ။ Jailbreak လုပ်ပြီးသွားရင် iPhone Password ကိုမဖြစ်မနေ ုပြောင်းရပါ့မယ်။ မပြောင်းခဲ့ရင်တော့ ဒီ Virus အကူးခံရနိုင်ပါတယ်။ ဒီ iphone Virus သည် Data တွေကိုခိုး ဖုန်းကိုုပျက်စီးစေတဲ့ Virus မျိုးတော့ မဟုတ်ပါဘူး။ iPhone ရဲ့ Wallpaper ကို အဆိုတော် တယောက်ရဲ့ ပုံနဲ့ပြောင်းရုံပါပဲ။ ဒီ Virus ကို Australia က အသက် ၂၁ အရွယ် TAFE ကျောင်းသား Ashley Towns က ဖန်တီးခဲ့တာပါ။

Jailbreak လုုပ်တော့မယ်ဆိုုရင် ပထမဦးဆုံုးစဉ်စား သင့်တာက Stability ဖြစ်မဖြစ်ပါ။ Apple က သူ့ရဲ့ Hardware နဲ့ Software ကိုု ထိန်းသိမ်းကာကွယ်နေရတဲ့အကြောင်းတွေထဲမှာ ဒီအချက်တစ်ခုလည်း ပါ၀င်ပါတယ်။ Hardware နဲ့ Software ကိုု Balance ဖြစ်အောင် ထိန်းညိြှပီး Stable ဖြစ်တဲ့ Platform ကိုုပေးချင်တဲ့ အတွက် သူရဲ့ Hardware နဲ့ Software ကိုု အထိမခံ ၊ အပြင်မခံဖြစ်နေရတာပါ။

နောက်တစ်ခုုက Warranty ။ အမေရိကန်ပြည်ထောင်စုု Copyright ရုံုးက Jailbreak လုုပ်တာ တရားဝင်တယ်လိုု့ပြောတာနဲ့ Apple က Jailbreak လုုပ်ထားတဲ့ ပစ္စည်းတွေကိုု Support လုုပ်ရမယ်လိုု့ မဆိုုလိုုပါဘူး။ Apple က သူ့ရဲ့ ပစ္စည်းတွေကိုု Jailbreak လုုပ်တဲ့သူတွေကိုုလိုုက်ဖမ်းတယ်လိုု့လဲ မကြားဘူးပါဘူး။ တချို့နေရာတွေမှာတော့ “ မင်းတိုု့လက်တွေလေထဲကိုု မြှောက်ထားလိုုက် ” ဆိုပြီး အင်တာနက်မှာ ဘာတြွေကည့်နေတယ် ဆိုုတာစစ်ဆေးတယ်ဆိုုတာမျိုးတော့ ကြားဘူးပါတယ်။ စင်ကာပူက MRT တွေမှာ၊ လမ်းတွေပေါ်မှာ ရဲတွေက iPhone ကိုုင်လာတဲ့သူတွေတိုုင်းကိုု ခေါ်ပြီး Jailbreak လုုပ်ထား ၊ မထားစစ်မယ်တော့ မထင်ပါဘူး။ ဒါပေမယ့် Apple ရဲ့ End User Agreement အရ တစ်နှစ်အတွင်းမှာ ပစ္စည်းတခုုပျက်သွားခဲ့ရင် အခမဲ့ပြင်ပေးပါတယ်။ ဒါပေမယ့် Jailbreak လုုပ်လိုုက်ရင် အဲဒီပစ္စည်းရဲ့ Warranty ပျက်ပါတယ်။ ဒါကြောင့် Apple က အခမဲ့ပြင်ပေးတော့မှာ မဟုုတ်ပါဘူး။

Apple က သူရဲ့ iTune Store မှာတင်တော့မယ်ဆိုုရင် ဒီ App ဟာ စိတ်ချရရဲ့လား။ Virus တွေ Malware တွေ ကင်းရဲ့လားသေသေချာချာစစ်ဆေးပါတယ်။ ဒါပေမယ့် Jailbreak လုုပ်ပြီးတော့ App မှောင်ခိုုစျေးကွက်ထဲက App တွေ။ သေသေချာချာစိတ်ချရလား မသိတဲ့ App တွေဟာ Password တြွေပည့်နေတဲ့ ဒီဖုုန်းထဲမှာ Run ဖိုု့ အခွင့်အရေးရတော့မှာပါ။

iTune Store မှာ စိတ်ချရတဲ့ စစ်ဆေးပြီးသား App ပေါင်း ၂၀၀,၀၀၀ ရှိပါတယ်။ နောက် Smart Phone ကနေ Wi-fi Hot spot အဖြစ်ပြောင်းဖိုု့လိုုပါသလား။ ဒီဟာအတွက် Jailbreak လုုပ်တော့မှာလား။ DMCA က တံဆိပ်ထုုပြီး ခွင့်ပြုလိုုက်တာနဲ့ Jailbreak လုုပ်တာက ကောင်းကိျုးတွေထွက်ပေါ်လာမှာ မဟုုတ်ပါဘူး။ Apple ပစ္စည်းတွေကိုု Closed Tech ဆိုုပြီး မကျေနပ်ဖြစ်နေရင်တော့ Jailbreak လုုပ်တာထက် Android ဖုုန်းတစ်လုံုးကိုုပြောင်းလိုုက်တာက ပိုုပြီး အဆင်ပြေ စိတ်ချရမယ်လိုု့ ပြောပါရစေ။

Nyan Lin

Saturday, July 17, 2010

Blog ဆီကိုု ကျော်ကြမယ်





တချို့ က စာပေထဲမှာလဲ အဆိပ်ပါတယ်တဲ့။ ဘလော့ဂါတွေ မြန်မာစာဖျက်ဆီးတယ်တဲ့။ ဘာပဲပြောပြော ဘလော့ ဆိုုတာ ခံစားချက်တွေ ဗဟုုသုုတတွေ တွေကိုု မ ျှဝေကြဖိုု့ အကောင်းဆုံုးနေရာဆိုုတာ မမှားပါဘူး။ သတင်းတွေကိုု ဆတ်ဆတ်ထိမခံတဲ့ စိစစ်ရေးတြွေကားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန်ဝေခဲ့ကြလိုု ထိထိရောက်ရောက် နှိပ်ကွပ်နေတဲ့ နေရာမှာ ဘလော့တွေကိုု ဖတ်လိုုမရအောင် ပိတ်ထားတာ အားလုံုးအသိပါပဲ။

Web Site တွေကိုု မသွားပဲ Articlesတွကိုု RSS Reader တွေကနေတဆင့် ဖတ်လိုု့ရတာ သိကြပြီးသားပါ။ Outlook မှာပါတဲ့ RSS ၊ Mac Computer တွေက Mail Program မှာပါတဲ့ RSSInternet Explorer၊ Mozila၊ Firefox၊ Opera၊ Chrome၊ Flock၊ Safari စတဲ့ Browser တွေမှာပါတဲ့ RSS စသဖြင့် မြောက်များလှစွာသော RSS Reader တွေအများကြီးရှိပါတယ်။ ဒီနည်းတွေက အိမ်မှာ ရုံုးမှာ ကိုုယ်ပိုုင် ကွန်ပြုတာနဲ့ သုံုးကြသူတွေအတွတ် အဆင်ပြေပေမယ့် အင်တာနက်ဆိုုင်မှာ သုံုးရတဲ့ သူငယ်ချင်းများအတွက်ကတော့ ကိုု်ယ်မှတ်ထားတဲ့ RSS ကိုုလိျှု့ဝှက်ထားရမယ့် အကြောင်းကြောင့် အခက်အခဲရှိနိုုင်ပါတယ်။ မှတ်သားထားတဲ့ RSS တွေကိုု Gmail သုံုးရင်း ဖွင့်ကြည့်လိုု့ရမယ့် နည်းလေးပါ။ 

ပထမဆုံုး အနေနဲ့ Gmail ကိုု Log In ဝင်လိုုက်ပါ။ အဲဒီနောက် Reader Tab ကိုုသွားရပါမယ်။



ဒီဟာတော့ ဘာမှမလုုပ်ရသေးတဲ့ Google Reader အသစ်လေးပါ။



အဲဒီနောက် "Add a subscription” ကိုု click လုုပ်ပြီး မှတ်သားထားချင်တဲ့ Web Site၊ ဘလော့ လိပ်စာကိုု ရိုုတ်ထည့်ရပါမယ်။ ပြီးရင် "Add” 



ပြီးပြီးချင်ပဲ Blog တခုုလုံုးက Post တွေအားလုံုးပေါ်လာမှာပါ။ ဒီနည်းနဲ့ Web Site တွေ၊ Blogတွေကိုု မှတ်သားထားနိုုင်ပါတယ်။



ပြန်ဖျက်ချင်တယ်ဆိုုရင်တော့ ဘေးက Side Bar ပေါ်က အောက်ခြေနားမှာ Manage Subscription ရှိပါတယ်။ အဲဒီမှာပြန်ဖျက်လိုု့ရပါတယ်။




ဒါမှမဟုုတ် Setting ကနေတဆင့် ဝင်ဖျက်လိုု့လဲရပါတယ်။ Setting=>Subscription.



ဒီ RSS Reader တွေကနေတဆင့် Blog Post တွေ၊ သတင်းတွေ၊ Web Site Articles တွေကိုု ဖတ်လိုု့ရပါတယ်။ ဒါပေမယ့် တကယ့် Web Siteရဲ့ တကယ့် Blog ရဲ့ Layout တွေ Themes တွေကိုု ခံစားလိုု့ရမှာ မဟုုတ်ပါဘူး။ နောက် Comments တွေပေးတာ စတဲ့ Feedback တွေလဲပေးလိုု့ရမှာ မဟုုတ်ပါဘူး။

ဒီ Post ကိုုမြန်မာနိုင်ငံက ကျွန်တော့့်ဘလော့ကိုု ကြည့်လိုု့မရဘူးဆိုုတဲ့ သူယ်ချင်းတွေ အတွက်ရည်ရွယ်ပါတယ်။

Nyan Lin

Wednesday, July 14, 2010

ကိုုရီးယား အပစ်အခတ်ရပ်နယ်မြေက စက်ရုုပ်

တောင် နဲ့ မြောက်ကိုုရီးယားကိုု ပိုုင်းခြားထားတဲ့ အပစ်အခတ်ရပ် နယ်မြေ (Demilitarized Zone, DMZ) ဟာ ၂မိုုင်ခွဲလောက်ကျယ်ပြီး မိုုင်၁၆၀ရှည်ပါတယ်။ မကြာခင်က တောင်ကိုရီးယားက ဒီနယ်စပ် တလေ ျှာက် မှာ စက်သေနတ်တွေ တပ်ဆင်ထားတဲ့ စက်ရုုပ်တွေကိုု ချထားခ့ဲပါတယ်။ သိပ္ပံရုုပ်ရှင်တွေထဲကလိုုပေါ့။

Samsung ကလုုပ်တဲ့ SGR-1 လိုု့အမည်ပေးထားတဲ့ စက်ရုုပ်တွေလိုု လိုု့ဆိုုပါတယ်။ ဒီစက်ရုုပ်တွေကိုု ၅.၅မီလီမီတာ စက်သေနတ်နဲ့ ၂မိုုင်လောက်ကအထိ တိုုင်းတာ နိုင်တဲ့ အပူနဲ့ လှုပ်ရှားမှု အာရုံုခံကိရိယာတွေ တပ်ဆင်ထားပါတယ်။ ဒီစက်ရုုပ်တွေဟာ တကယ် ကျည်ဆန်အစစ် သာမကပဲ ရာဘာကျည်ဆန်တုု နဲ့လည်း သတိပေးတဲ့အနေနဲ့ ပစ်ခတ်နိုင်ပါတယ်။ ဒီစက်ရုုပ်တွေကိုု အလိုုအလျောက် ပစ်ခတ်အောင် စီမံထားတာတော့ မဟုုတ်ပါဘူး။ ဒီစက်ရုုပ်ဟာ သူထောက်လှမ်းနေတဲ့ ဧရိယာထဲမှာ တစုံုတယောက် ဝင်လာတာကိုု သိရှိတာနဲ့ ထိမ်းချုပ်ရေးစခန်းကိုု သတင်းပိုု့ပေးမှာပါ။ ထိမ်းချုပ်ရေးစခန်းက စက်ရုုပ်မှာ တပ်ဆင်ထားတဲ့ ဗီဒီယိုု ကင်မရာကိုုသုံုးပြီး ဘယ်လိုုုုအရာလဲဆိုုတာ သိနိုင်ပါတယ်။ ဒါကြောင့် ဝင်တာတဲ့ တိရိစ္ဆာန်တွေကိုု မှားယွင်းပစ်ခတ်မိမှာ မဟုုတ်ပါဘူး။ အဲဒီနောက် စပီကာကိုု သုံုးပြီးမှလည်း လှမ်းပြီးဆက်သွယ် သတိပေးနိုင်ပါတယ်။ လှည့််ပြန်ရင်ပြန် မပြန်ရင်ပစ်မယ်ပေါ့။ အဲ့ဒီနောက် ရာဘာကျည်ဆန် နဲ့ပစ်ပြီး သတိပေးမလား တကယ်ပဲ ပစ်ခတ်တော့ မလားဆိုုတာ ထိမ်းချုပ်ရေး စခန်းရဲ့ အရာရှိက တိုုက်ရိုုက် ထိမ်းချုပ်အမိန့်ပေးမှာပါ။ ဒီစက်ရုုပ်ကြောင့် Commander တွေဟာ စစ်မြေပြင်ကိုု တိုုက်ရိုုက် ထိမ်းချုပ်အမိန့်ပေးနိုင်လာမှာပါ။

နောက်ပြီး ဒီစက်ရုုပ်တွေဟာ ရွေ့လျားလိုု့မရတဲ့ အတွက်ကြောင့် ရုုပ်ရှင်ဇတ်ကားတွေထဲကလိုု လူတွေကိုု အလိုုအလျောက်လိုုက်လံ ပစ်ခတ်နိုင်မှာ မဟုုတ်တာတော့ သေချာပါတယ်။

ဒီစက်ရုုပ်တွေကိုု ထုုတ်လုုပ်ခ့ဲတဲ့ Samsung Techwin ရဲ့ ပြောခွင်.ရပုုဂ္ဂိလ် Hun Kwang-hak က ဒီစက်ရုုပ်တွေကိုု စစ်သားတွေအစား အသုံုးပြုမှာ မဟုုတ်ဘဲ ပူးတွဲတာဝန်ထမ်းဆောင်စေမှာလိုု့ Stars and Strip ကိုုပြောကြားခဲ့ပါတယ်။ ဒီစက်ရုုပ်တွေကိုု ပြီးခဲ့တဲ့ လကစတင်ချထားခဲ့ပြီး အနည်းဆုံုး ဒီနှစ်အကုုန်လောက်ထိ ထားရှိသွားမယ်လိုု့ဆိုုပါတယ်။ ဒီစက်ရုပ် တစ်ရုုပ်ချထား တပ်ဆင်ဖိုု့ တစ်ရက် အချိန်ယူရပြီး စက်ရုုပ်ကုုန်ကျစရိတ်ဟာ အမေရိကန် ဒေါ်လာ ၂ သိန်းစီရှိပါတယ်။ စက်ရုုပ် အရေအတွက် ဘယ်လောက် ချထားသွားမယ် ဆိုုတာကိုုတော့ ပြောခွင့်ရ ပုုဂ္ဂိလ်က ဖြေဖိုု့ငြင်းဆိုုပါတယ်။





The SGR-1 ROBOT (Photo: Stars and Strips)

Nyan Lin



Tuesday, July 13, 2010

ဘယ်လောက်ရမ်းသလဲတိုင်းမယ့် Remote Control

ဒီနေ့ ခေတ်မှာ ဘယ်သူလဲဆိုတာမှတ်မိဖို့ အတွက်သုံးတဲ့ User Identifying System တော်တော်များများရှိပါတယ်။ Password သုံးတဲ့ စနစ်၊ လက်ဗွေသုံးတဲ့စနစ်၊ အသံကိုသုံးတဲ့ စနစ်၊ မျက်စီရဲ့ အနောက်မှာရှိတဲ့ သွေးကြောလေးတွေရဲ့ ပုံစံကိုသုံးတဲ့ စနစ်၊ မျက်နှာပုံစံကိုသုံးတဲ့ စနစ် စသဖြင့် အသုံးပြုတဲ့နေရာပေါ်မူတည်ပြီး အများကြီးရှိပါတယ်။
Intel’s Lab ရဲ့ TV Remote Control ပါ။ Computer တွေမှာ User ကိုလိုက်ပြီး Wallpaper လို Environment လေးတွေပြောင်းတာမျိုး၊ Parental Control သုံးတာမျိုး ကို ဒီ Remote Control သုံးပြီး TV မှာလည်း အသုံးပြုဖို့ပါ။ ဒီ Remote Control ကိုသုံးပြီး ကိုယ်ကြိုက်တဲ့ Channel တွေမှတ်သားထားတာ၊ မိဘတွေက ကလေးတွေကို ဘယ်အချိန်မှသာ TV ကို ကြည့်ခွင့်ပေးပြီး ဘယ် Channel ကိုသာ ကြည့်ခွင့်ပေးမယ် စတာတွေကို Setting လုပ်ထားလို့ရပါတယ်။
ဒီ Remote Control မှာ လက်က ဘယ်လောက်လှုပ်ရှားဆိုတာကို တိုင်းတာဖို့ Acceleratometer တစ်ခုပါတယ်။ အဲဒီ Sensor က 100 nanoseconds တိုင်း Remote Control ကိုင်ထားတဲ့ လက်က ဘယ်လောက်လှုပ်ရှားဆိုတာကိုတိုင်းတာထားပါတယ်။ ဒီတိုင်းတာလိုရလာတဲ့ အချက်အလက်တွေကို အသုံးပြုပြီး အသုံးပြုသူရဲ့ အမူအကျင့်တွေကိုမှတ်သားထားတယ်လို့ ဆိုပါတယ်။ နောက်တခါ Remote Control ကိုပြန်ကိုင်လိုက်တဲ့ အချိန်မှာ အရင်တုန်းက ရှိတဲ့ အချက်အလက်တွေနဲ့ တိုက်ကြည့်ပြီး အသုံးပြုသူဟာ ဘယ်သူလဲဆိုတာကို စစ်ဆေးတာဖြစ်ပါတယ်။ ငြိမ်ငြိမ်လေးကိုင်ထားရင် ဘယ်သူ၊ လျှောက်ရမ်းနေရင် ဘယ်သူပေါ့။ ကျွန်တော်ကတော့ မသုံးချင်ဘူး။ လက်ငြိမ်ငြိမ်မနေတာ ပေါ်မှာစိုးလို့။


Intel ရဲ့ Remote Control


Ref: